CHAPTER 21.1

9.8K 1.5K 32
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ကျင်းရှန်း လူအုပ်ကြီးဆီကို လျှောက်လှမ်းလာခဲ့ပြီး  လူအုပ်ထဲမှ ပုန်းနေတဲ့ ကျင်းစစ်းဟန့်ကို  ကော်လာကနေ သာမန်ကာလျှံကာဆွဲကာ ခေါ်ထုတ်လာသည်

“ငါမင်းနဲ့မတွေ့ရတာအတော်လေးကိုကြာနေခဲ့ပေမဲ့ မင်းကငါ့ကိုတွေ့တဲ့အချိန်မှာ ပုန်းနေတယ်ပေါ့လေ?”

ကျင်းရှန်းရဲ့ရှေ့မှာ ကျင်းစစ်းဟန့်တစ်ယောက် ပုံမှန်အတိုင်းပျော်ရွှင်တတ်ကြွနေတဲ့ကောင်လေးမျိုးမဟုတ်တော့ဘဲနဲ့ အထစ်အထစ်အငေါ့ငေါ့ဖြစ်နေလေသည်

“မဟုတ်...အဲ့လိုမဟုတ်ပါဘူး ကျွန်တော်တကယ်ကို ရှူးပေါက်ချင်နေလို့ပါ”

ကျင်းရှန်းက  သူပြောတာ မယုံဘူးဆိုတာ သိသိသာသာပါပဲ သူ့ကိုလက်တစ်ဖက်နဲ့ဆွဲကိုင်ထားကာ ‌ဘေးပတ်လည်က လူအုပ်ကို‌ေဝ့ဝိုက်ကြည့်လိုက်သည်

“မင်းတို့တွေအားလုံးက ငါ့ညီရဲ့ အတန်းဖော်တွေလို့ ငါထင်တယ် နန်ရှောင်းလည်း ဒီရောက်နေတာပါလား ငါ့ညီလေးမင်းကို တအားဒုက္ခပေးတာများနေလောက်ပြီပဲ”

နန်ရှောင်းက  ခပ်ဟဟရယ်မောလိုက်ရင်းပြောလေသည် 

“ ဒီကောင်လေးက အရှုပ်ထုပ်လေးဆိုတာကို အစ်ကိုကျင်းရှင်းလဲသိပြီးသားလို့ထင်ပါတယ်ဗျာ”

“ဟေးး!”

ကျင်းစစ်းဟန့်က သူအချုပ်ခံထားရတာတောင်မှာ ရုန်းကန်ပြီးကာ ခေါင်းထောင်ပြလာလေသည်

“ဒါပေမဲ့ အစ်ကိုကျင်းရှင်းကို ကျွန်တော်ပြောစရာရှိတယ် အဲ့တာကိုတော့ လုပ်ဖို့လိုအပ်တယ်”


နန်ရှောင်းရဲ့လက်တွေက ကျင်းရှန်းရဲ့လက်အနောက်ဘက်ကို ဖိကိုင်လိုက်ကာ သူ့(ကျင်းစစ်းဟန့်)ကိုလွှတ်ပေးဖို့ တိုက်တွန်းနေ‌တဲ့ပုံပင်   ကျင်းရှန်းရဲ့ ဖီးနစ်မျက်လုံးတွေက သူ့ရဲ့ ရွှေမျက်မှန်ကိုင်းအောက်ကနေ အနည်းငယ် မျက်‌မှောင် ကျုံ့သွားတယ်ဆိုပေမဲ့ နန်ရှောင်းရဲ့အမူအရာက ပြတ်သားတည်ငြိမ်လေသည်  သူတို့တွေက ခြောက်နှစ်လောက်အသက်ကွာတယ်ဆိုပေမဲ့လည်း နန်ရှောင်းရဲ့ အရှိန်အဝါကလည်း သူ့ကိုလုံးဝမရှုံးနိမ့်ပေ

