Cha-14

8.5K 1.7K 28
                                    

[Unicode]

“ချင့်ဟွမ်ကို သွားခေါ်ချေ”

ဆံပင်တွေဖွေး​ဖွေးဖြူနေသည့် လူအိုကြီးတယောက်မှာ သူ့စာကြည့်မျက်မှန်ကို နှာရိုးပေါ်ကနေပင့်တင့်လို့ ကျန်းချီကို စေခိုင်းလိုက်သည်။

ထိုလူအိုကြီးမှာဝမ်ကျန်းရှန်းဟုခေါ်ကာ နိုင်ငံ၏ ပထမတန်းစားအနုပညာသည်တယောက် ဖြစ်သည်။

သူ့အသက်နှင့်အရည်အချင်းမှတ်တမ်းတွေကြောင့် သူဟာအနုပညာလောကတွင် နိုင်ငံ့အဖိုးထိုက်ရတနာ ဟူသော နာမည်ဂုဏ်ပုဒ်တခုကိုလက်ဝယ်ပိုင်ဆိုင်ထားသည်။

လျိုကျားအန့်ဖြင့်သာ ခင်မင်ရင်းနှီးသည့်ဆက်ဆံရေးမျိူးမရှိခဲ့ဘူးဆိုရင် သူ့ကို ဒီရိုက်ကွင်းမှာဘယ်သောအခါမှ ​တွေ့မြင်နိုင်ခွင့်ရှိမည်မဟုတ်ပေ။

ကျန်းချီမှာ ဒီလူအိုကြီး၏တောင်းဆိုချက်ကို မျက်ကွယ်မပြုရဲဘဲ  “ဟုတ် ခဏလေးပါ” ဟူ၍ ရိုးကျိူးစွာ ပြန်လည်ဖြေကြားလိုက်၏။

ယွီချင့်ဟွမ်ထံရောက်လာသော် သူကအကျီအဝတ်အစားများကိုလဲလှယ်ပြီးဖြစ်​နေသည်။ ဝမ်ကျန်းရှန်းမှာ အရေးကြီးတစုံတရာကြောင့် သူ့ကိုခေါ်ခြင်းဖြစ်မည်​ဟုတွေးမိကာ ကုတ်အကျီအဖြူကို ထပ်မဝတ်နိုင်​တော့ပဲ လျင်မြန်ဖျတ်လတ်စွာသွားလိုက်သည်။

ထို့အတွက်ကြောင့် သူ့တွင် ဘောင်းဘီထဲအမြန်အဆန်ထိုးသိပ်ဝတ်ဆင်ထားရသော စိမ်းပြာရောင်အကျီနှင့် လက်ထဲတွင်​တော့ လေဘယ်ညှပ်ရန်ကိုင်​ဆောင်ထားသည့်ကပ်ကြေးတလက်သာရှိလေသည်။

သူ၏ မြင့်မားပြီးကြံ့ခိုင်သောကိုယ်လုံးကိုယ်ထည်မှာ ဒီဗရုတ်သုတ်ခဖြစ်နေသောအသွင်အပြင်ကို ဖြစ်ကတက်ဆန်းဖြစ်မသွားစေဘဲ လွတ်လွတ်လပ်လပ်ရိုးရိုးရှင်းရှင်းဖြစ်သွားစေကာ ဝမ်းကျန်းရှန်၏ မျက်လုံးအိမ်ထဲ အလွန်သဘောခွေ့ကျေနပ်သွားစေ၏။

ဒီလူငယ်လေးကယဲ့ရှန်းဇာတ်ကောင်နေရာအတွက် စံနမူနာထိုက်တန်သည့် ယှဉ်ပြိုင်သူတယောက် ဖြစ်နေသည်။ ကောင်းယွင်ချန်မှာတော့ တော်တော်လေးကို ဆန့်ကျင်ဘက်ပင်။

ဝမ်ကျန်းရှန်းမှာ အေးတိ​အေးစက်သရော်သံတခုပြုလိုက်ရင်း သူ့မျက်လုံးမျက်ခုံးများမှာ ကောင်းယွင်ချန်အပေါ်တွင် အထင်သေးစက်ဆုပ်မှု​တွေအပြည့်ဖြင့်ကြည့်လိုက်ကာ ဒီလူက ယွီချင့်ဟွမ်နှင့် ဘယ်လိုမှ နှိုင်းယှဉ်လို့မရအောင်နိမ့်ကျတယ်လို့ တွေး​တောနေသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now