အခန်း ၅ ။ မိဘများကိုခေါ်ခြင်း

3K 557 37
                                    

"Burmese Translation of "GUOMEN" By Priest"

အခန်း ၅ ။ မိဘများကိုခေါ်ခြင်း

သောကြာနေ့ အတန်းနားချိန်..။  ရွှီရှီးလင်နှင့် သော်ရွှင်းမှာ အတန်းပြီးနောက် ရန်ဖြစ်သောကြောင့် ချီလီရှန်း ရုံးခန်းသို့ ဆင့်ခေါ်ခံရလေသည်။

ရွှီရှီးလင် ဒီလိုရှက်စရာကောင်းတာမျိုး လုပ်ဖူးတာနှစ်တော်တော်ကြာလှပြီ။ သူ အသေအချာ ဆင်ခြင်တွေးတောမိသော်ငြား သူမမှားဘူးဟုခံစားရလေသည်။ သော်ရွှင်းက  သိပ်ပြီးစောက်ရေးမပါတာတွေ လုပ်နေလို့ကိုး။

သော်ရွှင်း ပြောင်းလာသည့် ပထဆုံးနေ့တည်းက သူတို့ မွေးဖွားလာသည့်ပုံစံမှာ အစေးမကပ်ဟုခံစားခဲ့ရသည်။ ချိုက်ကျင်းရယ် လော့ပင်းရယ်နဲ့ဖြစ်ခဲ့တာတွေပါ ပါလာတော့ တဖြည်းဖြည်း စုလာသည့် သူသဘောမကျမှုတွေ မုန်းတီးခြင်းတွေက ပေါက်ကွဲထွက်ကာ စကားစစ်က လက်တွေပါ ပါလာခဲ့သည်။

ချီလီရှန်းမှာ ပေါက်ကွဲနေလေသည်။
"တစ်ခုခုပြောကြဦး! ရွှီရှီးလင်၊ နင်က အဖွဲ့ခွဲအတွင်းရေးမှူးမဟုတ်ဘူးလား ! ဘာလို့ရန်ဖြစ်နေရတာလဲ"

ရွှီရှီးလင် မေးရိုးမှာ ကိုက်ခဲနေသည်။ ထိုးကြိတ်နေတုန်းက မတော်တဆလျှာကိုက်မိကာ သွေးနံ့တို့က ပါးစပ်ထဲပြည့်သွားသည်။ သူ့မျက်လုံးထောင့်ကနေ ပိုပြီးသနားဖို့ကောင်းသည့် ရုပ်ပေါက်နေသော သော်ရွှင်းကို ကြည့်လိုက်သည်။ ဒီ ခွေးကောင် အရင်တုန်းက ရန်ဖြစ်တာကို ထမင်းစားရေသောက်လိုမျိုး ရင်းနှီးသည့်လူဆိုတာ သေချာသည်။ ဒါပေမဲ့ အဖြေထွက်လာတော့ ရွှီရှီးလင်မှာ အလယ်တန်းတုန်းက နှစ်နှစ်တာ နပန်းလေ့ကျင့်ကစားမှုကြောင့် အသာစီးရခဲ့သည်။

အတန်းပိုင်ရှိချိန် နောက်ပြန်ဆုတ်လိုက်တာကာ ဉာဏ်ပြေးရာကျသည်ဟုခံစားရပေမဲ့ များများစားစားလည်း ရှင်းမပြချင်ပေ။ သူက ဘာဖြစ်ခဲ့လဲ အကြမ်းဖျဉ်းသာပြောကာ တောင်းပန်သည့်အနေနှင့် ခေါင်းငုံ့လိုက်သည်။
"ကျွန်တော် စိတ်လိုက်မာန်ပါလုပ်မိသွားပါတယ်၊ ထပ်မလုပ်တော့ပါဘူး"

စိတ်ရင်းမပါသည့်သူ့စကားကြားတော့ သော်ရွှင်းက ချက်ချင်းဆိုသလို နှာမှုတ်သည်။ ကွဲနေသည့် နှုတ်ခမ်းကြောင့် ပါးစပ်ကို အသုံးပြုရခက်နေလေသည်။ ဒါကြောင့် သူ့မျက်နှာပေါ်က ကြွက်သားအကုန်လုံးကို ခက်ခက်ခဲခဲသုံးကာ လှောင်ပြောင်ရန်တော့ လုပ်လိုက်သေးသည်။

Through The Strait Gates//过门 [Completed]Where stories live. Discover now