အခန်း ၅၇ ။ နှစ်သစ်ကူး

1.9K 385 125
                                    

"Burmese Translation of "GUOMEN" By Priest"

အခန်း ၅၇ ။ နှစ်သစ်ကူး

လောင်ချန့်ကလည်း အာမေဋိတ်ပြုပြီး ကူညီရန် အပြေးရောက်လာသည်။ သော်ရွှင်း၏ မျက်ဝန်းများသည် အနည်းငယ် ငိုင်သွားသော်ငြား အဆုံး၌ သူလွှတ်ပေးလိုက်သည်။

ရွှီရှီးလင်မှာ အနေရခက်လွန်း၍ နောက်ပြန်မလှည့်ရဲပေ။ သူက တစ်ဝက်မူး လောင်ချန့်အား အမူးသမား ချိုက်ကျင်းကို ကားဆီ ဆွဲခေါ်သွားရန် လမ်းပြပြီးနောက် သူ့ဆံပင်ကို သပ်လိုက်မိသည်။ ဒီနောက်မှာတော့ တိတ်နေသော သော်ရွှင်းဘက် လှည့်မေးလိုက်သည်။
"ငါမင်းကို ကားလိုက်မောင်းပို့ပေးရမလား၊ အငှါးကားပဲစီးမလား"

သော်ရွှင်းက သူ့လက်မောင်းတွင် ကုတ်ကို သယ်ထားသည်။ သူ စိတ်ချရသော အကွာအဝေးတစ်နေရာထိ နောက်ပြန်ဆုတ်ပြီး တသီးတသန့်ဆိုသည်။
"ဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်"

ရွှီရှီးလင်မှာ တောင့်သွားသည်။ နှစ်ပေါင်းများစွာ ဝေးကွာပြီးနောက်တွင် သော်ရွှင်းသည် 'ငါက ဘယ်အရာနဲ့မဆို အဆင်ပြေတယ်၊ မင်းကို ရွေးချယ်မှု၂ခုကြား ကိုယ့်ကိုယ်ကိုယ် ရုန်းကန်ခွင့်ပေးမယ်' ဆိုသည့် အကွက်ကို သင်ယူခဲ့ပြီးမည်ဟု သူ မထင်ခဲ့ပေ။

ရွှီရှီးလင် သူ့ခြေချောင်းများကိုငုံ့ကြည့်မိသွားသည်။
"နောက်ကျနေပြီ၊ ငါမင်းကိုပြန်ပို့ပေးမယ်"

မစ္စတာသော် "ဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်"ရွှင်းသည် ပျော်ရွှင်စွာ သူ့နောက်လိုက်သွားခဲ့သည်။

သော်ရွှင်း၏ နှလုံးသားသည် သီးသန့်အခန်းထဲမှ ထွက်ထွက်လာချင်းကို ပြင်းထန်စွာ ကဆုန်ပေါက်နေသည်။ မမျှော်လင့်ထားသော ထိုအထိအတွေ့ပြီးနောက်တွင် ရွှီရှီးလင်အား ထိတွေ့ချင်စိတ်က ရုတ်တရက် အသက်ဝင်လာပြီး ပြင်းပြခြင်းများပါ အလျင်အမြန်တိုးလာသည်။

သူ စတီယာရင်ပေါ် တင်ထားသည့် ရွှီရှီးလင်၏ လက်ကိုကြည့်ရင်း သူ့လက်ဖြင့် ကိုင်အုပ်ထားချင်မိသည်။ ရွှီရှီးလင် ထိုင်နေရာမှ ပင်ပန်းပြီး လက်ချောင်းများဖြင့် လည်ပင်းကို နှိပ်နေတာမြင်တော့ လွှဲယူကာ သူ့အတွက် နှိပ်ပေးချင်မိသည်။

Through The Strait Gates//过门 [Completed]Where stories live. Discover now