အခန်း ၉ ။ မိဘများကိုနောက်တစ်ကြိမ်ခေါ်ခြင်း

2.5K 556 63
                                    

"Burmese Translation of "GUOMEN" By Priest"

အခန်း ၉ ။ မိဘများကိုနောက်တစ်ကြိမ်ခေါ်ခြင်း

သူတို့ ညစာစားဖို့ ထိုင်ထိုင်ချင်းမှာပင် ကျူးရှောင်ချန့်က ပုံမှန်အတိုင်း သူမဇာတ်လမ်းများကိုစတင်ဆိုလေတော့သည်။

အဖွားရွှီကတော့ ပင့်သက်ရှိုက်ကာ သူမရဲ့ သရုပ်ဆောင်ဗီဇနဲ့ ညည်းညူနေသည်။ အန်တီတုကတော့ မျက်ရည်တစမ်းစမ်းထောက်ပံ့ဖို့အတွက် ကူညီပေးနေလေ၏။ ရွှီရှီးလင်နဲ့ သော်ရွှင်းကတော့ သူတို့ 'ရန်သူ' ကို မသိချင်ယောင်ဆောင်ကာ နှစ်ယောက်စလုံးက သူတို့ထိုင်ခုံတွင် သောကကိုယ်စီနှင့် ထိုင်နေကြသည်။

ရွှီကျင်းမှာ ကျူးရှောင်ချန့်၏ အတောမသတ်နိုင်သော စကားတွေကြောင့် ရူးတော့မတတ်ခံစားနေရသည်။ ကလေးနှစ်ယောက်နဲ့အတူ သူတို့သုံးယောက်သား ဝန်းကျင်မှာ ထိုင်းမှိုင်းနေလေသည်။ မြေအောက်ခန်းထဲမှာပိတ်ထားခံရသည့် သော်သော်ကလည်း ရံဖန်ရံခါ အူသေးသည်။

သော်ရွှင်းမှာ ကျူးရှောင်ချန့် သူ့ကို တခြားမိသားစုဆီ ရက်အနည်းငယ်ပို့ထားချင်တာသိသည်။ ဒါမှ သူတို့နှစ်ယောက် ထင်တိုင်းကျဲလွတ်လွတ်လပ်လပ် ရန်ဖြစ်လို့ရလိမ့်မည်။ သူ အမှန်တိုင်းပြောရင် အိမ်အငွေ့အသက်က ဘယ်လောက်ပဲ စိတ်တိုစရာကောင်းကောင်း သူလွမ်းဆွတ်တမ်းတနေမည့် အရာတစ်ခုမှမရှိပေ။ သူ တခြားလူတွေနဲ့နေလာရတာကို နေသားကြသွားလေပြီ။

သူ့တွင် ပိုင်ဆိုင်မှုများများစားစားမရှိ ပြီးတော့ သူ့ကုန်ကျစရိတ်တွေပေးထားသည့် သော်ကျွင်းလင်နှင့်ကျူးရှောင်ချန့်စီစဉ်ပေးသည့်အတိုင်းသာ လိုက်နိုင်သည်။ ငယ်ငယ်က သူ့မိဘများအပေါ်ထားခဲ့သည့် မျှော်လင့်ချက်များက ထပ်တလဲလဲစိတ်ပျက်စရာများကြောင့် ပျောက်ဆုံးသွားတာ ကြာလှပြီ။ သော်ရွှသ်းမှာ နံပါတ်၆ကျောင်းတွက် ခဏတာတစ်ထောက်သာ နေမည်ဖြစ်ကာ တတ်နိုင်သမျှစောစော တက္ကသိုလ်တက်ရအောင် လုပ်မည်။ အဲ စုံတွဲကိုတော့ သူတို့လုပ်ချင်တာလုပ်ခွင့်ပေးထားလိုက်မည်။ ကျူးရှောင်ချန့်က သူ့ကို ရွှီရှီးလင်အိမ်ခေါ်သွားမယ်လို့ ဘယ်သူထင်ခဲ့မိမှာလဲ!

Through The Strait Gates//过门 [Completed]Where stories live. Discover now