Chapter 7

339 37 0
                                    

Zawgyi Version

"မဟုတ်ပါဘူး... ဘာမှမဖြစ်ပါဘူး"

တခဏအတွင်းမှာပဲ မုရုံရှင်းလျန်က ပုံမှန်အခြေအနေကို ပြန်ရောက်ရှိသွားတယ်။

ထူးခြားတဲ့ လက္ခဏာတခုမှမပါဝင်တဲ့ သာမာန်မျက်နှာတခုကို ကြည့်မိလိုက်တော့ မုရုံရှင်းလျန်နှလုံးသားထဲမှာ နောက်ထပ်မလိုလားတဲ့စိတ်ခံစားချက် တစုံတရာကို ခံစားလာရသည်။ သူမရဲ့အရာရာတိုင်းဟာ မုရုံချီချီထက် ပိုကောင်းမွန်သော်လည်း သူမရဲ့ နိမ့်ကျတဲ့ မူလဇစ်မြစ်ဟာ သူမနှလုံးသားထဲမှာ နက်ရှိုင်းစွာ စိုက်ဝင်နေတဲ့ ဆူးတချောင်းလို ဖြစ်နေတော့သည်။ နည်းနည်းလောက် ရွေ့သွားတာနဲ့ နာကျင်မှုဟာ သူမကို အသက်မရှုနိုင်အောင် ဖြစ်စေပြီး တကယ်ကို နေရထိုင်ရခက်လှသည်။

"ဒုတိယအစ်မ ဒါက တတိယအစ်မကိုများ မမက မနာလိုနေတာ ဖြစ်နိုင်မလားပဲနော်? ရှင်က မင်းသားကျင်းကို တော်တော်လေး လေးစားတယ်လို့ ကျွန်မကြားဖူးတယ်"

မုရုံချင်းလျန်က အပြစ်ကင်းစင်တဲ့မျက်နှာနဲ့ စပ်ဖြဲဖြဲလုပ်နေတယ်။

"ဘယ်လောက်သနားစရာကောင်းလိုက်လဲ! ကျင်းဝမ်ရယ်နဲ့ တတိယအစ်မနဲ့က လက်ထပ်ဖို့ စီစဉ်ပေးထားခြင်း ခံရတယ်... ဒါက အရူးမှာလည်း အရူးကံနဲ့လို့ပဲ ပြောရမလား... ဒုတိယအစ်မ ရှင်နဲ့ ကျွန်မမှာတော့ အဲ့လိုကံတရားမရှိဘူး... ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းအချိန်ယူမြှင့်တင်ပြီး လေးနိုင်ငံပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ကြိုးစားရမယ်... ဒါမှသာ ရှင်လည်း စံပြခင်ပွန်းကောင်းတယောက် ရနိုင်လိမ့်မယ်"

မုရုံချင်းလျန် မျက်နှာကတော့ ဖြူစင်ပုံနဲ့ သူမပါးစပ်က ထွက်လာတဲ့ စကားတိုင်းဟာ ဆူးတွေလိုပဲ။ ဒီစကားတွေက မုရုံရှင်းလျန်ကို နှစ်သိမ့်ပေးနေတာလိုလိုနဲ့ တကယ်တမ်းတော့ မီးတောက်အောင် ယပ်ခပ်ပေးနေခြင်းနဲ့ တူနေတယ်။ မီးတောက်အောင် ဆီထည့်ပေးဖို့ပဲ လိုတော့တယ်။

လုံလောက်ပြီ။ မိသားစုကြီးတွေက မိန်းမတွေဟာကိုင်တွယ်ဖို့ မလွယ်ဘူးပဲ!

မုရုံချီချီကတော့ ဘာမှမသိတဲ့ အမူအယာကို တပ်ဆင်ထားပြီး မုရုံချင်းလျန်ပြောသမျှကို နားမလည်ချင်ယောင်ဆောင်နေတယ်။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now