CHAPTER 86

4K 586 53
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

နန်ရှောင်းက ထိုသို့ပြောလာတော့ ရှီးနဉ်အနေနဲ့ သူ့ရဲ့လှည့်စားခြင်းကို ခံလိုက်ရတယ်လို့ချက်ချင်းပဲခံစားလိုက်ရသည်။

“နင်ဘယ်လိုလုပ် ဒီလို ဖြစ်လာရတာလဲ နင့်စကားနင်မတည်နိုင်ဘူးလား”

“မင်း တခြားသူကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ ဘာဖြစ်ဖြစ်ကိစ္စမရှိဘူး ကိုယ်က အဆုံးထိ လူဆိုးပဲလုပ်သွားမှာ”

“နင်က ပြည်သူ့စစ်သားတစ်ယောက်နော် လူဆိုးတစ်ယောက်ဖြစ်လို့မရဘူးလေ”

“ကိုယ်က မကောင်းတဲ့သူတစ်ယောက်မဟုတ်ဘူး မင်းအပေါ်ကိုပဲ ဆိုးဆိုးဝါးဝါးဆက်ဆံတာပါ”

ရှီးနဉ်သည်းမခံနိုင်တော့ပေ။ “ထွက်သွားစမ်း”

နန်ရှောင်းက သူမ စိတ်အနှောင့်အယှက်ဖြစ်နေတာကိုကြည့်ပြီးပြုံးလိုက်သည်။ “မင်းဘယ်လိုတက္ကသိုလ်ပဲတက်တက် မင်းရဲ့ဒေါသကတော့ အရင်အတိုင်းပဲပြောင်းလဲမသွားဘူး  လူတွေကိုလည်း လွယ်လွယ်နဲ့ အလွတ်မပေးတတ်ဘူး”

“ငါနင့်ကို ဘာမှဆက်မပြောနိုင်တော့ဘူး နောက်လည်းကျနေပြီ ငါပြန်တော့မယ်”


ရှီးနဉ်အနေနဲ့ အားကိုမရှိတော့ဘူး။ သူနဲ့စကားလမ်းကြောင့်သင့်နေပေမဲ့ သူဟာရိသဲ့သဲ့နဲ့စနောက်လာပြီဆိုရင် သူမဟာ သူ့ရဲ့ပြိုင်ဘက်တစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်မှာမဟုတ်ဘူး။


နန်ရှောင်းက ဆွဲကြိုးကို ဆုပ်ကိုင်ထားပြီး သူမရဲ့မျက်လုံးရှေ့ကို တွဲလောင်းချလာသည်။ “တကယ်မယူဘူးလား”


“မယူဘူး” ရှီးနဉ်အခိုင်အမာပြောလာသည်။


နန်ရှောင်းက စိတ်မဆိုးဘဲ ဆွဲကြိုးကို သူ့အိတ်ကပ်ထဲပြန်ထည့်လိုက်တယ်။


“ကောင်းပြီလေ ကိုယ် ဒါကိုမင်းအတွက် အရင်သိမ်းထားလိုက်ပြီး နောင်ကျရင် ‌ပြန်ပေးမယ်”

“...နောင်ဆိုတာရှိလာမှာမဟုတ်ဘူး”

နန်ရှောင်းက ရှီးနဉ်ရဲ့စကားတွေကို လျစ်လျူရှုထားလိုက်တယ်။

“သွားကြစို့ မင်းအဆောင်က ဘယ်မှာလဲ မပြန်ခင် အဆောင်ကို ပြန်လိုက်ပို့ပေးမယ်”


ရှီးနဉ်ကို အောက်ထပ်ထိပြန်လိုက်ပို့ပြီးနောက်  သူမကိုကျောပေးလိုက်ပြီး သူ့မျက်နှာပေါ်တွင် ရွှင်နောက်နောက်အမူအရာမျိုး လုံးဝမရှိတော့ပေ။ သူ့ရဲ့နှုတ်ခမ်းပါးတွေကို တင်းတင်းဖိကိုက်ထားမိပြီး မျက်လုံးထဲမှာလည်း အမှောင်ထုသဖွယ် ဖုံးလွှမ်းနေလေသည်။



