CHAPTER 68

3.4K 553 15
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ကျွမ်းဇီရွှယ်ဟာ သူဒါကိုဖုံးကွယ်ထားလိမ့်မယ်လို့ တွေးထားခဲ့ပေမဲ့ လင်းစန်းနော့ရဲ့အဖြကအရမ်းကို မာကျောပြတ်သားလေသည်။


ဟုတ်တယ် ငါ သူ့ကိုကြိုက်တယ် အဲ့တော့ ဘာဖြစ်လဲ တဲ့

ဘာဖြစ်သလဲ?

ဘယ်လိုကြီးလဲ?


အနှီစကားဟာ သူ့စိတ်ထဲမှာ ထပ်ခါထပ်ခါ ပြန်ပေါ်လာပြီး သူ့အနေနဲ့ သေမတတ်ကိုဒေါသထွက်လာမိတယ်။

“မင်း အဲ့တာကို ဒီတိုင်းဝန်ခံလိုက်တာလား ငါဆရာတွေကိုသွားပြောမှာ မင်းမကြောက်ဘူးလား”

“မင်းသဘောပဲ”

လင်းစန်းနော့က သူနဲ့စကားဆက်မပြောချင်တော့တာမလို့ သူ့လမ်းသူ ဆက်သွားလိုက်သည်။ ကျွမ်းဇီရွှယ်လည်း သူ့အနောက်ကနေ ဆက်လိုက်နေပြန်သည်။

“အိုင်းး မင်းဘယ်လိုလုပ် ဒီလိုဖြစ်နေရတာလဲ မင်းကိုယ်မင်းအကျင့်ဖျက်နေတာပဲ”

တကယ့်တကယ်တော့ သူ့အနေနဲ့ ဆရာ့ဆီကိုသွားမပြောချင်ပေမဲ့ လင်းစန်းနော့ကို နောင်တ‌ရစေချင်ရုံသာ။ရှီးနဥ်ပြောင်းလာကတည်းက သူ့အတွေးရောစိတ်အကုန်လုံးဟာ သူမတစ်ယောက်တည်းဆီမှာသာ ရှိနေလေသည်။


“ငါတို့အခုလို စာလေ့လာရတဲ့အချိန်တွေကဘယ်လောက်တောင်မှတန်ဖိုးရှိလိုက်သလဲ ပြိုင်ပွဲတွေဝင်ပြိုင်ရတဲ့ အကောင်းမြတ်‌ဆုံးဟာက နိုင်ငံတကာပြိုင်ပွဲတွေမှာ ထိပ်တန်းတစ်ယောက်အဖြစ်နဲ့တင်မက နိုင်ငံ့လက်ရွေးစင်လေ့ကျင့်ရေးအတွက် ချင်းပေကို တိုက်ရိုက်သွားနိုင်ဖို့ပဲမဟုတ်လား ငါတို့ကျောင်းကလည်း အဲ့ပြိုင်ပွဲတွေမှာ ပါဝင်လာခဲ့တာ နှစ်တွေချီနေပြီ အမျိုးသားဆင့်ပြိုင်ပွဲတွေကိုဝင်ရောက်သွားနိုင်ခဲ့တဲ့လူတွေလည်းရှိတယ်  အဲ့လိုလူတွေတောင်မှ ကမ္ဘာ့ဖလားချန်ပီယံရှစ်ပြိုင်ပွဲမှာ နိုင်ငံ့ကိုယ်စားပြုအနေနဲ့ နိုင်ငံ့လက်ရွေးစင်လေ့ကျင့်ရေးအဖွဲ့ထဲကိုပါဝင်နိုင်တဲ့သူ ဘယ်တုန်းကမှမရှိခဲ့ဖူးဘူး အခု ဆရာတွေအားလုံးဟာ သူတို့ရဲ့မျှော်လင့်ချက်တွေကို မင်းအပေါ်အကုန်‌ပုံအောထားတာ ဒီလောက်အရေးကြီးတဲ့အချိန်မျိုးမှာ မင်းကဘယ်လိုလုပ် အာရုံမစိုက်နိုင်ဘဲထွေပြားနေရတာလဲ”

ကျွမ်းဇီရွှယ်က သူ့အနောက်ကနေလိုက်ပြီးဆက်လက်စည်းရုံးနေလေသည်။

လင်းစန်းနော့တွေးမိတာကတော့ သူကတကယ်ပဲဆူညံလွန်းတယ်။ အဲ့တာမို့ သူ့ခေါင်းကို လှည့်ကာ သူ့အားစူးစိုက်ကြည့်လိုက်သည်။

“မင်းဘာလို့ စကားတွေတအားများနေရတာလဲ မင်းသာ အဲ့စမ်းသပ်မှုအောင်မြင်နိုင်တဲ့အခါမှ ငါ့ကိုလာပြီးသင်ပြ”

ဒီစကားက ကျွမ်းဇီရွှယ်ကို အောင်အောင်မြင်မြင်ပဲပါးစပ်‌ပေါက်ပိတ်သွားစေနိုင်ခဲ့တယ်။

ဒါကြောင့် သူ့စိတ်ထဲတွေးနေတာကတော့ ‘စောင့်နေလိုက်၊သိပ်မကြာခင်မှာငါမင်းထက်သာစေရမယ်’ ပဲဖြစ်သည်။


ရှီးနဥ်အခန်းကိုရောက်ရောက်ချင်းပဲ လင်းစန်းနော့ဟာ ခုံပေါ်မှောက်နေတာကိုတွေ့လိုက်ရသည်။ သူမ အတန်းကိုစောစောလာတက်တာဖြစ်ပြီးအခန်းထဲက လူတစ်ဝက်ကျော်ကျော်လောက်က ရောက်မလာသေးပေ။

သူကျတော့ မနက်ခင်းကြီးအတန်းလာတာ အိပ်ဖို့အတွက်နဲ့လား??