နောက်ဆုံးတော့ ကျင်းရှန်းကသူ့ရဲ့လက်ကို ပြန်ရုတ်သိမ်းလိုက်ကာ ဘာပဲဖြစ်ဖြစ် ယန်ချန်းရဲ့အင်အားအကြီးဆုံးမိသားစုရဲ့ အမွေဆက်ခံသူအား အနည်းငယ် မျက်နှာသေးဖို့လိုအပ်ပေလေသည်


ကျင်းစစ်းဟန့်က သူ့အစ်ကိုချုပ်နှောင်ထားရာကနေ လွတ်မြောက်လာပြီးနောက် နန်ရှောင်းအနောက်ကို ချက်ချင်း ပြေးပုန်းလိုက်သည်

မျက်စိတစ်မှိတ်အတွင်းမှာ လူနှစ်ယောက်ရဲ့ ရန်လိုနေတဲ့ အငွေ့အသက်တွေက ပျောက်ကွယ်သွားလသည် ကျင်းရှန်းက လူအုပ်ကြီးကို ကြည့်ကာ ပြုံးပြခဲ့သည် အဲ့နောက် ဝန်ထမ်းတစ်ယောက်ကို ပြောကြားလိုက်သည်

“သူတို့က သခင်ငယ်လေးကျင်းစစ်းဟန့်ရဲ့ အတန်းဖော်တွေဖြစ်တာကြောင့်မလို့ သူတို့ကိုကောင်းကောင်းဆက်ဆံရမယ်”

သူအဲ့လိုပြောပြီးနောက် ထွက်သွားဖို့ပြင်တုန်း  သူအကြည့်တွေက ရှီးနဉ်ဆီကို ရောက်သွားလေသည်

“ဒီနေ့ သခင်မလေးရှီး အတော်လေးထိတ်လန့်သွားတယ်လို့ ကြားမိသလားလို့?”

သူက ဒီကနေ့ သူ‌မရေနစ်တာကို  ရည်ညွှန်းချင်တာ ဖြစ်လိမ့်မယ်လို့တွေးမိလိုက်သည်

“အဲ့တာကို ရှင်ဘယ်လိုသိတာလဲ?”

ကျင်းရှန်းက ပြုံးလိုက်ကာ “ကိုယ့်နေရာမှာ ဘာတွေဖြစ်နေလဲဆိုတာကို ကိုယ်မသိနိုင်ဘဲနေပါ့မလား?”

ကျင်းရှန်းက ခဏရပ်တန့်လိုက်ပြီး ရှီးနဉ်ကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိုက်သည်

“အဲ့ဒီအပြင် ကျွန်တော်တို့က သခင်မလေးရှီးရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး သိဖို့လိုအပ်တယ်လေ မင်းသမီးလေးရဲ့လုံခြုံမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လက်လွှတ်စပယ် ပစ်ထားလို့မှမရနိုင်တာ”

ကျင်းရှန်းသုံးသွားတဲ့  ရှီးနဉ်ရဲ့ မင်းသမီးလေးဆိုတဲ့ ‌ဂုဏ်ပုဒ်က သူတစ်ယောက်တည်းသုံးတာမျိုးမဟုတ်ပေ  ယန်ချန်း မြို့ကလူအများစုက သူမက အဲ့ဒီခေါင်းစဉ်ကြီးတပ်ခေါ်ခဲ့ကြတာ

