CHAPTER 12.2

11.1K 1.5K 54
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

“သူ လိမ်နေတာ ဟုတ်မဟုတ် သူ့ရဲ့ အရည်အချင်းကို ပြလိုက်ရင် ကျွန်တော်တို့ သိမှာပဲမဟုတ်လား”
 

လင်းစန်းနော့ဟာ ဘယ်အချိန်က ထွက်ချလာမှန်း ဘယ်သူမှ သတိမထားလိုက်မိဘူး။  သူ့လက်ထဲမှာ စာရွက်ရယ် စုတ်တံရယ် ဆေးရောင်စုံဘူးပါ အစုံအလင်ကို ရှိနေ၏။

သူက  လျှောက်လှမ်းလာပြီး စာရွက်ကို ဖြန့်ပေးရင်း ရှီးနဉ်  လက်ထဲကို စုတ်တံလှမ်းပေးလိုက်ကာ

“သူတို့ကို သက်သေပြပေးလိုက်”

 
သူမကို မယုံကြည်ကြတဲ့ လူအုပ်လိုက်ကြီးရဲ့မျက်လုံးထဲကနေ  လင်းစန်းနော့ရဲ့အမူအရာကြောင့် သူမရဲ့စိတ်ကို အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။

“နင်က ငါ့ကို ယုံတာလား?”
 

လင်းစန်းနော့က ခေါင်းညိတ်ပြလေသည်။
 

ရှီးနဦ ပြုံးမိသွား၏။

“ကောင်းပြီလေ”
 

သူမ စုတ်တံကိုကောက်ကိုင်လိုက်ကာ စပြီးဆွဲလေသည်။ နာရီဝက်အချိန်ကြာသော် ရှီးနဉ် လက်ဆောင်ပေးထားတဲ့ပုံအတိုင်း အလားတူ မြင်းတစ်ကောင်ရဲ့ပုံတူတစ်ပုံ ထွက်ပေါ်လာသည်။
 

ဒီတစ်ကြိမ်မှာတော့ ထိုမြင်းက ခုန်ပေါက်ပြေးလွှားနေတဲ့ပုံမဟုတ်ဘဲ   မြက်ခင်းပြင်ပေါ်မှာ လဲလျောင်းငိုက်မျဉ်းနေတဲ့ပုံပင်။
 

ဘယ်လိုပဲဖြစ်ဖြစ် အခုဆွဲလိုက်တဲ့ပန်းချီကလည်း အရင်ကပုံနဲ့ တူနေဆဲဖြစ်သည်။ ပန်းချီဆွဲနည်းဆွဲဟန်က  ထူးခြားနေကာ စုတ်ချက်တိုင်းက ရိုးရှင်းပြီး အမြင်ကို ဖမ်းစားစေတယ်။
 

“ငါတော့ အံ့အားသင့်နေမိပြီ နဉ်နဉ် ဘယ်အချိန်ကတည်းက ပါရမီထူးချွန်တဲ့သူတစ်ယောက် ဖြစ်သွားရတာလဲ?”ကျင့်စစ်းဟန့် ရှော့ရနေတုန်းပင်။
 

 ရှီးနဉ်ဟာ  နောက်ဆုံး စုတ်ချက်ကို ဆွဲကာ ချောင်ရှုဆီကို မျက်ခုံးပင့်ပြလိုက်သည်။

“သမီးက ပန်းချီပညာကို မလေ့လာခဲ့တော့ရော ဘာဖြစ်လဲ? သမီးက ကိုယ်တိုင်ဆွဲနိုင်မှာမဟုတ်ဘူး?   ဒါဆို  ဘာလို့ဒီလောက်တောင် ကျွမ်းကျင်နေတာပါလိမ့်? ဖြစ်နိုင်တာတခုကတော့ သမီးမှာ ပါရမီပါနေလို့ပဲဖြစ်ရမယ် အဟိ”

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now