ပြီးတော့ အဲ့တာကတကယ်ကြီးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဟန်ပင်။

ရှီးနဥ်သူမရဲ့ကျောင်းလွယ်အိတ်ကို ချလိုက်ပြီး သူ့နေရာမှာဝင်ထိုင်လိုက်သည်။ လင်းစန်းနော့က လက်မောင်းကိုခေါင်းခုပြီးသူမဘက်ကိုမှီပြီးအိပ်နေသည်။(T/N:ရှီးနဥ်ဘက်ကိုခေါင်းစောင်းပြီးအိပ်နေတာပါ)

ရှီးနဥ်အနေနဲ့  သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကို နီးနီးကပ်ကပ်မြင်ရတာ ဒါပထမဆုံးအကြိမ်ပဲဖြစ်တယ်။

သူဟာ သိသိသာသာကို ယောကျာ်းလေးတ်ယောက်ပင်ဖြစ်သော်ငြားလည်းပဲ မိန်းကလေးတွေထက်တောင်မှ သူ့အသားအရေက ပိုကောင်းမွန်နေတယ်။

မျက်တောင်လေးတွေက ခပ်ထူထူစိပ်စိပ်လေးတွေဖြစ်ပြီး မျက်လုံးနဲ့ နီးနီးကပ်ကပ်မြင်နေရတဲ့အခါမှ ပိုပြီးသိသာစေတယ်။ မျက်တောင်တစ်ခုလုံးက အနုစိတ်လွန်းတယ်။

နှာတံအနေအထားကတော့ သူမမြင်ဖူးသမျှထဲမှာ  အကောင်းဆုံးပဲ။ နှာဖျားထိပ်က ထိုးထွက်နေတာမျိုးမဟုတ်ဘဲ သုံးဖက်မြင်ရုပ်လုံးကြွနေသကဲ့သို့ အနေအထားမှန်မှန်ပင်။

ဘုရားသခင်က သူ့ကို ဖန်ဆင်းခဲ့တုန်းက သူ့စိတ်စွမ်းအားထောင်သောင်းမက အသုံးပြုခဲ့ရတာပဲဖြစ်မှာ အဲ့လိုမှမဟုတ်ရင် သူ့ရဲ့အစိတ်အပိုင်းတိုင်းက ဒီလောက်ပြီးပြည့်စုံနေနိုင်ရမှာလဲ။

လူတိုင်းဟာ လင်းစန်းနော့ရဲ့အမိုက်ဆုံးအရာက တောင်တန်း‌ပေါ် မှာမြူလွှာများသဖွယ်ရီဝေဝေဖုံးကွယ်ထားတဲ့ သူ့ရဲ့ မက်မွန်သီးသဏ္ဌာန်ခပ်ဖျော့ဖျော့မျက်ဝန်းတွေပဲလို့ပြောကြတယ်။

ဒါပေမဲ့ သူမ သူ့ရဲ့အကြိုက်ဆုံးကတော့ သူ့နှာတံပဲဖြစ်တယ်။

အထူးသဖြင့် နှာဖျားထိပ်ခုံးလေးပေါ့။

သူအိပ်နေတုန်း ရှီးနဥ်ရဲ့ အသည်းတွေက ယားယံလာပြီး သူ့လက်ကို ထိန်းချုပ်မထားနိုင်တော့ဘဲ သူ့လက်ချောင်းလေးတွေနဲ့ သူ့နှာဖျားထိပ်လေးကိုသွားထိမိလိုက်သည်။

လူကတော့ မနိုးလာသေးဘူး။

မနေ့ညက ကောင်းကောင်းမအိပ်ပျော်ခဲ့လို့ထင်တယ် အဲ့လိုမှမဟုတ်ရင် စားပွဲခုံပေါ်ကိုမှောက်ပြီး တအားကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေနိုင်ပါ့မလဲ။


အိပ်ပျော်နေတဲ့ နော့နော့ ကလည်း  တအားကို ဣန္ဒြေရရလေးဖြစ်နေပေမဲ့ ခေါင်းလေးကတော့ နည်းနည်းရှုပ်ပွနေတယ်။

သူဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ငါမသိဘူး။ စေ့စေ့စပ်စပ်ရှိနေကျလူဟာ ဒီကနေ့ သူ့ခေါင်းကို မဖြီးဘဲ အပြင်ထွက်လာခဲ့တယ်။

ရှီးနဥ်ဟာ သူမရဲ့မိခင်စိတ်ကို နှလုံးမူသွင်းလျက် သူ့ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ကူသပ်ပေးလိုက်သည်။ပြီးခါနီးတစ်ဝက်လောက်တွင် လက်တစ်ဖက်ဟာ သူမရဲ့လက်ကိုဆတ်ခနဲ ဆွဲကိုင်လာတယ်။