ယန်ချန်း မြို့တစ်မြို့လုံး စီးပွားရေးအနေအထားနဲ့ပဲဖြစ်ဖြစ် ပါဝါနဲ့ဖြစ်ဖြစ် အနှီမိသားစုကြီးလေးစုရဲ့ လက်ထဲမှာပဲ လွှမ်းမိုးချုပ်ကိုင်ထားတာပဲဖြစ်သည်  ပြီးတော့ ဒီမျိုးဆက်မှာ မိသားစုကြီးလေးစုရဲ့အမွေဆက်ခံသူထဲမှာ ရှီးနဉ်တစ်ယောက်တည်းကသာ မိန်းကလေးဖြစ်လေသည် ဒါကြောင့် ပုံမှန်အားဖြင့် သူမဘေးနားကလူတွေက သူမကို အလိုလိုက်ထားကြပြီး သူမရဲ့ကာကွယ်ပေးလွန်းတဲ့မိဘတွေရဲ့ အရိပ်တစ်ကြည့်ကြည့် ပြုစုပျိုးထောင်မှုမှာကြီးပြင်းလာခဲ့တာဖြစ်သည် လူအများစုသူမအကြောင်းကိုပြောဖြစ်ကြတဲ့အခါ သူမကို မင်းသမီးငယ်လေးဆိုပြီး တင်စားကာ ပျက်ရယ်ပြုခဲ့ကြသည်

ရှီးနဉ်သူ့ရဲ့အကြည့်တွေအောက် စိတ်ကျဉ်းကျပ်လာကာ ယဉ်ကျေးစွာအပြုံးလေးတစ်ချက် မရမကညှစ်ကာပြုံးပြလိုက်ရသည်  “ကျေးဇူးတင်ပါတယ်ရှင့်”

ကျင်းရှန်းက ကြက်သေသေသွားပြီးနောက် သူ့ရယ်တာကိုမထိန်းထားနိုင်တဲ့အထိဖြစ်သွားသည်

“နဉ်နဉ် အခု တော်တော်လေးကို ယဉ်ကျေးသွားပြီလား?ကျေးဇူးစကားတွေဘာတွေတောင်ပြောနေပြီ”

မူလပိုင်ရှင်က မာနကြီးပြီးအထက်စီးဆန်လွန်းတာကြောင့်မလို့ ကျေးဇူးတင်စရာရှိရင်တောင် ကျေးဇူးတင်စကားမပြောနိုင်လောင်အောင်အထိကိုဖြစ်ခဲ့တာပဲလို့ ရှီးနဉ်တွေးလိုက်သည်


ဒီလူက တကယ် ထူးဆန်းတယ်

“ဇွတ်တရွတ်နိုင်တဲ့ မင်းသမီးလေးက အခု အရွယ်ရောက်လာတဲ့ပုံပဲ”

ကျင်းရှန်းက သူ့လက်ကို မြှောက်လိုက်ကာ ရှီးနဉ်ရဲ့ခေါင်းကို  ခွေးကလေး အမွှေးတွေ ပွတ်သပ်ပေးသလို ကိုင်ဖို့ပြင်လိုက်ပေမဲ့ ရှီးနဉ်က ခေါင်းကို အဝေးရှောင်းလှည့်ထွက်လိုက်သည်

သူမရှေ့က ဒီလူက သူမအတွက်အရမ်းကိုသူစိမ်းဆန်လွန်းနေသေးတယ် သူမသိပ်မသိတဲ့လူတွေကနေ သူမခေါင်းကိုထိတာမျိုး သူမတကယ်မကြိုက်ပေ

ဘယ်လိုပဲနေနေ ကျင်းရှန်းကတော့ စိတ်ပျက်သွားတာမျိုးမဖြစ်သွားဘဲနဲ့ သူ့လက်ကို အေးအေးဆေးဆေး ပြန်ရုတ်သိမ်းလိုက်တယ်

“အားလုံးပဲ အချိန်ကောင်းလေးတွေပိုင်ဆိုင်ပါစေ”

ကျင်းရှန်းက  ကျောင်းသားတွေအားလုံးတိုင်းကို ယဉ်ကျေးပြေပြစ်စွာပြောသွားခဲ့သည်


သူတို့အား ထိုသို့ပြောပြီး နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ ကျင်းရှန်းရဲ့အပြုံးတွေက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကာ သူ့ရဲ့ တည်ကြည်တဲ့အမူအရာပြန်အစားထိုးလိုက်သည်  သူ့ရဲ့လူတွေအားလုံးကို ဟိုတယ်ရဲ့အတွင်းထဲသို့ ဦးဆောင်သွားလေသည်

