အခန်း ၈ ။ ကံဆိုးသောဆက်ဆံရေး

2.5K 546 37
                                    

"Burmese Translation of "GUOMEN" By Priest"

အခန်း ၈ ။ ကံဆိုးသောဆက်ဆံရေး

ဝူထောင်က အကြောင်းရင်းတစ်ချက်တည်းကြောင့် တိုက်ပွဲအလံကို မြှောက်ပြီးတော့မှ အခု ရန်ဖြစ်လက်စတန်းလန်းကြီးတွင် ထို 'အကြောင်းရင်း' က ဘေးကနေ သူ့ကိုလှမ်းကြည့်လာ၏။ အခြေအနေက အတော်လေးကို အနေရခက်စေလှသည်။ သူပါးစပ်ဟလိုက်သော်ငြား လျှာလိပ်ထားသလိုမျိုး စကားတစ်လုံးမှထွက်မလာတော့ပေ။

အိမ်သာထဲက အနေအထားက အနည်းငယ်ပြင်းထန်နေသည်။ ချနေတဲ့သူအချို့က အကြည့်ချင်းဖလှယ်ဖြစ်ကြသည်။ ဝူထောင်က သူတို့ကိုစောင့်ဖို့အချက်ပြကာ ရှေ့တိုးလာပြီး ရွှီရှီးလင်ပခုံးကိုလှမ်းဆွဲလိုက်ရင်း ခပ်တိုးတိုးပြောရာပြေကြောင်းလေသံဖြင့် ပြောလာသည်။
"ငါတို့ အပြင်မှာ စကားပြောရအောင်"

ရွှီရှီးလင်က လက်ပိုက်လိုက်သည်။
"မလိုဘူး ဒီမှာပဲပြောကြတာပေါ့"

လီပေါ်ကျီက သူတို့နောက်ကနေ ကြားဖြတ်ဝင်ပြောသည်။
"ဘရို ငါတို့ကမင်းအတွက် လက်စားပြန်ချေပေးနေတာလေ... မင်းကိုယ်တိုင် မသင့်မတော်ဖြစ်နေတာ မဟုတ်ဘူးလား"

"ဒီအတွက် ငါမင်းတို့ အကူအညီလိုလား" ရွှီရှီးလင်က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်၏။
"ပြီးတော့ ငါစကားပြောနေတာက မင်းမို့လို့လား"

လီပေါ်ကျီခမျာ ရွှီရှီးလင်က သူ့ကို ပေါ်တင် လှောင်မယ်မှန်း မထင်မိခဲ့။ သူ့မျက်နှာက ပြောင်းလဲသွားကာ ပစ်မှတ်ပြောင်းပြီး ရွှီရှီးလင်ဆီ ဦးတည်ဖို့လုပ်ပေမဲ့ သူ့ဘေးကလူတွေက ထိန်းထားလိုက်ကြသည်။

သူတို့အခု ချကြရင် သူတို့ကလူအများဖြစ်ကာ ရွှီရှီးလင်က တစ်ဦးတည်းအသင်းဖြစ်သည်။ သော်ရွှင်းကလည်း ကျိန်းသေပေါက် ရွှီရှီးလင် ဘက်မဟုတ်ပေ။ ဘယ်ဘက်ကနိုင်မလဲဆိုတာ သိသာလှသည်။

ဒါပေမဲ့ ဘယ်သူကမှ လှုပ်ရှားဖို့ မရည်ရွယ်ထားပေ။ သူတို့ချနေတုန်းတော့ ကျေနပ်နေလောက်ပေမဲ့ ပြီးတဲ့အခါကျရင်ရော...။

ရွှီရှီးလင် ဘယ်သူကမှ သဘောမကျသည့် သနားစရာကလေးမျိုးမဟုတ်ပေ။ သူ့ထံမှစကားတစ်ခွန်းနဲ့တင် အတန်း၁ ထဲမှ ယောက်ျားလေးထက်ဝက်ကျော်မှာ သူ့ဦးဆောင်မှုနောက်လိုက်ကြလေမည်။ လီပေါ်ကျီကတော့ ဂရုမစိုက်လောက်ပေမဲ့ ဝူထောင်က အတန်း၁တွင် နေ့ရက်များဖြတ်သန်းရဦးမည်။

Through The Strait Gates//过门 [Completed]Where stories live. Discover now