ရှီးနဥ် သူ့မျက်လုံးအောက်စိုက်ကြည့်လိုက်တော့ အဲ့အချိန်တွင် လင်းစန်းနော့ဟာ လုံးဝ နိုးနေပြီဖြစ်ပြီးသူ့မျက်လုံးတွေလည်းပွင့်နေလေသည်။

“မင်းဘာလုပ်နေတာလဲ”

သူ နိုးခါစဖြစ်တာမို့ သူ့လေသံက  ခပ်လေးလေးရှတတဖြစ်နေကာ အသံခပ်ဩဩလေးနဲ့ပင်။

ရှီးနဥ်:“နင့်ဆံပင်တွေရှုပ်ပွနေလို့လေ ငါ နင့်ကိုကူပြီးရှင်းပေးနေတာ”

လင်းစန်းနော့က သူ့မျက်လုံးကို ပွတ်သပ်လိုက်ပြီး ရှင်းရှင်းလင်းလင်း ပြန်သတိကပ်လာပြီးနောက် သူ့စားပွဲခုံမှ မှတ်စုစာအုပ်တစ်အုပ်ကို သူမ ဆီ ထုတ်ပေးလိုက်သည်။

“ဒီဟာ မင်းအတွက်”

“ဒါက ဘာကြီးလဲ”

ရှီးနဥ် မှတ်စုစာအုပ်ကို ယူလိုက်ပြီးလှန်လှောလိုက်တယ်။ physics,chemistry နဲ့ပတ်သက်ပြီးအားလံုးပါဝင်သလို နမူနာမေးခွန်းတွေပါလေသည်။ ဒါက မှတ်စုစာအုပ် အထူတစ်ဝက်နီးပါးပဲ

“စာမေးပွဲက နီးလာပြီ မင်း ဒါကို အရေးပေါ်အရင်ကြည့်လိုက်လို့ရတယ်” လင်းစန်းနော့ကပြောလိုက်တယ်။

ရှီးနဥ်အနေနဲ့ သူမကလည်း စာတော်ကျောင်းသူတစ်ဦးဖြစ်တာမို့ သူမတစ်ချက်ကြည့်ရုံနဲ့ အဲ့မှတ်စုတွေက ဘယ်လောက်တောင်မှ အဖိုးတန်လိုက်သလဲဆိုတာ တန်းသိတယ်။ လင်းစန်းနော့ရဲ့မှတ်စုက သူ့အတွက်လုံးဝမဟုတ်တာသိသာတယ် ဒါဆို...ဒါက သူမအတွက်သီးသန့်စပါရှယ်စီစဉ်ထားတာပဲဖြစ်သည်။

“နင်ဒီဟာကိုရေးနေခဲ့တာ ဘယ်လောက်ကြာပြီလဲ” သူမ မေးလိုက်တယ်။

“အရင်က  အတန်းထဲမှာ ရေးထားခဲ့တာတွေမလို့ အဲ့တာနဲ့ပတ်သက်ပြီး  သိပ်အများကြီးတွေးမနေနဲ့” သူကပြောလာသည်။

ဒီလူညာကတော့...

သူမကိုငတုံးများထင်နေသလား ဒီမှတ်စုတွေကို အတန်းထဲမှာလိုက်ရေးခဲ့တယ်ဆိုရင် ဒါဟာ နှစ်လလောက်ရှိနေရမှာပဲဖြစ်တယ် ဒီစာအုပ်ကအသစ်ကျပ်ချွတ်ဖြစ်နေပြီးတော့ သိပ်မကြာသေးခင်မှအသုံးပြုထားခဲ့တဲ့ပုံပင်။ ဘောပင်မှင်ရောင်ချင်းကလည်း ဆင်နေတယ်။ ဆိုလိုတာက စာမျက်နှာဆယ်ရွက်စီတိုင်းကရေးသားခဲ့တဲ့စာလုံးတွေက တူညီတဲ့ဘောပင်တစ်ခုစီမှဖြစ်တယ်။

ဒါကသူမအတွက် အထူးသီးသန့်ဖြစ်တာ သိသာနေတာကို ဘာဖြစ်လို့ဝန်မခံချင်ရတာလဲ။

ရှီးနဥ် လင်းစန်းနော့ဘက်ကို လှည့်ကြည့်လိုက်ပြီးနောက်ဆုံးတော့ သူညဉ့်နက်တဲ့အထိအပြင်အထန်နေခဲ့တာသိသာနေပြီး ဘာဖြစ်လို့ ပင်ပန်းနေပုံပေါက်နေရတာလဲဆိုတာကို နားလည်သွားတယ်။

သူမရဲ့လက်ထဲက မှတ်စုစာအုပ်ဟာ ရွှေထက်ကိုအဖိုးတန်တယ်လို့ ရုတ်တရက် ခံစားမိလိုက်တယ်။

“ငါ ဒါကို သေချာပေါက် ကောင်းကောင်းကြီးကို  ပြန်လေ့လာပါ့မယ်”

