Cha-13

8.7K 1.7K 39
                                    

[Unicode]

“ရပါတယ် ကျေးဇူးပါ..”

ယွီချင့်ဟွမ်မှာ နံရိုးကင်တပွဲလောက်နှင့် ဒီလိုကြီးမားတဲ့ ဘောနပ်စ်ဆုကြီးကို အလဲအထပ်လုပ်နိုင်လိမ့်မည်ဆိုတာ ဘယ်သောအခါမှမမျှော်လင့်ထားမိပေ။

သူ၏ဦးနှောက်မှာ အလုံးစုံဟာလာဟင်းလင်း ဖြစ်သွားရပြီး ပိုမိုကောင်းမွန်တဲ့အကြောင်းပြချက်တခုကို စဉ်းစားလို့မရသည်ဖြစ်သောကြောင့် စန်းဖေ့ယုံ၏ ကမ်းလှမ်းချက်ကို ယဉ်ကျေးပျူငှာစွာငြင်းဆိုရန်သာ တက်နိုင်တော့သည်။

တကယ်ကြီး...?

စန်းဖေ့ယုံ ဒီလောကထဲကျင်လည်နေသည်မှာ အနှစ် ၄၀ လောက်ရှိ​လေပြီ။ သူရေးသမျှ ဇာတ်ညွှန်းတွေထဲ ပေါ်ပြူလာမဖြစ်တာဆိုလို့ တခုတလေတောင်မရှိခဲ့ဖူးပေ။

သို့သော်လည်း သူ့ကိုယ်သူ ဒီအသိုင်းအဝိုင်းနဲ့ခပ်ခွာခွာနေမည်ဟု သတ်မှတ်ချက်ချထားသောကြောင့် ကျော်ကြားအောင်မြင်တဲ့ဇာတ်ညွှန်းတွေက သူနဲ့မသက်ဆိုင်နေသလို ဖြစ်နေတော့၏။

တစုံတယောက်အတွက် ဇာတ်ညွန်းရေးပေးမည် ဟူသော သူရဲ့ပထမဆုံးကမ်းလှမ်းချက်မှာ ခုလို အကြင်နာကင်းမဲ့စွာ ငြင်းပယ်ခြင်းခံလိုက်ရမည်မှန်း ဘယ်သောအခါမှ မျှော်လင့်မထားမိခဲ့ချေ။

ဒါက ဘယ်လိုများဖြစ်နိုင်မှာလဲ...?

နာမည်ကြီးဇာတ်ညွှန်းပေါင်းများစွာ ရေးသားခဲ့သော နံပတ် ၁ ဇာတ်ညွှန်းရေးဆရာ စန်းဖေ့ယုံ…

အသက် ၆၀ အရွယ်ရောက်နေတာတောင် သူနဲ့အတူ ကလေးလိုချင်တဲ့မိန်းမတွေ၏ တ​ကောက်ကောက် လိုက်ခြင်းကို ခံနေရသူ...

ခုလိုသူက ဒီလောကရဲ့မျက်နှာသစ်တယောက်ဆီမှာ ငြင်းပယ်ခံခဲ့ရတယ်...! ဒါကြီးက တခုခုတော့ မှားယွင်းနေပြီ!

သူသည် ထူထဲလှသောမုတ်ဆိတ်ကြီးကို ခပ်ကြမ်းကြမ်းပွတ်ဆွဲ​​နေရင်း မျက်လုံးများကိုကစားလို့ တွေးတောလိုက်သည်။

“ဖြစ်နိုင်တာက ဒီကလေးက သူဘယ်သူလဲဆိုတာ မသိလို့များလား?”

ထိုသို့တွေးမိလျှင် သူသည် ရုတ်တရက်သဘောပေါက်သွားရသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now