နန်ရှောင်းနဲ့ဆုံပြီးနောက် ရှီးနဉ်ဟာ သူမရဲ့စိတ်ကို ပိုပြီးသေချာလာခဲ့တယ်။

တကယ်ပဲ မတူဘူး သူတို့နှစ်ယောက်စလုံးက သူမအတွက်သူငယ်ချင်းကောင်းတွေပင်။ နန်ရှောင်းနဲ့လင်းစန်းနော့ သူမကိုဝန်ခံလာတဲ့အခါ သူမ လုံးဝကို ကွဲပြားသွားတယ်လို့ခံစားလိုက်ရတယ်။


လင်းစန်းနော့တုန်းက တဒုတ်ဒုတ်နဲ့ ရင်ခုန်နေခဲ့ပြ‌ီး နန်ရှောင်းကျတော့ သူမဟာ သူ့ကိုတခြားကောင်မလေးတွေကိုချက်ချင်းပြောင်းကြိုက်ဖို့ သူ့ကို brainwash ပစ်ဖို့ကြိုးစားခဲ့တယ်။ အဲ့လိုမှမဟုတ်ရင် နောက်နောင်ကျ သူတို့အချင်းချင်းပေါင်းသင်းဆက်ဆံတဲ့အခါ ခါတိုင်းလိုမဟုတ်ဘဲ နည်းနည်းသဘာဝမကျဖြစ်တော့မယ်လို့အမြဲခံစားနေရလို့ပဲ။

ဒါပေမဲ့ ဘာလို့လဲတော့မသိဘူး ဖွင့်ပြောပြီးကတည်းက မနက်ခင်းပိုင်း သူမဆီကို မောနင်း ပို့ပြီးတဲ့နောက် သူက ထပ်ပြ‌ီးဆက်သွယ်မလာတော့ပေ။


ရှီးနဉ် နည်းနည်းတော့ တွေးရခက်နေမိတယ်။


သုံးရက်ကြာသွားသည်တိုင်အောင် လင်းစန်းနော့ဘက်ကနေ သူမကို သုံးရက်လုံးလုံးဆက်သွယ်လာခြင်းမပြုပေ။

(T/N:သဲကွဲနေလို့တဲ့)


ရှီးနဉ် အသက်ရှင်နေထိုင်ရတဲ့အဓိပ္ပာယ်ကို သဘောပေါက်လာလေသည်။


အရင်တုန်းက တစ်ပတ်ကျော်လောက် သူ သူမကို ဆက်သွယ်မလာခဲ့ရင် ဘယ်လိုမှမဖြစ်ဘူး။ သူ ဖွင့်ပြောလာပြီးတဲ့နောက် အားလုံးက ကွဲပြားသွားတဲ့ပုံပဲ။

သူမ သူ့အကြောင်းပဲ အမြဲတမ်းတွေးမိနေတယ်။

သူဘာတွေလုပ်နေလို့ သူမဆီကို မလာရတာလဲဆိုတဲ့အကြောင်းကို တွေးနေမိသည်။

သူမတစ်နေရာရာမှာ အမှားလုပ်မိခဲ့လို့ သူ သူမဆီကို မလာတာဖြစ်ရမယ်။ သူ သူမဆီကို မလာမှတော့ သူမဘက်ကနေ သူ့ကိုအရင်ဆက်သွယ်လိုက်သင့်လား။

သူမရဲ့စိတ်တွေရှုပ်ထွေးနေခဲ့့ပြီး သူမကို လင်းစန်းနော့ မဆက်သွယ်လာရတဲ့အကြောင်းနဲ့ပတ်သက်ပြီးသံသယတွေဝင်လာလေသည်။

စစချင်းတော့ ရှီးနဉ် အဲ့ဒီကိစ္စကို အားလပ်တဲ့အချိန်တွေမှသာတွေးဖြစ်သည်။ငါးရက်မြောက်နေ့မှာ သူမဟာ အတန်းတက်နေရင်တောင်မှ အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ရံဖန်ရံခါတွေးမိနေတာကို သတိထားမိပြီး သူမရဲ့ဘဝကြီးကို စပြီးသ‌ံသယဝင်လာတော့သည်။


သေချာတာက သူမ ငယ်ငယ်ရွယ်ရွယ်နဲ့အချစ်ရေးကိစ္စစိတ်မဝင်စားမိစေဖို့   ရွေးချယ်ခဲ့တာ မှန်တယ်။