သူမ သူ့ကိုပြောလိုက်တယ်။

နင်စိတ်ပျက်သွားတာမဖြစ်စေရဘူး။


ဒါကတော့ တစ်ယောက်သောသူရဲ့စိတ်ထဲကနေ ထိန်ချန်ရစ်ခဲ့တဲ့စကားလေးတစ်ခွန်းပင်ဖြစ်ပြီးကြောက်ဖို့ကောင်းလွန်းလှသည်။

ရှီးနဥ် နေ့တိုင်းပဲ  နေ့ရောညပါ အသားကုန်လေ့လာခဲ့ပြီး သူသက်ပြင်းချမိတယ် ဘာဖြစ်လို့တစ်ရက်မှာ နှစ်ဆယ့်လေးနာရီတည်းရှိနေရတာလဲ သူမအတွက် အချိန်ကအမြဲတမ်းကိုမလောက်ဘူးဖြစ်နေတယ်။

ဒီလိုပြင်းထန်တဲ့ စာလေ့လာမှုမျိုးကို ကျော်လွှားနိုင်တာဖြစ်တာကသူမမှာ အားကောင်းတဲ့စွမ်းအင် နဲ့ အကြံ့ခိုင်နိုင်‌ဆုံးခန္ဓာကိုယ်ရှိနေခဲ့တဲ့အတွက်  တကယ်ကြီးကျေးဇူးတင်သင့်တာဖြစ်သည်။သူမ တစ်ရက်ကို လေးငါးနာရီသာအိပ်တယ်။ စားချိန်ကလွဲလို့ တစ်နေ့လျှင်စာလေ့လာတဲ့ပမာဏဟာ ၁၈နာရီထိရောက်သွားလေသည်။

သူမဟာ စာမေးပွဲကြီးမဖြေရသေးခင် တစ်လခွဲလောက်အလိုမှာ  သိပ္ပံအတန်းကိုပြောင်းလာခဲ့တာဖြစ်သည်။အမှန်တိုင်းပြောရရင် သူမသာ ဒီစာမေးပွဲမှာကျရင်တောင် ဘယ်သူမှ သူမကိုပြောလိမ့်မှာမဟုတ်ဘူး။

ဒါပေမဲ့ ဒီရက်ပိုင်းအတန်းထဲက ကောလဟာလတွေကို စဉ်းစားမိပြီး ကျွမ်းဇီရွှယ်လို လူမျိုးတွေရဲ့ အထင်သေးကြည့် ကြည့်နေကြ တဲ့အကြည့်တွေကို တွေးနေမိတယ်။

သူမကိုယ်သူမ မြန်မြန်သက်သေပြချင်နေပြီ။

အံ့ဩဖွယ်ရာတွေကသာ ရှော့ရစရာအကောင်းဆုံးတွေပဲဖြစ်တယ်မဟုတ်လား။



မသိမသာပြောင်းလဲလာတဲ့တိုးတက်မှုနှုန်းကဘာလဲ သူမက အလွန်အားပြင်းတဲ့ ဗုံးတစ်လုံးလိုပေါက်ကွဲတာပဲကြိုက်တာ။

အဲ့ဒီအပြင်...

သူမမှာ စန်းနော့ကိုယ်တိုင်သူမအတွက်ရေးပေးခဲ့တဲ့ မှတ်စုစာအုပ်အထူကြီးရှိနေပြီပဲ။

ဒါက အကြီးမားဆုံးတွန်းအားပေးမှုတစ်ခုလိုမျိုးပင်။


တစ်စုံတစ်ယောက်က သူမအနေနဲ့အားသွန်ခွန်စိုက်ကြိုးစားစရာမလိုအောင်ကို သူမကို ကူညီပေးနိုင်တဲ့ အရည်အချင်းတွေရှိနေတယ်လေ။

စာမေးပွဲဖြေပြီးတဲ့ရက်မှာ ရှီးနဥ်ဟာ စာမေးပွဲ အခြေအနေဘယ်လိုရှိလဲဆိုတာကို ဂရုစိုက်မနေဘူး။ အဖြေမှန်ကိုတောင်တိုက်မကြည့်ဘဲ အိမ်သာတန်းပြန်ခဲ့တယ်။

အိမ်မှာ တနေကုန်အိပ်တော့မှာမလို့ပဲ။


လပတ်စာမေးပွဲရလဒ်တွေကို စစ်စတန်ကနေ ပေးမပို့တော့ဘဲ အတန်းပိုင်ဆရာဝင်လာပြီး သူတို့ကို လာပြောလေသည်။

အားလုံးက စာမေးပွဲရလဒ်ကိုစောင့်ဆိုင်းနေကြတယ်။

ဒီအချိန်မှာ သူတို့ရဲ့ကိုယ်ပိုင်အောင်မြင်မှုအပြင် လူတစ်ယောက်ရဲ့အောင်မြင်မှုရလဒ်နဲ့ပတ်သက်ပြီးတော့လည်း အရမ်း စိတ်ဝင်စားနေကြသည်။


အဲ့သူကတော့ရှီးနဥ်ပင်။


လူတိုင်းက အနုပညာဘာသာရပ်က ဒဏ္ဍာရီလာရိုးဝမ်းကြီးက သိပ္ပံအတန်းကလူတွေကို ဘယ်လိုမျိုး ခြောက်လှန့်မလဲဆိုတာကိုလည်းမြင်ချင်နေကြတယ်။


