အခန်း ၅၈ ။ ချစ်မိနေသည်

2.5K 403 144
                                    

"Burmese Translation of "GUOMEN" By Priest"

အခန်း ၅၈ ။ ချစ်မိနေသည်

အတိတ်တွင် နှစ်သစ်ကူးချိန်တစ်ဝိုက်သည် ရွှီရှီးလင်အတွက် အလုပ်အင်မတန်များသော အချိန်ဖြစ်သည်။ အစတုန်းက အလုပ်ဖြစ်ကာစ သူ့စီးပွားရေးအကျိုးအတွက် သူအရေထူထူဖြင့် နယ်ခံအာဏာရှင်များဆီ သွားလည်ခဲ့ရသည်။ အခြားသူများသည် သူ့ကိုငယ်ရွယ်လွန်းသေးသည်ဟု အလေးအနက်မထားသော်ငြား သူ့ရည်ရွယ်ချက်များကို ပေးသိစေခဲ့သည်။ နှစ်သစ်ကူးသည် အဆက်အသွယ်ကွန်ရက်များတည်ဆောက်ရန် နည်းလမ်းများရှာဖို့ရာ ဦးနှောက်ခြောက်ရသော အချိန်ဖြစ်၏။

နောက်ပိုင်းတွင် ဇာတိမြို့မှာ အခြေကျလာပြီး စုန့်လျန်ယွမ်သည်လည်း မိသားစုကြီးတစ်ခုဆီ လက်ထပ်ခဲ့သော သားမက်ဖြစ်လာခဲ့သည်။ ညီအစ်ကို၂ယောက် နယ်ခံအာဏာရှင်များထဲမှတစ်ယောက်အဖြစ် သူတို့ကိုယ်သူတို့ အောင်အောင်မြင်မြင် မြှင့်တင်နိုင်ခဲ့၏။ အခု သူတို့ကို မျက်နှာချိုသွေးရန်လာသူများမှာ အခြားသူများဖြစ်လာသည်။ ရွှီရှီးလင်အတွက်တော့ လာသမျှလူတိုင်းသည် ဧည့်သည်ဖြစ်ပြီး ကျယ်ပြန့် ကောင်းမွန်သောဆက်ဆံရေးအဆက်အသွယ်များရှိလေသည်။ နှစ်တိုင်း များပြားလှစွာသော လူမှုရေးပွဲများတွင် ဖိတ်ကြားခြင်းခံရသည်။

သို့ပေမဲ့ ဒီနှစ်တွင်တော့ သူတို့ သူ့ကို မဖိတ်ကြားနိုင်၍ လူတိုင်း အံ့သြသွားသည်။ ရွှီရှီးလင်သည် နောက်ဆုံးလ၏ ၂၉ရက်နေ့တွင် ပျံသန်းလာခဲ့သည်။ နှစ်သစ်ကူးအကြို ညစာစားပွဲတွင် သူက တစ်နှစ်တာအတွက် လက်အောက်ခံကုမ္ပဏီ၏ စွမ်းဆောင်ရည်များကို တင်ပြပြီးနောက် စားပွဲပေါ်တွင် နောက်တစ်နှစ်၏ ဗျူဟာအတွက် တူအချို့ကိုသုံးပြီး ပုံဖော်ပြသည်။ သူ ထိုညတွင်ပင် ပြန်ချင်သော်ငြား သူ့ကိုဆွဲထားသည့်ကိစ္စများ များပြားလှ၍ မပြန်ဖြစ်ခဲ့ပေ။ ထို့ကြောင့် သူ နှစ်သစ်၏ ပထမဆုံးရက် မနက်စောစောတွင် ထွက်ရန် ပြင်ဆင်ထားသည်။ သူ့အကြောင်းရင်းက အတော်လေး အဓိပ္ပါယ်မရှိလှ — ကြက်တူရွေးသည် သူနှင့်အကြာကြီးခွဲနေရရင် အမွှေးများ ကျွတ်လာသည်တဲ့။

Through The Strait Gates//过门 [Completed]Where stories live. Discover now