သူထွက်ခွာသွားပြီးတဲ့အချိန်မှာပဲ အပ်ကျသံကြားရလောက်တဲ့အထိ တိတ်ဆိတ်နေခဲ့တဲ့ ဟိုတယ်လော်ဘီဟာဆိုရင်တော့ ချက်ချင်းဆိုသလို ဆူညံသွားကြသည်

“အဲ့တာ ကျင်းရှန်းဟ ကြားရတာထက် မြင်ရတာပိုကောင်းတယ်”

“သူဘာတွေတွေးနေလဲဆိုတာကို မှန်းဆလို့တောင်မရတဲ့ အဲ့ဒီလို လူတစ်ယောက်ကို စောင့်ကြည့်နေရတာ ကြောက်စရာကြီး”

တချို့ကောင်မလေးတွေက ကျင်းစစ်းဟန့်ကို ဝိုင်းမေးလာကြသည်
“စစ်းဟန့် နင့်အစ်ကိုက အရမ်းချောတာပဲ သူ့မှာကောင်မလေးရှိလား?”


ကျင်းရှန်းထွက်သွားပြီးတဲ့နောက်မှာ ကျင်းစစ်းဟန့်ရဲ့ စိတ်မချမ်းမမြေ့ဖွယ်ဖြစ်နေတဲ့မျက်နှာက အနည်းငယ် သွေးပြန်လျှောက်လာလေပြီး သူ့ရဲ့နဂို ပုံစံအတိုင်းပြန်ပြောင်းလဲသွားသည်

“အတန်းဖော် မင်း ငွေကြေးသတင်း ဒါမှမဟုတ် ယန်ချန်း ညနေပိုင်းသတင်းတွေ မဖတ်ဖြစ်ဘူးလား?”


“တကယ်လို့သာ မင်းအဲ့ဒီသတင်းတွေကို ဖတ်ဖြစ် ကြည့်ဖြစ်မယ်ဆိုရင် အဲ့တာကိုသိလာလိမ့်မယ် သူက ငွေရှာတဲ့နေရာအပြင် သူစိတ်အဝင်စားဆုံးက ဈေးကြီးကြီးနာရီစတိုင်အမျိုးမျိုးကို စုဆောင်းဖို့နဲ့ ဒုတိယစိတ်ဝင်စားတာက သူ့ရဲ့ရည်းစားအဖြစ် အလှလေးတွေအမျိုးမျိုး ပြောင်းဖို့ပဲ”


မေးမိတဲ့ကောင်မလေးက အသံတိုးတိုးလေးနဲ့ တတွတ်တွတ်ရေရွတ်လေသည်

“အတော်လေးအကျင့်သိက္ခာရှိပြီးတစ်သီးတစ်သန့်နေတတ်တဲ့ပုံလို့ထင်ရပေမဲ့  အားလုံးက ပြောင်းပြန်ဖြစ်နေတယ်”


အရူးအမူးပျော်စရာကောင်းတဲ့နေ့အပြီးမှာ လူတိုင်း ပင်ပန်းသွားကြကာ အိပ်ဖို့အတွက် သူတို့ရဲ့ ဟိုတယ်အခန်းစီကို ကိုယ်စီကိုယ်စီပြန်သွားကြသည်

ရှီးနဉ်သူမရဲ့အခန်းထဲပြန်ရောက်ပြီးနောက် အချိန်တော်တော်ကြာတဲ့အထိကို သေသေချာချာလေးဂရုတစိုက်တွေးတောခဲ့ကာ နောက်ဆုံးတော့ ကျင်းရှနိးနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တစ်ချို့ ပြန်သတိရလာခဲ့သည်



