【𝖴𝖭𝖨𝖢𝖮𝖣𝖤】
ရှီးနဉ် ကောင်းမင်ကို မျက်မှောင် ကြုတ်ကြည့်လိုက်ပြီး ပြောလိုက်သည်
“နင်ငါ့အတွက် စာရင်းသွင်းပေးထားရင်တောင် ငါစိတ်မဝင်စားလို့ ပြိုင်မှာမဟုတ်ဘူး”
သူမက သူတို့နှစ်ရဲ့ နံပါတ်တစ် ဖြစ်ရင်ဖြစ် မဟုတ်ရင် အနာဂတ်မှာ အနုပညာအတန်းခွဲမှာ နံပါတ်တစ်ဖြစ်ချင်တာပဲဖြစ်သည် အဲ့ဒီ ကျောင်းအလှပန်းဆိုတာကို စိတ်မဝင်စားဘူး
“ဘာဖြစ်လို့လဲ ဒါကလူတိုင်းဝင်ပြိုင်လို့ရတာမျိုးမဟုတ်ဘူးနော် ကန့်သတ်ထားတာ ကျောင်းက ဖိုရမ်ကနေ အတန်းအသီးသီးစီက နာမည်ကြီးတဲ့ နတ်ဘုရားမ ငါးယောက် ကို မဲ ရွေးချယ်ပေးထားတာ ပြီးတော့ နင်က အရွေးချယ်ခံထဲကတစ်ယောက်လေ ဒါက ဒီတိုင်း ပွဲလေးတစ်ခုလောက်ပဲ ဘော့စ်!နင်လည်း ဘယ်လိုကရမလဲဆိုတာကို မသင်ခဲ့ဖူးဘူးလား ကပြရုံလေးကို ဘာဖြစ်လို့မသွားရတာလဲ!”
မိသားစုရဲ့အဖိုးတန်သမီးလေးတစ်ယောက်ဖြစ်တာကြောင့် မူလရှီးနဉ်က သူမငယ်ငယ်လေးကတည်းက အချိန်တော်တော်ကြာတဲ့အထိ အကကိုသင်ယူခဲ့ဖူးသည် ပြီးတော့လည်း ဘယ်လိုကရမလဲဆိုတာ သူမကိုယ်တိုင်သိထားလေသည် ဒါပေမဲ့ အဲ့တာက ကျောင်းအလှပန်းအတွက် ပြိုင်ချင်လို့ မဆိုလိုဘူးလေ
ဒါ့အပြင် မူလရှီးနဉ်ရဲ့ ကကွက်တွေက သာမန်လောက်ပဲ ဘာကြည့်ချင်စရာမှကိုမရှိဘူး ရိုးရှင်းလိုက်တာများ ကွင်းထဲပတ်ပြေးနေသလိုပဲ ဘာမှ ကြည့်ချင်စရာမကောင်းဘူးလို့လည်း ခန့်မှန်းမိသည်
အဓိပ္ပာယ်မရှိဘူး သူမရဲ့အချိန်ပဲဖြုန်းတီးရာရောက်လေသည်
“နင်ဝင်ပြိုင်ချင်ရင် သွားလေ ငါတော့ ဘာပဲဖြစ်ဖြစ်စိတ်မဝင်စားဘူး”
ရှီးနဉ် ခပ်ပြတ်ပြတ်ပြောလိုက်ပြီးနောက် သူမ အိမ်သာကိုသွားဖို့လိုအပ်တယ်လို့ထင်တာကြောင့် လှည့်ထွက်လိုက်သည်
“ယွီချူယောင်လည်းပါမှာ ဘော့စ်ရဲ့!”
