အခန်း ၁၅ ။ အရွယ်ရောက်ပါတီ

2.4K 473 31
                                    

"Burmese Translation of "GUOMEN" By Priest"

(၁၅) အရွယ်ရောက်ပါတီ

ရွှီရှီးလင် ကျောင်းမုန့်ဆိုင်ကနေ ငါးမုန့်ကြွပ်ထုတ်ဝယ်လာသည်။ သူက  အကာလက်ရန်းပေါ် တွဲလဲချိတ်ကာ သူ့ကိုယ်သူ အားပြုပြီး လက်ရန်းပေါ်ထိုင်ရန် ခုန်လွှဲလိုက်သည်။
"မင်းဘာလို့ ချီလီရှန်းရုံးခန်းဆီ သွားတာလဲ"

သော်ရွှင်း က ခဏတာ တွေဝေနေသော်ငြား အဆုံးတွင်တော့ သူ့ရဲ့ ကျိုးကြောင်းမညီသည့် ဆုံးဖြတ်ချက်ကို ပြောပြလိုက်သည်။

"မင်းဘာလို့ စာမေးပွဲမဖြေချင်တာလဲ"

သူ အခုလေးတင် ဝမ်းနည်းပေါက်ကွဲမှုက အထွတ်အထိတ်ရောက်ပြီးသွားပြီဖြစ်သည်။ သော်ရွှင်းမှာ ရွှီရှီးလင်ပါးစပ်ထဲ ငါးမုန့်ကြွပ်များ ထိုးထည့်ချင်သွားသည်။ သူ ချီလီရှန်း၏ စကားများကို ရွှီရှီးလင်က တစ်ဖန်ထပ်ပြောမှာကို နားထောင်ဖို့ စိတ်မရှည်ပေ။ ဒါပေမဲ့ ချီလီရှန်းက သူ့ကို အလွယ်တကူ ကုတ်ခြစ်မည်မဟုတ်သော်ငြား ရွှီရှီးလင်ကတော့ မတူပေ။ သော်ရွှင်းမှာ ပြန်ပြီးရန်ဖြစ်ရန် အားမရှိသေး၍ အတွေးကို လက်တွေ့အကောင်အထည်မဖော်လိုက်ပေ။

သူ ဘေးက အကာလက်ရန်းပေါ် လွှဲတက်ထိုင်လိုက်သည်။ အရသာမှုန့်လွန်ကဲနေသည့် ငါးမုန့်ကြွပ်ကို တကျွတ်ကျွတ်ဝါးစားသော်ငြား သူ့ပါးစပ်ထဲတော့ ဘာအရသာမှမရှိပေ။ သူက အနည်းငယ်အေးစက်စက်ဖြင့် ဖြေလိုက်သည်။
"မဖြေချင်လို့လေ"

ရွှီရှီးလင်က ဘေးနှစ်ဖက်စလုံးကို လက်ထောက်ထားကာ လက်ရန်းပေါ် ကိုယ့်ကိုယ်ကိုယ်ထိန်းနေရသည်။ သူ ဒီလိုပွဲတက်ဝတ်စုံတွေ ဝတ်ရတာ သက်တောင့်သက်သာမရှိပေ။ သူ့ကိုတစ်ယောက်ယောက်ချုပ်ထားသလိုခံစားရကာ လွတ်လွတ်လပ်လပ် မလှုပ်နိုင်ပေ။ သူ့အတွေးထဲတွင်တော့ မင်းမဖြေချင်ဘူးဆို ဘာလို့စာရင်းသွင်းခဲ့သေးတုန်း..။

ဒါပေမဲ့ သော်ရွှင်း အခုလေးတင် ဆရာမနဲ့သူ့မိဘများ၏ အဆတ်မပြတ်သတိပေး ဟောပြောဆုံးမခြင်းကို ခံလာရမည်ဆိုတာ သူသိသည်။ သော်ရွှင်းက ခေါင်းမာသည့် သူတောင်းစားဖြစ်သည် - တကယ်လို့သူသာ တကယ်စာမေးပွဲမဖြေချင်ရင် သူ့ကိုကြိုးချည်ပြီး စာမေးပွဲခန်းထဲ တောင် ဆွဲခေါ်သွားရင်တောင် သူက အဖြေလွှာကို ဗလာအပ်မည့်သူဖြစ်သည်။ ဒါကြောင့် ရွှီရှီးလင်ကဘာမှမပြောခင် အချိန်ယူစဉ်းစားပြီး နှစ်သိမ့်မှုတစ်ဝက် စိတ်ရင်းနှင့်တစ်ဖက်ပြောလိုက်သည်။
"အဲဒါပုံမှန်ပါပဲ၊ ငါလည်းစာမေးပွဲမဖြေချင်ဘူး"

Through The Strait Gates//过门 [Completed]Where stories live. Discover now