အတန်းပိုင်ဆရာ: “ပညာရေးမှတ်တမ်းကတော့ ဆရာလက်ထဲရောက်လာပြီ နောက်မှပဲ  ဆရာ ဒါတွေကို ကျောင်းကော်မတီကနေမင်းတို့ဆီကိုပို့ပေးမယ်”


“ဒီတစ်ခေါက်လည်း ပထမနေရာက လင်းစန်းနော့ပါပဲ လင်းစန်းနော့က အရင်ကအတိုင်း ဒ‌ီတစ်ကြိမ်လည်း အရမ်းကို အမှတ်ကငြိမ်တယ်   ၇၅၀ဖိုးမေးခွန်းမှာ အချိန်တိုင်း အမှတ်၇၀၀ကျော်ချည်းရောက်အောင်ဖြေဆိုနိုင်တယ် ဒီတစ်ခေါက် ၇၂၈မှတ်တဲ့ကွာ မင်းရဲ့အတန်းဖော်တွေမင်းကိုလေးစားသလို ဒီဆရာလည်းမင်းကိုလေးစားမိတယ်”

အားလုံးက ဒါနဲ့အသားကျနေပြီဖြစ်သော်လည်း သူတို့လင်းစန်းနော့ရဲ့ရလဒ်ကိုသိတဲ့အချိန်တိုင်း လူတိုင်းက သူ့ကို လေးစားပြီးရင်းလေးစားမမိဘဲကိုမနေနိုင်ပေ။

“အဆင့်နှစ်က ကျွမ်းဇီရွှယ် ၆၉၃မှတ် ပြီးတော့ အဆင့်သုံးက ကျန်းချင် ၆၈၇မှတ်”


သူ့ကိုယ်ပိုင်အမှတ်ကိုကြားလိုက်ရပြီးနောက် ကျွမ်းဇီရွှယ်က လင်းစန်းနော့ဘက်ကို ခေါင်းလှည့်ကြည့်မိလိုက်သည်။

သူ့အနောက်ကကောင်လေးက နှစ်ထောင်းအားရသွားကာ “ဟဟ မင်း  လွန်ခဲ့တဲ့နှစ်ရက်က တစ်ယောက်သောသူကို   အတန်းဖော်လှလှလေးတစ်ယောက်ကြောင့်ပြောင်းလဲသွားပါတယ်ဆိုပြီးလှောင်ပြောင်ရယ်မောပြီးအထင်အမြင်တောင်သေးလိုက်တာလေ ကြည့်ပါ့လား စာပေနတ်ဘုရားက စာပေနတ်ဘုရားပဲ  ဒီတစ်ခေါက်လည်းအဲ့လူက ၇၂၈မှတ်ရနိုင်ခဲ့ပေမဲ့ မင်းကတော့ အမှတ်ခုနှစ်ရာတောင်မပြည့်ရှာဘူး..”

ကျွမ်းဇီရွှယ်က ပြောလာသည်။ “အဲ့တာက သူက အရမ်းကိုကောင်းတဲ့ အခြေခံဖောင်ဒေးရှင်းရှိနေခဲ့တာကြောင့်မလို့ကွ သူ့အနေနဲ့ ဘယ်လိုလုပ်မြန်မြန်ကျသွားနိုင်ပါ့မလဲ  သူရှီးနဥ်ကိုနေ့တိုင်းကူညီနေမယ်ဆိုရင်  သူ့အဆင့်တွေ ကျမသွားဘူးဆိုတာကမှ ထူးဆန်းနေလိမ့်ဦးမယ်”


သူ အဲ့လိုပြောလိုက်ပေမဲ့ လင်းစန်းနော့ရဲ့ရလဒ်အတွက်စိတ်သက်သာရာရသွားတယ်။ သူ သူမကို မှတ်စုရေးပေးလိုက်တာတွေကြောင့် စာမေးပွဲမှာ ထိခိုက်မှုမရှိဘူးဆိုတာကို မြင်ရတာ သူစိတ်သက်သာရာရလေသည်။

အဲ့နောက် ဆရာက နာမည်တွေခေါ်ပြီး ပိုကောင်းပြီးတိုးတက်လာကြတဲ့ကျောင်းသားကျောင်းသူတွေတော်တော်များများ ဂုဏ်ပြုချီးကျူးခဲ့တယ်။

အဲ့လိုတွေပြောပြီးနောက် ရောဟာ သူ့လည်ချောင်းကိုရှင်းကာ ဆက်ပြောလေသည်။ “ဆရာတို့အတန်းမှာ သိပ်မကြာသေးခင်ကပြောင်းလာတဲ့ အတန်းဖော်အသစ်တစ်ယောက်ရှိတယ်ဆိုတာ အားလုံးလဲသိကြတယ် ဒီအတန်းဖော်က အနုပညာဝိဇ္ဇာတွဲဘက်က။ လူတိုင်းက သူမနဲ့ပတ်သက်ပြီး မကျေမနပ်တာမျိုးရှိနေနိုင်ကောင်းရှိနေနိုင်လိမ့်မယ် သီးသန့်လာမေးကြတဲ့ အတန်းဖော်တချို့တောင်ရှိတယ် ဆရာက ဘာဖြစ်လို့များ အနုပညာဝိဇ္ဇာတွဲကျောင်းသူတစ်ယောက်ကို ဘာစာမေးပွဲမှမစစ်ဘဲ ဒီလိုအပြိုင်အဆိုင်များတဲ့သိပ္ပံအတန်းကို  တိုက်ရိုက်ပြောင်းခွင့်ပေးလိုက်သလဲဆိုပြီးတော့ပေါ့ ဆရာ ဒီလိုလည်းမေးခံလိုက်ရသေးတယ် အတန်းဖော်ရှီးနဥ် ရဲ့အထူးအခွင့်‌အရေးမို့လို့လားဘာညာပေါ့ကွာ”