ရှီးနဉ်ရဲ့သစ္စာအရှိဆုံးနောက်လိုက်ဖြစ်တဲ့ ကောင်းမင်က ရှီးနဉ်ရဲ့ အကြောင်းတွေအကုန်လုံးကို ခရေစေ့တွင်းကျ အကုန်သိထားလေသည် သူတို့အရင်တစ်ခေါက် ခရီးထွက်ကတည်းက ရှီးနဉ်နဲ့ယွီချူယောင် ညီအစ်မနှစ်ယောက်ဟာ လုံးဝကို မျက်နှာချင်းမဆိုင်တော့ပဲ အချင်းချင်းမတည့်ကြတော့ဘူးလို့ လူတိုင်းကပြောနေခဲ့ကြသည်
သန့်စင်ခန်းဆီကိုဦးတည်နေတဲ့ ရှီးနဉ်ရဲ့ ခြေလှမ်းတွေက ခဏရပ်တန့်သွားခဲ့သည် ကောင်းမင်ထင်လိုက်တာက ကိစ္စရပ်တွေ ပြောင်းလဲဖို့အလားအလာရှိလာပြီး သူမကို မျှော်လင့်တကြီးနဲ့စိုက်ကြည့်လာလိမ့်မယ်လို့ပေါ့
ဒါပေမဲ့ ရှီးနဉ် ပြောလိုက်တာကတော့
“အိုး ဒါဆိုလည်း သူပဲ သွားပြိုင်ပါစေပေါ့ ”
သူမက ကျောင်းအလှပန်းလေးဆိုတဲ့ အနှစ်သာရမရှိတဲ့ နာမည်လေးတစ်ခုအတွက်နဲ့ ယွီချူယောင်နဲ့ပြိုင်နေရမှာကို စိတ်မဝင်စားပေ ကောင်းမင်ကိုထားရစ်ခဲ့လိုက်ပြီးနောက် သူမ အိမ်သာသို့ဦးတည်သွားလိုက်သည်
လမ်းတစ်ဝက်မှာ ယွီချူယောင်နဲ့ထိပ်တိုက်လာတွေ့ခဲ့မယ်လို့ ဘယ်သူကသိမှာလဲ?
အရင်မတော်တဆမှုပြီးကတည်းက ယွီချူယောင်တစ်ယောက် လုံးဝယုံကြည်သွားခဲ့သည် အရင်ကလိုသူမ ရှီးနဉ်ကို လွယ်လွယ်နဲ့ အရူးလုပ်လို့ရနိုင်လောက်တဲ့ ညီမငယ်လေးမဟုတ်တော့ဘူးဆိုတာကိုပေါ့
ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပြန်လည်ပြင်ဆင်ပြီး ပြန်ပေါင်းထုပ်လို့မရနိုင်တော့။ ဒါကြောင့် သူမလည်း ထပ်ပြီး ညီအစ်မချစ်ခြင်းတွေ ရှိနေသယောင် ထပ်ပြီးဟန်ဆောင်ထားစရာလည်းမလိုတော့ပေ
ရှီးနဉ်က လမ်းလွှဲသွားဖို့ ကြိုးစားလိုက်သည် သို့ပေမဲ့ ယွီချူယောင်ကတော့ သူမနဲ့ စကားပြောဖို့လက်ဦးမှုအရင်ယူသွားလေသည်
“အခုလေးတင် ကောင်းမင် နင့်ကိုလာရှာသွားတယ်မလား”
“နင်ဘယ်လိုလုပ်သိတာလဲ?”
“ငါမြင်လိုက်တယ်လေ အဲ့တာကြောင့်မလို့ နင့်ကိုတွေ့ဖို့ ဒီသန့်စင်ခန်းဘက်နားအထိရောက်အောင် တမင်သက်သက် နင့်နောက်ကနေလိုက်လာခဲ့တာလေ”
ယွီချူယောင်က ပြတ်ပြတ်သားသားပြောလာခဲ့သည်
ဟမ့် သူ့မျက်နှာဖုံးကို ခွာချတဲ့နောက် သူ့ရဲ့နဂိုပုံစံတွေဒလဟောထွက်ကြလာနေပြီပဲ
ဒါက သူမရဲ့အရင်ကပုံစံထက်စာရင် ပိုပြီးကောင်းပါတယ်လို့ပဲ ရှီးနဉ်ခံစားလိုက်သည်
ရှီးနဉ်က သူမကို ဘာစကားမှဆက်ပြောဖို့ အစီအစဉ်မရှိတာကိုမြင်လိုက်တဲ့အခါ သူမကပဲဆက်ပြောလိုက်သည်
“ကောင်းမင် နာမည်ကျော်နတ်ဘုရားမ အစီအစဉ်ကြော်ငြာကြီးကိုင်ထားတာကို ငါမြင်ခဲ့တယ် ပြီးတော့တံခါးနားမှာထိုင်တဲ့ ကျောင်းသားတွေ မေးကြည့်လိုက်တော့ သူတို့ပြောတယ် နင်က ငါလည်းပြိုင်ပွဲဝင်ပြိုင်မှာကိုကြားပြီးတဲ့နောက်အဲ့ဒီပြိုင်ပွဲဝင်ပြိုင်ဖို့အတွက်ကို ငြင်းလိုက်တယ်ဆို”