ချစ်မိသွားတာနဲ့ စောက်ကျိုးနည်းတော့တာပဲ။

သင်္ချာဋ္ဌာနရဲ့အဆောင်  အခန်း၃၁၀က လူတွေဟာ  အဆောင်ထဲကလူတစ်ယောက်ကအတော်လေးပြောင်းလဲ လာတာကို မကြာသေးခင်က တွေ့ရှိကြလေသည်။

အဲ့တာကတော့ သူတို့အခန်းရဲ့လောင်တဖြစ်တဲ့ ကျန်းယွင့်ယန်ပင်

လွန်ခဲ့တဲ့ရက်ပိုင်းမှာ အဆောင်မှာ ညဘက်တွေ ညဉ့်နက်တဲ့အထိဖုန်းပြောနေပြီး အချိန်တိုင်း တဟားဟားနဲ့အူမြူးနေတယ်။ အခန်းထဲက တခြား စင်ဂယ်ခွေးတွေဖြစ်တဲ့ သူတို့ကတော့ ဒီကောင် ရည်းစားရနေတာဖြစ်ရမယ်လို့ ခန့်မှန်းထားကြသည်။

သိပ်ကိုသေချာတာပေါ့  တစ်ရက်ကျ သူတို့တွေ ကျန်းယွင့်ယန်နဲ့ သူ့ကောင်မလေးကို ပက်ပင်းမိလေသည်။

“ဟာ အဲ့ကောင်မလေးတော်တော်လှတာဟ”

“ကျန်းယွင့်ယန်လိုကောင်က ဒီလောက်ကောင်မလေးချောချောလေးကို တကယ်ကြီး ‌ရှာတွေ့ခဲ့တာပေါ့လေ  ဒါကြောင့်အခုနောက်ပိုင်းတအားဟီလာထနေတာ အံ့ဩစရာမရှိတော့ဘူးပဲ”

“ဒါနဲ့စကားမစပ် မင်းတို့တွေ ဒီကောင်မလေးကို သိကြလား ရင်းရင်းနှီးနှီးမြင်ဖူးတဲ့ပုံပဲကွာ”

တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ လင်းစန်းနော့က ဝင်ပြောလာသည်။

“ငါသူ့ကိုသိတယ် လက်ရေးလှပန်းချီကလပ်က ကလပ်နှစ်ခုတွေ့ဆုံပွဲလုပ်တုန်းက မင်းတို့တွေ သူမကို တွေ့ဖူးကြတယ်”



“အာ အာ အာ ငါမှတ်မိပြီ။ သူတို့ဘက်ကကောင်မလေးတော်တော်များများက အလှလေးတွေ ပြီးတော့ ပိုလှတဲ့တစ်ယောက်ရှိပါသေးတယ်သူ့နာမည် ဘယ်လိုခေါ်တာပါလိမ့်ကွာ”

လင်းစန်းနော့:“ရှီးနဉ်”

“ဟုတ်တယ် ဟုတ်တယ် ဆေးတက္ကသိုလ်ဋ္ဌာနဘက်ကလို့ပြောကြတာပဲ ‌အဲ့တော့ ဒါလေးကရော? ကျန်းယွင့်ယန်ရဲ့ကောင်မလေးနာမည်က ဘာတဲ့လဲ”

“ယန်ဖေး”

အဲ့ဒီနေ့အဆောင်ကိုပြန်ရောက်တော့ အခန်း၃၁၀က ကောင်လေးတွေဟာ ကျန်းယွင့်ယန်ကို ပြင်းပြင်းထန်ထန်နှိပ်စက်ကြပြီး လင်းစန်းနော့က သူနဲ့ နှစ်ယာက်တည်းမှ စကားပြောလာသည်။

လင်းစန်းနော့: “မင်းတို့နှစ်ယောက် ဘယ်အချိန်က တွဲဖြစ်သွားတာလဲ”

ကျန်းယွင့်ယန်:“နှစ်ရက်တည်းရှိပါသေးတယ်ကွာ”

လင်းစန်းနော့:“သူမက မင်းကို တကယ်ပဲကြိုက်တာ သေချာလား”


အရင်တစ်ပတ်လောက်ကပဲ အဲ့ကောင်မလေးကို သူ့ကို စိတ်ဝင်စားနေတဲ့အရိပ်အယောင်ပြလာခဲ့တာကို သူမှတ်မိသေးတယ်။

ကျန်းယွင့်ယန်က အဲ့အခိုက်တွင်ပြုံးလာလေသည်ယ “ယန်ဖေးက အရင်ကမင်းကို လိုက်ခဲ့တာကို မင်းကအဲ့တာ ပြောချင်တာမလား”

“မင်းသိတယ်?”