“ဆရာ မင်းတို့ကို ဖြေရှင်းချက်တစ်ခုတစ်လေမှမပေးခဲ့ဘူး ဆရာက မင်းတို့ကို ဒီလိုအရာတွေမပြောခင်မှာ ရလဒ်ကို စောင့်ချင်မိရုံပဲ”

“အခု ရလဒ်တွေက ထွက်လာပြီ အားလုံးခန့်မှန်းကြတဲ့အတိုင်းပဲ  ရှီးနဥ်က ဆရာတို့အတန်းကို လမ်းတစ်ဝက်ကဖြတ်လိုက်လာတဲ့သူတစ်ယောက်လိုပဲသင်ခန်းစာတွေကို မှီရာကနေ လိုက်ခဲ့ရတယ်”


အတန်းထဲက လူတွေက ဘာမှမပြောကြပေမဲ့ သူတို့ဟာ အထင်အမြင်သေးစွာ ပြုံးနေကြလေသည်။

သူ ဘာလုပ်နိုင်မှာမို့လို့လဲ။

တစ်လခွဲထဲနဲ့ သူမ ဘာသာရပ်ကြီးသုံးခုစလုံးကို သင်ယူဖို့က သူမအတွက်မဖြစ်နိုင်သလို သိပ္ပံအတန်းရဲ့ သင်္ချာဘာသာရပ်နဲ့  ဝိဇ္ဇာအတန်းရဲ့ သင်္ချာဘာသာရပ်ချင်းကလည်း ကွဲပြားတယ်။ စာပေနဲ့ အင်္ဂလိပ်ကလွဲပြီးတော့ ရှီးနဥ်အနေနဲ့ ဆိုးရွားတဲ့ စာမေးပွဲရလဒ်ရှိကိုရှိမှာပဲ။


သို့သော် အတန်းဖော်တချို့ဟာ  သူတို့လည်း လက်ရွေးစင် သိပ္ပံအတန်းသားတွေဖြစ်နေပြီး  သာတဲ့ဘက်ရှိတာကို ရှီးနဥ်အတွက်ကူပြောပေးနေကြတဲ့ အတန်းထဲက တချို့တလေလူတွေကို  နားမလည်နိုင်ကြဘူး။

“ဆရာ ရှီးနဥ်စာမေးပွဲမှာ ဘယ်လိုပဲဖြေခဲ့ပါစေ ကိစ္စမရှိဘူးလို့ ကျွန်တော် ထင်တယ်  ကျွန်တော်တို့အတန်းကိုပြောင်းလာတာကိုက သူ့အ‌တွက် စိန်ခေါ်မှုကြီးတစ်ရပ်ပဲလေ သူ့မှာ နှစ်လတာသင်ခန်းစာပဲသင်ခဲ့ရတာဖြစ်ပြီးတော့ စာမေးပွဲ မေးခွန်းတစ်ဝက်လောက်ပဲ ကျွန်တော်တို့အတန်းဆီကို ပြောင်းလာခဲ့တာတွေပဲပါတာ ပထမလတော့ သူ့မှာ သင်ယူဖို့ အချိန်မရှိအောင်ကို တစ်ယောက်တည်း ပြန်လည်လေ့လာနေရမှာ သူမ စာမေးပွဲ အောင်မှတ်ကပ်ခါနီးရောက်ရင်တောင်မှ အဆင်ပြေနေပါပြီ ဘယ်လိုပဲဖြစ်ဖြစ် သူမမှာ စာလေ့လာဖို့ တစ်နှစ်ခွဲလောက်ရှိနေသေးတယ်မဟုတ်လား”

“အဲ့တာပဲလေ တချို့လူတွေကြတော့များ တခြားလူတစ်ယောက် ရယ်စရာကြီးဖြစ်သွားတာကိုမြင်ရဖို့စောင့်နေကြတာလေ ငါ့အထင် ရှီးနဥ် ကို သူတို့အခုအချိန်ပဲလှောင်လို့ရမှာ နောက် semester ကျရင် ရှီးနဥ်က သူတို့ထက်ကိုသာသွားလိမ့်မယ် ငါ ရှီးနဥ်နဲ့ အခန်းတူကျဖူးခဲ့တယ် မင်းတို့တွေသူ့ရဲ့ တိုးတက်မှုအရှိန်နှုန်းကို တွေးကြည့်လို့တောင်ရမှာမဟုတ်ဘူး မှတ်နိုင်အားကောင်းတဲ့လူမျိုး ကွ”