သူမအတန်းထဲက ကျောင်းသားတွေက တကယ့်ကို တစ်ခုခုတော့တစ်ခုခုပဲ ဒီလို စကားတွေဖြန့်တော့ ယွီချူယောင်ကိုပြန်ပြီးစင်ပေါ်တင်ပေးလိုက်သလိုပဲ ညီအစ်မနှစ်ယောက်ရဲ့ဆက်ဆံရေးပြတ်တောက်သွားတဲ့ ဒရမ်မာဇာတ်လမ်းကြီးတစ်ခုကို ကြည့်ခွင့်ပေးလိုက်သည့်အလား သိပ်မကြာသေးခင်က ဆရာယန်ပေးသွားတဲ့အိမ်စာတွေက တော်တော်လေးနည်းလွန်းသွားလို့ထင်ပါရဲ့
[TN အိမ်စာနည်းတော့ မြန်မြန်ပြီး မြန်မြန်ပြီးတော့ အတင်းဝိုင်းတုပ်ချိန်ရသွားတယ်ထင်ပါရဲ့ လို့ပြောချင်တာ]
“နင် ဒီပြိုင်ပွဲကိုဝင်ပြိုင်ပြိုင်မပြိုင်ပြိုင် ငါကသွားမှာမဟုတ်ဘူး စတိတ်စင်ပေါ်မှာထုတ်ပြရတဲ့ အရည်အချင်းကို ငါစိတ်လဲမဝင်စားဘူး ပြီးတော့ ကျောင်းအလှပန်းလေးဆိုတဲ့ နာမည်ကိုဆို ပိုပြီးတော့ တောင်စိတ်မဝင်စားသေး”
သူမထိုသို့ပြောလိုက်ပြီးနောက် ယွီချူယောင်ကို ပစ်ထားခဲ့ဖို့ စီစဉ်ပြီး ဖြတ်လျှောက်လိုက်သည်
“နင်ဘယ်ဟာမှစိတ်မဝင်စားဘူး ဒါဆို နင်စိတ်ဝင်စားတာက F4လား?”
ယွီချူယောင်က သူမနောက်ကနေပြောလာလေသည်
ရှီးနဉ် စိတ်ရှုပ်ထွေးစွာနဲ့ ခေါင်းကိုနောက်လှည့်ကြည့်လိုက်ကာ “ဒါက သူတို့နဲ့ဘာဆိုင်လို့လဲ?”
ယွီချူယောင်က အပြုံးတစ်ခု ပေါ်ထွက်လာလေသည်
“F4 ပါခေါ်ထားလိမ့်မယ်လို့ နင်တကယ်မထင်ထားခဲ့ဘူး ဟုတ်တယ်မလား? မိသားစုကြီးလေးစုရဲ့ အမွေဆက်ခံသူတွေအတွက် ပူးတွဲတည်ထောင်ထားတာကြောင့်မလို့ F4က ဒီကျောင်းရဲ့ အသိအမှတ်ပြုဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုပဲ သူတို့ကကျောင်းကနေအခွင့်ထူးခံအခွင့်အရေးတွေအများကြီး ရပြီး အတန်းဖော်အားလုံးရဲ့လေးစားအသိအမှတ်ပြုမှုတွေပါ ခံထားရတာလေ ဒါကြောင့် တခါတလေတို့ သူတို့တာဝန်နည်းနည်းလောက်ကလေးကိုတော့ကျေပွန်ဖို့လိုအပ်တယ်”
“ဒီတစ်ခေါက်မှာအနိုင်ရတဲ့ ကျောင်းအလှပန်းလေးက F4 ထဲက ဘယ်သူ့ကိုဆီကနေမဆို လိုချင်တဲ့ဆု ဒါမှမဟုန် တောင်းဆိုပိုင်ခွင့်တစ်ခုရလိမ့်မယ်လို့ငါကြားထားတယ်”
“ ငါတောင်းဆိုဖို့ရွေးချယ်မဲ့သူကလေ နန်ရှောင်း ဒါမှမဟုတ် စန်းနော့ သူတို့ထဲက နင်ဘယ်သူလို့ထင်လဲ?”
ရှီးနဉ် တကယ်ကို ပြောစရာစကားမဲ့သွားလေသည်
“နင် ကျင်းစစ်းဟန့်ကိုမရွေးဘူး? အခုတလော သူနဲ့ နင် တအားအနေနီးနေလွန်းလို့ နှစ်ယောက်သားတွဲနေကြပြီလို့တောင် ကောလဟာလတွေထွက်နေတာမဟုတ်လား?”
