Chapter 30

268 25 4
                                    

Zawgyi Version

ဒါဟာ မုရုံချီချီလှည့်​ကွက်​ပါလို့ မုရုံရှင်းလျန်​က ကိုယ့်​ကိုယ့်​ကိုယ်​ အားစိုက်​ထုတ်​ကာ ​ဖျောင်းဖြ​ပြီး ဒါ မုရုံချီချီက တမင်​သက်​သက်​ သူမနဲ့ ​ဖေး​ချွေ့ကြား သပ်​လျှိုသည်​ဟု သူမ သိသည်​။ သို့​သော်​ ကျန့်​မင်​၏ ​ကြောက်​မက်​ဖွယ်​ရာ ​သေဆုံးမှုနှင့်​ ထိုကိစ္စမှ သယ်​​ဆောင်​လာ​သော အရှက်​ရ​စေမှုတို့အား စဉ်းစားမိ​သောအခါ ​ဖေး​ချွေ့ကို ကြည့်​သည့်​ မုရုံချီချီ အကြည့်​များသည်​ ပိုပြီး ​မှောင်​မည်းလာသည်​။

"ဒုတိယသခင်​မ​လေး... နူးဘီ ဘာမှမလုပ်​ခဲ့ပါဘူး... တကယ်​ပါ"

မုရုံရှင်းလျန်​၏ သတ်​ဖြတ်​ချင်​စိတ်​ကို အာရုံခံမိ​သောအခါ ​ဖေး​ချွေးက လျင်​လျင်​မြန်​မြန်​ ဒူး​ထောက်​ကာ ကန်​​တော့​တော့သည်​။

"ဒုတိယသခင်​မ​လေး... ကျွန်​မ သခင်​​မ​လေးကို နှစ်​​တွေအကြာကြီး ခစားလာတာ အကျိုး​ဆောင်​တာ တခုမှ မရှိခဲ့ရင်​​တောင်​ အလုပ်​​တော့ ကြိုးစားခဲ့ပါတယ်​။ ဒုတိယသခင်​မ​လေး... နူးဘီဘယ်​တုန်းကမှ သခင်​မ​လေးကို သစ္စာမ​ဖောက်​ခဲ့ပါဘူး"

"​ဖေး​ချွေ့ ဘာသ​ဘောလဲ? နင်​​ပြောချင်​တာ ငါတို့သခင်​​မ​လေးက နင့်​ကို မ​ကောင်း​ပြောတယ်​​ပေါ့ ဟုတ်​လား?"

စုမိန်​က ထိုစကားကို ကြား​သောအခါ မ​ပျော်​​တော့​ပေ။

"ငါတို့ သခင်​မ​လေး​ရှေ့မှာ ဒူး​ထောက်​ပြီး အဲ့ဒီနှစ်​က ဖိအား​ပေးပြီး ခိုင်းခံရလို့ ဒီလိုအရာ​တွေကို လုပ်​ခဲ့တာပါလို့ ​ပြောခဲ့တာ ဘယ်​သူလဲ? ညလင်းပုလဲကို ဒုတိယသခင်​မ​လေးက ယူခဲ့ပြီး မင်းကို ဖိအား​ပေးခိုင်း​စေခဲ့တာပါဆို? ​ဖေး​ချွေ့ နင်​​ပြောခဲ့တဲ့ စကား​တွေကို နင်​ ဝန်​မခံနိုင်​ဘူးလား?"

"​တော်​​လောက်​ပြီ စုမိန်​!"

တချိန်​လုံး ငြိမ်​သက်​​နေသည့်​ စုယွဲ့က ကူညီဖို့ ​နောက်​ဆုံးတွင်​ ပါးစပ်​ဟလာသည်​။

"အဲ့ဒီနှစ်​က ဒုတိယသခင်​မ​လေးအတွက်​ သူမသခင်​ကို သူမ သစ္စာ​ဖောက်​ခဲ့တယ်​။ အခု ငါတို့သခင်​မ​လေးအတွက်​ သူမသခင်​ကို သစ္စာ​ဖောက်​နိုင်​တာပဲ​လေ... ဒီလိုလူတ​ယောက်​ကို တရားမျှတမှုအ​ကြောင်း သွား​ပြောဖို့ မလိုအပ်​ဘူး။ သူမက ​ကျောရိုးမရှိတဲ့ သတ္တဝါပဲ​လေ"

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now