“လေကျယ်မနေနဲ့ မင်းဆိုလိုတာ သူက မှတ်ဉာဏ်အတော်လေးကောင်းတယ်ပေါ့လေ အဲ့တာက ဝိဇ္ဇာတွဲကလူတွေပဲ အလွတ်ကျက်အားကောင်းကြတာမဟုတ်လား မှတ်နိုင်အားကောင်းတယ်ဆိုတာက ဝိဇ္ဇာအတွဲတွေမှာပဲ အသုံးဝင်တာ” အတန်းထဲကလူတစ်ယောက်က ရဲတင်းစွာပြောလာသည်။

“အနုပညာဘာသာရပ်က အလွတ်ကျက်အားကောင်းရုံနဲ့တင် အမှတ်မြင့်မြင့်မရနိုင်ပါဘူး အနုပညာဘာသာရပ်နေနေ သိပ္ပံဘာသာရပ်နေနေ အမှတ်မြင့်မြင့်ရဖို့က အရည်အချင်းနဲ့အပင်ပန်းခံကြိုးစားအားထုတ်မှုတွေပါလိုအပ်တယ်”

ဆရာက မြေဖြူကို ကောက်ကိုင်လိုက်ပြီး ကျောက်သင်ပုန်းပေါ်မှာ စရေးလေသည်။

တရုတ်စာပေ ၁၄၃ သင်္ချာ ၁၄၇ အင်္ဂလိပ် ၁၃၉
ရူပဗေဒ  ၈၀   ဓာတုဗေဒ  ၇၈   ဇီဝဗေဒ ၉၀
စုစုပေါင်း ၆၇၇


ဆရာ စတိတ်စင်ကနေ မြေဖြူခဲသေးသေးကို  လွှင့်ပစ်ကာ သူ့လက်ပေါ်က မြေဖြူမှုန့်ခါလိုက်ပြီး ခုံအောက်က ကျောင်းသားကျောင်းသူတွေကို ထောင့်စေ့လိုက်ကြည့်လိုက်သည်။

“ဒါက အတန်းရဲ့ထိပ်ဆုံးအယောက်၃၀ထဲကိုဝင်တဲ့ စုစုပေါင်းအမှတ်‌၆၀၀ကျော်ရခဲ့တဲ့ ရှီးနဥ်ရဲ့အမှတ်ပဲဆရာတို့ လက်ရွေးစင်အတန်းမှာဖြစ်တာတောင်မှ ဒီရလဒ်က အပေါ်နားကိုရောက်နေခဲ့တယ်”

“ထပ်ပေါင်းပြောရမယ်ဆိုရင် သူက ဆရာတို့အတန်းထဲက လူတစ်ဝက်ကျော်ကျော်ထက်ကိုသာတယ် သူမက သိပ္ပံအတန်းကို ပြောင်းရွှေ့လာတာ တစ်လခွဲလောက်ပဲရှိသေးတာတောင်မှပေါ့”

ခုနက ရှီးနဥ်ဘက်ကပြောပေးခဲ့တဲ့ အတန်းထဲကလူတွေကတော့ ယခုဆို ပြုံးပျော်နေကြလေသည်။

“ဟားဟားဟား  ငါ့နှယ့် ရယ်တောင်မရယ်နိုင်တော့ဘူး အနုပညာဘာသာရပ်ရဲ့ချန်ပီယံကြီးကတော့ မိုးနတ်မင်းကြီးကိုဆန့်ကျင်နေရတဲ့အကြောင်းက အဓိက ဘာသာရပ်ကြီးသုံးခုကိုခပ်ကြီးကြီးအပိုင်းအစကို ဆွဲထားမိသလို အားထားနေတာမလို့ကိုး”

“physics က အမှတ်၃၀ပဲလျော့တယ် chemistry လည်း ၂၀ကျော်ကျော်လောက်ပဲ ရှီးနဥ်ရဲ့ သိပ္ပံအမှတ်က ဒီအခန်းမှာဆို ပျမ်းမျှရမှတ်ထက် နည်းပေမဲ့ သူမရဲ့ အဆိုးဝါးဆုံးဘာသာရပ်နှစ်ခုက တခြားအခန်းတွေရဲ့ ပျမ်းမျှရမှတ်ထက်တော့ ပိုမြင့်နေ‌မှာပဲ ဒါ အမှန်နော် ငါတခါပဲပြောတာ”


“ဖာ့ခ် သူက တကယ်ကြီး အနုပညာဘာသာရပ်အတန်းက ဟုတ်ပါတယ်နော် ငါက သူ့ရဲ့  physics, chemistry နဲ့ bio သုံးဘာသာပေါင်း အမှတ်တစ်ရာထက်နည်းလိမ့်မယ်လို့ထင်ခဲ့တာဆိုပေမဲ့ အဆုံးမှာတော့ သူမက bio အမှတ်က တကယ်ကြီး ၉၀တောင်ရခဲ့တာပဲ ငါလူးတဲ့မှ ဂျီနီးယပ်စ်‌မလေးပဲကွာ”


“အဲ့တာမလို့ လူတွေက သူတို့ရဲ့စွမ်းရည်ကို မေ့မထားဘဲ သိပ္ပံအတန်းမှာပဲ အသုံးဝင်နေနိုင်သေးတာပဲလေ”


