CHAPTER 35.1

6.8K 1.1K 66
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

အကြောင်းအရာတစ်ခုတည်းပါတဲ့ ဗီဒီယိုတွေဟာ တစ်ခုထက်ပိုပြီးရှိနေကာ ရှီးနဉ် အရင်တုန်းကဆိုးသွမ်းထားတဲ့ အကြမ်းဖက်အနိုင်ကျင့်မှုတွေအားလုံးပါဝင်နေတဲ့ လက်ကိုင်ပြလို့သက်သေအထောက်အထားတွေပဲဖြစ်တယ်။ အမှုန့်တွေနဲ့လှမ်းပစ်ပေါက်တာမျိုးတို့၊ နှုတ်ရေးနဲ့ ဆဲဆိုလှောင်ပြောင်ပြောဆိုထားတာမျိုးဖြစ်တယ်။ အခန်းထဲမှာ လူတစ်ယောက်ကို လော့ချပိတ်ပစ်တာမျိုးလည်းရှိပြီး ဗီဒီယိုတစ်ခုကဆို ရန်ပွဲတစ်ခုတောင်ပါနေသည်။

ရှီးနဉ် မတူညီတဲ့အနိုင်ကျင့်ခံရတဲ့သုံးယောက်ပါဝင်တဲ့ ဗီဒီယို၇ခုကို အကြမ်းဖျင်းကြည့်လိုက်သည်။ မှတ်ချက် ကောမန့်တွေက သံသယဖြစ်နေစရာတောင်မလိုဘူး အားလုံးဟာ သူမကိုဆဲဆိုထားကြတာပဲဖြစ်တယ်။

[ရှီးနဉ်က တကယ့်ကို ဒီလိုလူမျိုးဖြစ်နေလိမ့်မယ်လို့ ငါ တကယ်မထင်ထားခဲ့ဖူးဘူး]

[သူ့ကြည့်တော့ အင်နိုးဆန့်ရုပ်ကလေးနဲ့ဆိုပေမဲ့ သူ့စိတ်က မြွေတစ်ကောင်လို ဒါမှမဟုတ် ကင်းမြီးကောက်တစ်ကောင်လို အရမ်းရက်စက်တာပဲ သူမကို ကျောင်းအလှပန်းကိုပေးလိုက်တာက အမှားတစ်ခုပဲ]

[သူဘယ်လိုများ တစ်ခြားသူတွေကို ထုရိုက်နိုင်ရတာလဲ အရမ်းလွန်လွန်းတယ်!ငါကတော့ သူရဲ့အနိုင်ကျင့်တာကိုခံလိုက်ရတဲ့ ကျောင်းသားတွေအတွက်ပဲ စိတ်မကောင်းဖြစ်မိတယ်]

[ရှီးနဉ် ဒီလိုမျိုးဆိုတာကို နင်တို့တွေသိကြတယ်မလား? သူ အရင်တုန်းကလည်း ဒီလိုမျိုးပဲမဟုတ်လား? Bခန်းက ကောင်းမင်နဲ့အတူတူပဲ ဒါပေမဲ့ သူက အဲ့ဒီအဖွဲ့မှာ ခေါင်းဆောင် သူတို့ကို ရန်ရှာရဲတဲ့ဘယ်သူမဆို ဒီကျောင်းတွင်းမှာ ဆက်ပြီး အချိန်ဖြုန်းဖို့တောင် မစဉ်းစားနဲ့]

[ဒီဗီဒီယိုထဲက ကောင်မလေးတွေက တကယ်ကို ဆိုးဆိုးဝါးဝါးခံခဲ့ရတာ ငါမှတ်မိတာတစ်ခုကတော့ ဒီအဖြစ်အပျက်ကြောင့်မလို့ သူ ကျောင်းထွက်ခဲ့ရတဲ့ပုံပဲ]

[သူအဆင့်တွေက အရမ်းကောင်းနေတာမဟုတ်လား.....သူရဲ့နာမည်ကို ဂုဏ်ထူးရကော်လံမှာရှိနေတာလေ ကျောင်းဂုဏ်ဆောင်ကျောင်းသားတွေက ဒီလိုအရာမျိုးတွေကိုလည်း လုပ်တာပဲလား?]

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now