Chapter: 6

371 43 2
                                    

Zawgyi Version
နေမင်းက မျက်စိကျိန်းလောက်အောင်ပင် တောက်ပလွန်းလှသည်။ ဝန်ကြီးချုပ်အိမ်တော်ရဲ့ အရှေ့တောင်ထောင့်မှာ ရှိတဲ့ စွေ့ကျူးခြံဝန်းထဲမှာတော့ မုရုံချီချီက ဖရဲသီးအေးအေးလေးကို စားနေရင်း စုယွဲ့ပြောပြတဲ့ လက်ရှိမြို့တော်ထဲမှာ ဘာဖြစ်နေလဲဆိုတာတွေကို နားထောင်နေတယ်။

"သခင်မလေး... သခင်မလေးပြန်လာကတည်းက မြို့တော်ထဲမှာ သခင်မလေးရဲ့ ဂုဏ်သိက္ခာပျက်စီးအောင် သုံးရက်တခါလောက်ကို မကောင်းသတင်းတွေ ဖြန့်နေတဲ့ သူရှိနေပါတယ်"

"တချို့က သခင်မလေးဟာ အရမ်းရုပ်ဆိုးတယ်... အရမ်းဖျားနာပြီး အသက်ဆယ့်ရှစ်နှစ်ထိအောင် အသက်မရှင်နိုင်တော့ဘူးတဲ့"

"တချို့ကကျ သခင်မလေးရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ အရမ်းကို ကြမ်းတမ်းပြီး ကျေးတောသူထက်တောင်မှ ရိုင်းစိုင်းနေသေးတယ်တဲ့"

"နောက်ပြီး ဟိုနှစ်က ဖြစ်ခဲ့တဲ့ ခိုးမှုအကြောင်းကို အစဖော်ပြီး ပြောဆိုနေကြသူတွေလည်း ရှိကြသေးတယ်... သူတို့်ပြောနေပုံက သူတို့ကိုယ်တိုင်ပဲ သက်သေခံနိုင်သလို ညလင်း ပုလဲကို သခင်မလေး ခိုးခဲ့တာဆိုတာ သူတို့မျက်စိတွေ နားတွေနဲ့ မြင်ခဲ့ကြားခဲ့ရသလိုမျိုး ပြောဆိုနေတယ်"

"ဒီငယ်သား စုံစမ်းသိရှိခဲ့ရတာတော့ ကောလဟလတွေကို လွှင့်နေတဲ့သူဟာ မုရုံရှင်းလျန်ရဲ့ အစေခံခေါင်ဆောင်ဖြစ်တဲ့ ဖေးချွေ့ပါ... သခင်မလေး... ကျွန်မ..."

"စုယွဲ့... စိတ်အေးအေးထား"

မုရုံချီချီက စုမိန်ဆီက ရေစိုဝတ်ကို လှမ်းယူလိုက်ပြီး သူမလက်ကို သေချာသုတ်နေတယ်။

"ငါ နင်တို့ကို ပြောတာလည်း ကြာလှပြီ... တိုက်ခိုက်တာနဲ့ သတ်ဖြတ်တာဟာ ပြသနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း မဟုတ်ပါဘူးဆို... ဒီသခင်မလေးက အမှန်အမှား ချင့်ချိန်ဆုံးဖြတ်နိုင်တဲ့ သူပါ... လူကြီးလူကောင်းတွေက စကားနဲ့ ပြောတယ် လက်ကို အသုံးမပြုဘူး..."

ဒီစကားကို ကြားတော့ စုမိန်နဲ့ စုယွဲ့ဟာ မရည်ရွယ်ပဲ မျက်လုံးတွေ ကြုံ့သွားကြတယ်။ သခင်မလေးဟာ တကယ်ပဲ ဗလာသက်သက်စကားတွေကို မျက်နှာလေးတောင် တချက်မပြောင်းပဲ ပြောထွက်တယ်! ကိစ္စတွေကို သခင်မလေး အဆုံးသတ်ရင် အရက်စက်ဆုံးနဲ့ အဆုံးသတ်ပေးခဲ့တာ မဟုတ်ဘူးလား?

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now