【𝖴𝖭𝖨𝖢𝖮𝖣𝖤】
ရှီးချန် သူမဖြေပြီးထားတဲ့ စာရွက်တွေကို လှန်လှော်ကြည့်လိုက်သည်။
သင်္ချာ ၈၅ ၊ ရူပဗေဒ ၈၀
မှားထားတဲ့ပုစ္ဆာအားလုံးကလည်း တွက်ရ ခက်ခဲလွန်းတာတွေဖြစ်ပြီး သာမန်အခြေခံအဆင့်ပုစ္ဆာတွေအားလုံးနီးပါး မှန်နေတာပဲဖြစ်သည်။
သူမရွေးချယ်ပြီး တွက်ထားတဲ့ လေ့ကျင့်ခန်း မေးခွန်းနှစ်စုံကလည်း အလယ်တန်းကျောင်းသားအတွက်ဆို ကျောင်းမှာပုံမှန်မေးတဲ့မေးခွန်းတွေထက် ခက်ခဲလွန်းတာတွေဖြစ်သည်။
သူတို့က အခုမှအထက်တန်းပထမနှစ်ပဲရှိသေးတာမို့လို့ ဘာသာရပ်အားလုံးရဲ့စုစုပေါင်းရမှတ်က 100ပဲဖြစ်သည် ဒီလောက်ခက်ခဲတဲ့မေးခွန်းဖြေလွှာအရဆိုရင် ရှီးနဉ်ရဲ့ နှစ်ဘာသာရမှတ်နဲ့တင် အဲ့ဒီဘာသာရပ်တွေရဲ့ ထိပ်ဆုံး 10ယောက်ထဲကတစ်ယောက်ဖြစ်သင့်တာပဲ။
[T/N - သူတို့ဆီက ကျောင်းဝတ္ထုတွေဖတ်ရသလောက်တော့ ဘာသာရပ်တစ်ခုရဲ့ရမှတ်က ၁၅၀ လားမသိ အဲ့လိုမျိုးလေ အဲ့တော့ ရှီးနဉ်တို့အငယ်အတန်းက ၁၀၀ဖိုးမေးခွန်း ရှီးချန်တို့အတန်းကြီးက ၁၅၀ဖိုးလောက်ဖြေရတာဖြစ်လိမ့်မယ် ၁၀၀မှာ ၈၀အထက်ရတော့ အမှတ်ကောင်းတယ်လေ အဲ့ဒီဘာသာရပ်မှာ 1 to 10 ထဲဝင်သင့်တယ်လို့ပြောသွားတာပါ]ရှီးနဉ်တစ်ယောက် တရွှပ်ရွှပ် နဲ့ မြည်သံ(စာရွက်လှန်တဲ့အသံ) ကြားလိုက်ရတော့ သူမမျက်လုံးကိုပွတ်သတ်ရင်း မော့ကြည့်လိုက်တော့ သူမဖြေပြီးသားစာရွက်တွေကို ကိုင်ကြည့်နေတဲ့ သူမရဲ့အစ်ကိုကို တွေ့လိုက်ရသည်။
“ကိုကို ဘယ်အချိန်ကတည်းက ရောက်နေခဲ့တာလဲ” ရှီးနဉ်ကမေးလိုက်သည်
“အခုချိန်ထိ ဘာလို့အိပ်ရာမဝင်သေးတာလဲ?”
“နှစ်ဝက်စာမေးပွဲကလာတော့မှာမို့လို့ စာပိုကြည့်ရမယ်လေ”
ရှီးချန်က မဟန်စွာနဲ့ ပြုံးလိုက်မိသည်။
“ညီမလေးက အခုမှ ပထမနှစ်ပဲရှိသေးတယ် တတိယနှစ်ရောက်မှ ကြိုးစားလို့လဲရပါတယ်ကွာ”
“ကိုကိုက ဂျင်းနီးယပ်စ်လေ ညီမလေးက ကိုကိုနဲ့ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ အဲ့တာမို့လို့ အစကနေစဖို့လိုအပ်တယ်”
YOU ARE READING
Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||
Teen Fiction《 𝖲𝗍𝖺𝗍𝗎𝗌: 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 // 𝖾𝖽𝗂𝗍𝖾𝖽 𝗏𝖾𝗋𝗌𝗂𝗈𝗇》 𝖬𝗒𝖺𝗇𝗆𝖺𝗋 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 ❝穿成玛丽苏文里的女配❞ . 𝖮𝗋𝗂𝗀𝗂𝗇𝗂𝖺𝗅 𝖺𝗎𝗍𝗁𝗈𝗋: 一夜从灯 𝖤𝗇𝗀𝗅𝗂𝗌𝗁 𝗍𝗂𝗍𝗅𝖾: 𝖳𝗋𝖺𝗇𝗌𝗆𝗂𝗀𝗋𝖺𝗍𝗂𝗇𝗀 𝖺𝗌 𝖺 𝖬𝖺𝗋𝗒 𝖲𝗎𝖾 𝖢𝗁�...