“ဒါပေါ့ ငါသိတာပေါ့ တွေ့ဆုံပွဲပြီးကတည်းက ငါသူ့ကို သွားအပ်ထားတာလေ  ငါကမင်းရဲ့ အခန်းဖော်ဆိုတာ သူသိတယ် သူကမင်းကိုကြိုက်နေတာလို့ပြောပြခဲ့တာ ပြီးတော့ ငါတို့တွေ စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ် ငါ သူမနဲ့ ဒီလောက်မြန်မြန် တည်ဆောင်နိုင်တဲ့အကြောင်းကိုပြောရမယ်ဆိုရင် သူက ငါကနေတဆင့် မင်းကို လိုက်ချင်တာကြောင့်လေ”

“……အို့!”

သူ့အနေနဲ့ အဲ့လိုကနေတဆင့် သူမနဲ့နှီးစပ်လာတဲ့ပုံပင်။

ကျန်းယွင့်ယန်က သူ့ပခုံးကိုပုတ်လာခဲ့ပြီး “ကျေးဇူးပါညီအစ်ကိုရေ မင်းသာ သူမရဲ့ မျှော်လင့်ချက်ကို အဆုံးမသတ်ပေးခဲ့ဘူးဆိုရင် သူက ငါ့ဆီကို ဒီလောက်မြန်မြန်ရောက်လာလိမ့်မှာမဟုတ်ဘူး ငါအခွင့်အခါသင့်ရင် အဆောင်ကလူတွေအားလုံးရော မင်းကိုပါ ညစာဖိတ်ကျွေးမယ်ကွာ အဲ့ကျတခါတည်းမင်းတို့ကိုငါ့ကောင်မလေးနဲ့မိတ်ဆက်ပေးလိုက်မယ်”

အကြံတစ်ခုဟာ ရုတ်တရက်ဆိုသလို လင်းစန်းနော့ရဲ့စိတ်ထဲပေါ်လာသည်။

“မင်းငါတို့အဆောင်ကလူတွေကို ညစာဖိတ်ကျွေးမယ်လို့ပြောလိုက်တာ ဟုတ်တယ်မလား”

“ဟမ် ဒီလူတွေ မှမဖိတ် ဘယ်သူတွေကိုဖိတ်ရမှာလဲ”

“ဟိုတစ်ယောက်ရဲ့ အဆောင်ကလူတွေကိုရာ မဖိတ်ချင်ဘူးလား”


ကျန်းယွင့်ယန်ရုတ်တရက်သဘောပေါက်သွားတယ်။ “ဟုတ်သား မင်းပြောမှ ငါမေးကြည့်ဦးမှပါ ငါဖေးဖေးကို ပြောလိုက်မယ်”

“အားလုံးအတူတူလာခဲ့ဖို့ပါပြောပေး” လင်းစန်းနော့ကပြောလာသည်။

ကျန်းယွင့်ယန်:“အဆောင်နှစ်ခုက လူတွေအကုန်လုံးကို ဖိတ်ဖို့ ပြောတာလား”

လင်းစန်းနော့ကခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ အဲ့လိုလုပ်ကြတာပေါ့ သောကြာနေ့ည သူ့ရဲ့ညီအစ်မတွေနဲ့ မင်းတို့အတူတူ ညစာစားဖို့ဖိတ်လိုက်မယ်”

သောကြာနေ့ည။


ယန်ဖေးရဲ့အချစ်ရေးက မြန်မြန်ဖြစ်ပေါ်လာတယ်ဆိုတာကို သိပေမဲ့ သူမရဲ့နောက်ထပ် အချစ်ရေးက ဒီလောက်မြန်မြန်ဖြစ်သွားလိမ့်မယ်လို့ တကယ်ကြီးမထင်ထားခဲ့တာအမှန်ပဲ။

အရင်အပတ်သောကြာနေ့ကတောင် သူမက ယန်ဖေးနဲ့ လင်းစန်းနော့ကို တွဲပေးနေတုန်းပဲရှိသေးတာလေ။

ဒီသောကြာကျတော့ သူမက ယန်ဖေးနဲ့သူ့ရည်းစားအသစ်ကလေးရဲ့ ညစာဖိတ်ကျွေးတာကို လိုက်စားနေရတယ်။