သူတို့ထက် ကျင်းရှန်းက ‌ခြောက်နှစ် ခုနှစ်နှစ်လောက်ကြီးတယ် သူတို့ငယ်ငယ်လေးတုန်းက ကျင်းရှန်းက ကျောင်းသားအရွယ်ရောက်နေပြီဖြစ်သည် သူတို့ ကျောင်းတတ်တဲ့အရွယ်မှာ ကျင်းရှန်းက ကောလိပ်ကနေ သူရဲ့ပညာတတ်မြောက်ပြီးဘွဲ့တောင်ယူပြီးဖြစ်သည် တစ်နည်းအားဖြင့် သူက ကျင်းစစ်းဟန့်ရဲ့အစ်ကိုဖြစ်သော်ငြားလည်းပဲ သူတို့‌ေတွရဲ့အသက်ကွာဟမှုကြောင့် သူတို့နဲ့ အရမ်းကြီး မရင်းနှီးပေ

ကျင်းရှန်းကငယ်ငယ်လေးကတည်းက ထူးချွန်တဲ့သူဖြစ်ပေမဲ့ ကလေးဘဝကတည်းက သူ့စိတ်က အရွယ်ရောက်ကြီးပြင်းတဲ့သူအထိကို နက်ရှိုင်းလွန်းတယ်

ကျင်းစစ်းဟန့်က သူ့ကို ငယ်ငယ်လေးကတည်းက ကြောက်တဲ့ပုံပင် သူ့မြင်တိုင်း ပြေးပြေးပုန်းတတ်သေးသည်

မိသားစုကြီးလေးစုက မျိုးဆက်တွေဖြစ်တာကြောင့်မလိုအတော်လေး ရင်းနှီးကြလေသည် လင်းဆူနိုနဲ့နန်ရှောင်းတို့ ငယ်ငယ်လေးကတည်းက သူ့ကို အတော်လေး ရိုသေလေးစားကြသည် သူတို့က သူ့ကိုမြင်တိုင်း အစ်ကို အစ်ကို နဲ့ တရင်းတနှီးတောင်ခေါ်လိုက်ကြသေးသည်

ဘယ်လိုပဲနေနေပါ ရှီးနဉ်မှတ်မိသလောက် မှတ်ဉာဏ်တွေထဲမှာ မူလရှီးနဉ်က ကျင်းရှန်းဆိုတဲ့ အဲ့ဒီအစ်ကိုကို အတော်လေးမုန်းခဲ့တာဖြစ်ပြီး သူမ မကြိုက်တာကတော့ ငယ်ငယ်လေးကတည်းကသူမကောင်းကောင်းမဆက်ဆံခဲ့တဲ့ သူမရဲ့အစ်ကိုအရင်းဖြစ်တဲ့ ရှီးချန်ထက်တောင်မှ ပိုလိုက်သေးသည်


ကျင်းရှန်းကိုမြင်လိုက်တဲ့တခြားသူတိုင်းက သူ့ကိုတလေးတစားရှိပေမဲ့ ရှီးနဉ်ကတော့ နည်းနည်းလေးမှတောင်မရှိဘူး။ သူ့ကိုမြင်လိုက်တိုင်း  သူ့ရဲ့သူတော်ကောင်းယောင်ဆောင်တာကို သရော်ရင်သရော် မဟုတ်ရင် သူမခေါင်းကို လှည့်ကာ သူ့အားတိုက်ရိုက် လျစ်လျူရှုခဲ့သည်

သူမက အစ်ကိုကျင်းရှန်းလို့တောင်မခေါ်ဘူး အဲ့ဒီအစား သူ့ရဲ့နာမည်အရင်းပဲတပ်ခေါ်လေ့ရှိခဲ့သည်