ကျွမ်းဇီရွှယ် အနောက်မှာထိုင်နေတဲ့သူငယ်ချင်းတစ်ယောက်က တဖန်ပျော်ရွှင်လာပြန်သည်။သူဟာ ကျွမ်းဇီရွှယ်ပခုံးကို ပုတ်လိုက်ကာ

“ဟားဟားဟား ဖာ့ခ် ရှီးနဥ်က ၆၇၇ တဲ့လား ငါတောင် ၆၅၀ပဲရပြီး သူမထက် အမှတ်နှစ်‌ဆယ်ကျော်တောင်လျော့နေသေးတယ် ငါ ဒူးထောက်နေမိပြီ အခုကစပြီး သူမက ငါ့ရဲ့နတ်ဘုရားမလေးဖြစ်သွားပြီ”

“ညီအစ်ကိုရေ အခုစာမေးပွဲမှာ မင်းကသူများတွေထက်သာချင်သာလိမ့်မယ် ဘာလို့ဆို မင်းက စာသင်နှစ်တစ်ဝက်စာလောက်လေ့လာပြီးသွားပြီလေ တနေ့နေ့တော့ ငါ့နတ်ဘုရားမလေးက မင်းကို ကျော်သွားမှာဖြစ်ကောင်းဖြစ်နိုင်တယ်။ ငါရှီးနဥ်ကို ယုံကြည်စိတ်ချတယ်လေကွာ ဟားဟားဟား”

ကျွမ်းဇီရွှယ်က တကယ်ကြီးအံ့အားသင့်သွားတာပင်။

ရှီးနဥ် ဒီလိုအမှတ်မျိုးရနိုင်လိမ့်မယ်လို့ သူထင်မထားမိပေ။ သူမက အမှတ်ပေါင်း တစ်ရာ့ငါးဆယ်ထက်နည်းလိမ့်မယ်လို့ သူအစက‌ထင်ခဲ့တာဖြစ်သည်။ အဆုံးမှာတော့ သူမက နှစ်ရာကျော်ထက်တောင် ဖြေဆိုသွားနိုင်ခဲ့တယ်။


ပြီးတော့ သူမရဲ့ အဓိကဘာသာရပ်တစ်ခုအမှတ်ကဆို သူ့ထက် ဆယ်မှတ်ပိုများတယ်။

သင်္ချာက အမှတ်ပြည့်နီးနီးလောက်တောင်မှပဲ။

ဒီကောင်မလေးက တကယ်ကြီးသူ့ကို အံ့ဩစေတယ်။

အတန်းပြီးခါနီးထိစောင့်ကာ

အတန်းပိုင်ဆရာကပြောလာသည်။
“‌ဒီတစ်ကြိမ်တော့ နောက်ထပ်သတင်းတစ်ခု‌ရှိသေးတယ်  အားလုံးကိုအဲ့တာ အသိပေးလိုက်ပါ့မယ်”


“ပြီးခဲ့တဲ့လက ပြိုင်ပွဲတွေရဲ့ ပဏာမရလဒ်ထွက်လာပြီးတဲ့နောက် ဒီနေ့ရဲ့ ပြည်နယ်ဆင့်လိဂ် ပြိုင်ပွဲရက်ပါထွက်လာတယ် နိုဝင်ဘာလထဲ ပဲ ရက်နှစ်ဆယ်ကျန်သေးတယ် မင်းတို့တွေအားလံုး အဆင်သင့်ပြင်ထားကြပါ”

“အိုး ဟုတ်သား ပြိုင်ပွဲရလဒ်တွေအကြောင်းပြောရဦးမယ်”

“ကျောင်းသူရှီးနဥ်က ပဏာမခြေစမ်းအကျော့မှာ ကျောင်းဆင့် အဆင့် ၁၁နဲ့   ဆရာတို့အတန်းမှာ ခုနှစ်ယောက်မြောက်အဆင့်၇ပဲ ဒါက ဘာလို့ သူမက ဒီလက်ရွေးစင်အတန်းကို တိုက်ရိုက်ဝင်ရောက်နိုင်ရသလဲဆိုတဲ့ အကြောင်းပြချက်ပဲ”

“အနုပညာရပ်ကျောင်းသားတွေကပြိုင်ပွဲတွေမှာ ဝင်မပြိုင်နိုင်ဘူးလို့ ဘယ်သူကပြောသလဲ ရှီးနဥ် သူဆို အနုပညာဘာသာရပ်တွဲအရင်ယူတယ် ဟိုးအရင်ကတည်းက သင်္ချာပြိုင်ပွဲအတွက် စပြီးလေ့လာတယ် ပြီးတော့ သူ့ရလဒ်က မင်းတို့အများစုထက်တော့သာတယ်”

ဒါကိုပြောလိုက်ပြီးနောက် ဆရာက ခေါင်းနှစ်ခါလောက်ရမ်းလိုက်မိတယ်။

“ဆရာတို့အတန်းထဲက တချို့ကျောင်းသားကျောင်းသူတွေက သူတို့ကိုယ်သူတို့ သူ့ထက်အများကြီးပိုသာတယ်ဆိုပြီးဘဝင်မြင့်နေကြတယ် သူတို့က နှိမ့်ချ ရမှာကိုရှက်ကြတယ် ”

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now