သူတို့အဆောင်က လူတွေ သတ်မှတ်ထားတဲ့စားသောက်ဆိုင်ရောက်တော့ ယန်ဖေးရဲ့ကောင်လေးနဲ့သူ့အခန်းဖော်တွေက အဲ့မှာ ရောက်နေကြပြီဖြစ်တယ်။

ရှီးနဉ်က လင်းစန်းနော့ကို ဖြတ်ခနဲမြင်လိုက်ရတဲ့အခါ သူမအလွန်အမင်းကို အံ့အားသွားကာ ယန်ဖေးကို သံသယအပြည့်ရှိတဲ့ မျက်လုံးပြူးပြူးလေးနဲ့ စိုက်ကြည့်မိလိုက်တယ်။

ယန်ဖေးက ပြုံးလိုက်ကာ“မလန့်ပါနဲ့ မလန့်သွားနဲ့ ငါ့ကောင်လေးက လင်းစန်းနော့မဟုတ်ပါဘူးဟယ် ဒါပေမဲ့ သူတို့အဆောင်က ကျန်းယွင့်ယန် ငါလင်းစန်းနော့ကို လိုက်တုန်းက နင့်တစ်ယောက်တည်းတင်ကပ်တာမဟုတ်ဘဲ သူ့အကြိုက်တွေတော်တော်များများမေးဖို့ သူ့အခန်းဖော်ကိုပါ add လိုက်တာ ရလဒ်အနေနဲ့ အသုံးမဝင်လိုက်ဘူး”

“ဒါပေမဲ့ အဲ့တာလည်းကောင်းပါတယ် ကျန်းယွင့်ယန်ကလည်း အတော်လေးကောင်းတယ်လို့ ငါထင်တယ် ကြည့်ကောင်းတဲ့ရုပ်ရည်နဲ့ စိတ်ဝင်စားစရာကောင်းတဲ့ပင်ကိုစရိုက်တွေအပြင် အရေးအကြီးဆုံးအရာက ငါ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတာပဲ”

ရှီးနဉ်:“...ဟုတ်ပါပြီ”

လင်းစန်းနော့က သူမကို တစ်ပတ်‌အကြာ မဆက်သွယ်ခဲ့တာမလို့ သူမအနေနဲ့ စိတ်ဆိုးမိတယ်။

သူမအဲ့ကိုလျှောက်သွားလိုက်ပြီး ဒီအခေါက် သူ့ကို နှုတ်ဆက်စကားကိုမပြောတော့ပေ။ သူမ သူနဲ့ဝေးရာထိုင်ချင်ပေမဲ့ သူမ အဲ့နားကျော်ကျော်သွားချင်းမှာပဲယန်ဖေးက ပြောလာတယ်။ “အာ ဟုတ်သား နဉ်နဉ်  နင်နဲ့လင်းစန်းနော့ရဲ့ဆက်ဆံရေးကအတော်လေးကောင်းတယ်လေ နင်ကသူ့ဘေးကိုထိုင်လိုက် ဟုတ်ပြီနော် လင်လင် စုန်ရွှယ်က ဒီမှာထိုင်”

သူမ မထိုင်ရသေးခင်မှာ ယန်ဖေးက သူမအတွက်အစီအစဉ်ချပေးလာတယ်။ လူရှစ်ယောက် အထူးသဖြင့် အဲ့အထဲ အခုလက်ရှိအတွဲလေးတစ်တွဲပါနေတဲ့ ညစာစားပွဲက ဘယ်သောအခါမှ တိတ်ဆိတ်မနေခဲ့ပေ။


‌တက္ကသိုလ် နဲ့ ‌အထက်တန်းကျောင်း မိတ်ဆုံညစာစားပွဲရဲ့ အကြီးမားဆုံးကွာခြားချက်က တစ်ခုထက်မကပင်။


အဲ့တာကတော့ အရက်သေစာပဲ။

ရှီးနဉ်လည်း သောက်ဖြစ်တယ်။ သူမ ကျောင်းသားသမဂ္ဂကို ဝင်ပြီးတဲ့နောက် မိတ်ဆုံစားပွဲတော်တော်များများ ပါဝင်ခဲ့ရပြီး ကောင်မလေးတွေတောင်မှ သောက်ကြရတာမို့ သူ့အနေနဲ့လည်း သောက်ကို သောက်ရတယ်။