သူမကျင်းရှန်းကိုပြောချင်တဲ့အချိန်တိုင်း သူမက အလွန်ကိုမလေးစားရာကျတဲ့  “အဲ့ဒီလူ” ဆိုတဲ့စကားလုံးကိုအမြဲသုံးလေ့ရှိသည် သူမကသူ့ကိုမြင်တိုင်း အမြဲ စိတ်တို ဒေါသထွက်လေ့ရှိတာကြောင့်မလို့
ထိုလူရဲ့ခေါင်းကို ပန်းအိုးနဲ့ပေါက်ခွဲဖြစ်ခဲ့ရတာ မထူးဆန်းတော့ပါဘူး



သူမက ရှီးမိသားစုရဲ့ သမီးဖြစ်တာကြောင့်မလို့ အဲ့လိုကိစ္စက အကြီးအကျယ်တွေဖြစ်သွားအောင်မလုပ်ခဲ့တာလို့ ခန့်မှန်းလို့ရ‌နိုင်တယ်

အဲ့လိုမှမဟုတ်ရင် ကျင်းရှန်းကို ဒီလိုမျိုးလုပ်ရဲတဲ့ အခြားသူရှိနေမယ်ဆိုရင် ဒီလောကကြီးထဲ ဆက်ပြီးမနေရဲလောက်ဘဲ ကြောက်ရွံ့နေကြမှာပင်

ဒါပေမဲ့ ဘာကြောင့်လဲ?

အဆုံးမှာတော့ မူလရှီးနဉ်  သူမနဲ့ အဆက်အဆံအများကြီးမရှိတဲ့ ကျင်းရှန်းကို ဘာဖြစ်လို့မုန်းနေရတာလဲဆိုတဲ့အကြောင်းအရင်းကို သူမရှာမတွေ့ခဲ့ပေ

ရှီးနဉ် တကယ်ကိုမမှတ်မိတော့တာမလို့ လွယ်လွယ်လေး အရှုံးပေးလိုက်ပြီး အင်္ဂလိပ်စကားပြောလေ့ကျင့်ခန်းသင်ခန်းစာနားထောင်နေရင်းအိပ်ပျော်သွားလေသည်


လူတိုင်းအိပ်မောကျနေစဉ် ယွီချူယောင်ရဲ့အခန်းမီးရောင်ကလင်းနေဆဲပင်

သူမ...အိပ်မရဘူး

တကယ်တော့ ဒါက သူမအိပ်မပျော်တဲ့ပထမဦးဆုံးညလည်းမဟုတ်ပေ ရှီးနဉ်စပြီးပြောင်းလဲသွားကတည်းက  သူမနဲ့ အကြိမ်တိုင်းအမြဲဆန့်ကျင်ဘက်တွေလုပ်ပြီး သူမကို ထပ်ခါထပ်ခါ ရှုံးနိမ့်နေအောင်လုပ်ကတည်းက သူမက ပုံမှန်အတိုင်းအိပ်မပျော်တော့ဘဲ ကစဉ့်ကလျားဖြစ်လာလေသည်


ရံဖန်ရံခါ သူမခဏလောက်အိပ်ပျော်သွားပြီဆိုတိုင်း သူမရဲ့အိမ်မက်ထဲမှာ မိဘမဲ့ဂေဟာမှာရှိခဲ့တဲ့ အချိန်တွေကိုပဲ မြင်နေရလေသည်

စားဖို့အတွက် အစားအစာအလုံအလောက်မရခဲ့တာတွေ မအိပ်ခဲ့ရတာတွေ တခြားသူတွေအနိုင်ကျင့်ခံခဲ့ရတွေအားလုံးပဲ

သူမအဲ့ဘဝပြန်မသွားချင်ဘူး  သူမမှာရွေးချယ်စရာတစ်ခုပဲကျန်ရှိတော့တယ် အဲ့တာကတော့ တိုက်ခိုက်ဖို့ပဲ....။

Thanks for READING 💟

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now