“အဲ့တာကြောင့်မလို့ ပြိုင်ပွဲရဲ့အကျိုးအမြတ်ကို သူ့ဆီကနေ ယူစရာတောင်မလိုဘူး ဘယ်လိုပဲဖြစ်ဖြစ် ငါဘာပြောပြော သူက ငါပြောသမျှသဘောတူပေးမဲ့ဟာပဲကို”
သူမရဲ့နှုတ်ခမ်းထောင့်တွေ ကော့ တက်သွားကာ ရှီးနဉ်ကိုကြည့်နေရင်း သူမရဲ့မျက်လုံးထဲကနေ ကိုယ့်ကိုယ်ကို ဘဝင်ခိုက်နေကာ အရမ်းကိုကျေနပ်အားရပြီးပျော်ရွှင်နေတဲ့ မျက်နှာအမူအရာကြီးဖော်ပြထားလေသည်
ယွီချူယောင်က သူမကို ပြိုင်ပွဲထဲဝင်ပြိုင်လာစေဖို့အတွက် မခံချင်အောင်လာပြောနေတယ်ဆိုတာကို သူမသိပြီးသားဖြစ်တာကြောင့် ယွီချူယောင်ရဲ့ ဗီလိန်ဆန်လွန်းလှတဲ့ ပုံစံကို စိတ်ပျက်နေမိတယ်
သူမက စာလေ့လာတဲ့နေရာမှာ ကျွမ်းကျင်တယ်ဆိုပေမဲ့ အဆိုရော အကရောမှာတော့ သူမရော မူလရှီးနဉ်ကပါ ယွီချူယောင်ကို မယှဉ်နိုင်ပေ ယွီချူယောင်က ပြိုင်ပွဲမှာ သူမကို ပွင့်ပွင့်လင်းလင်းအနိုင်နဲ့ပိုင်းပြနိုင်တယ်ဆိုတာကို သက်သေပြချင်နေတာဖြစ်တယ်
ရှီးနဉ် ယွီချူယောင်ရဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ မျက်နှာပေး မြင်ရတာကို သဘောမကျမိပေမဲ့ တစ်ချိန်တည်းမှာပဲ သူမရဲ့စကားနဲ့ ဆုံးဖြတ်ပြီးသားဆုံးဖြတ်ချက်ကို ပြန်ပြင်မှာတော့မဟုတ်ဘူး
ဒီလိုပြိုင်ပွဲမှာ သူမ မပါချင်လို့ကိုမပါတာ အဲ့တာကြောင့်မလို့ သူမနဲ့ သူမအလိုရှိတာကို လုပ်ပေးရမဲ့ နန်ရှောင်းကို ကောင်းချီးဩဘာသာပေးလိုက်တော့မယ်
ရှီးနဉ်သူမကို ဘာစကားတစ်ခွန်းမှ မပြောချင်တော့တာကြောင့်မလို့ သူမရဲ့ခြေထောက်ကလေးကိုမြှောက်ကာ အရှေ့ကိုဆက်သွားလိုက်သည်
“ငါအစတုန်းကတော့ နန်ရှောင်းဆီကတောင်းဆိုချင်ခဲ့ပေမဲ့ ငါတွေးကြည့်လိုက်တော့ ငါက ရှီးချန်ကောဆီကနေ တောင်းဆိုရတာကို ပိုပြီးသဘောကျသလိုပဲ....”
ယွီချူယောင် သူမရဲ့အနောက်ကနေ ဖြေးဖြေးလေးထပ်ပြောလာပြန်လေသည်
CZYTASZ
Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||
Dla nastolatków《 𝖲𝗍𝖺𝗍𝗎𝗌: 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 // 𝖾𝖽𝗂𝗍𝖾𝖽 𝗏𝖾𝗋𝗌𝗂𝗈𝗇》 𝖬𝗒𝖺𝗇𝗆𝖺𝗋 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 ❝穿成玛丽苏文里的女配❞ . 𝖮𝗋𝗂𝗀𝗂𝗇𝗂𝖺𝗅 𝖺𝗎𝗍𝗁𝗈𝗋: 一夜从灯 𝖤𝗇𝗀𝗅𝗂𝗌𝗁 𝗍𝗂𝗍𝗅𝖾: 𝖳𝗋𝖺𝗇𝗌𝗆𝗂𝗀𝗋𝖺𝗍𝗂𝗇𝗀 𝖺𝗌 𝖺 𝖬𝖺𝗋𝗒 𝖲𝗎𝖾 𝖢𝗁�...