သူမ အချိန်တိုင်း တစ်ခွက် နှစ်ခွက်လောက်တော့သောက်လိုက်တယ်။

ဒီနေ့ညစာအတွက် ဝိုင်ကို မှာထားတာဖြစ်ပေမဲ့ သူငယ်ချင်းတွေအချင်းချင်းလိုဖြစ်နေတာကြောင့်  လူတိုင်းကကောင်မလေးတွေကိုဂရုစိုက်ကာ သောက်နိုင်ရင်သောက် မသောက်နိုင်လည်းရဟူ၍ပင်။

ယန်ဖေးက  အရက်သောက်ရတာကြိုက်တာကြောင့် ကောင်လေးတွေနဲ့ တန်းစီ အများကြီးသောက်လေသည်။

ရှီးနဉ်နဲ့ တခြားအခန်းဖော်နှစ်ယောက်ကတော့ တိတ်တိတ်ဆိတ်ဆိတ် ဖျော်ရည်သာသောက်ကြသည်။

ရှီးနဉ် ဖျော်ရည်သောက်နေတုန်း သူမ ဝင်ထိုင်ကတည်းက စကားတစ်လုံးမှပြောမလာတဲ့ လင်းစန်းနော့က နောက်ဆုံးတော့ ပြောလာခဲ့တယ်။

“ယွင့်ယန် ငါ့လည်း ဝိုင်တစ်ခွက်ထည့်ပေး”

သူထိုသို့ပြောလိုက်တဲ့အခါ ကောင်လေးတွေက သဘောတွေကျကုန်တယ်။

“အိုးးး ယွင့်ယန် နဲ့ဖေးဖေး မင်းတို့နှစ်ယောက် သက်ရောက်မှုက တော်တော့်ကို လက်လှန်လောက်စရာပဲ ငါတို့အဆောင်က လင်းစန်းနော့က ဘယ်တုန်းကမှမသောက်ခဲ့ကြဘူး”

“ဟုတ်တယ် ဒီနေ့တော့ နေက အနောက်ဘက်ကထွက်လာတော့မှာပဲ စန်းနော့က တကယ်ကြီးစသောက်နေပြီ”

“တကယ်လား ဒါဆို ငါတို့သက်ရောက်မှုကတကယ်ကြီးကြီးတာပဲ” ယန်ဖေးက ပြုံးကာ လင်းစန်းနော့အတွက် ဘီယာတစ်ပုလင်းဖွင့်ပေးလိုက်သည်။

ရှီးနဉ်ဟာ လင်းစန်းနော့ တစ်ပုလင်းပြီး တစ်ပုလင်းသောက်နေတာကို ကြည့်နေရတယ်။ နောက်ဆုံး (စကားမပြောဘဲနေတာကို) တောင့်မခံနိုင်တော့ပေ။


“နင် ဘယ်လောက်သောက်နိုင်သလဲဆိုတဲ့အတိုင်းအတာ မသိဘူးလား”

သူမ နည်းနည်းဒေါသထွက်လာလေသည်။

လင်းစန်းနော့က ခပ်တည်တည်ပြောလာတယ် “ကိုယ်မသောက်နိုင်ဘူးလို့ ဘယ်သူပြောလဲ သောက်ပြမယ်”

“ဘာလုပ်နေတာလဲ ငါတို့ထဲမှာ နန်ရှောင်းကပဲ အသောက်နိုင်ဆုံးပဲ ကျင်းစစ်းဟန့်လည်း သောက်နိုင်တယ် နင်အဆိုးဆုံးပဲလေ”

သူမ နန်ရှောင်းအကြောင်းမပြောလာခင်ကအထိ အဆင်ပြေနေသေးပေမဲ့ သူမ နန်ရှောင်းနာမည်ထုတ်ပြောလာတဲ့အခါ လင်းစန်းနော့ရဲ့ မျက်လုံးတွေက မည်းနက်လာပြီး သူ့လက်ထဲက ဝိုင်တွေကို လောင်းထည့်နေတဲ့လုပ်ဆောင်ချက်က ပိုပြီးတော့မြန်ဆန်လာတယ်။

“ချချချ စန်းနော့ ကျားယို့! မင်းကဒီနေ့အလန်းဆုံးပဲ” အခန်းဖော်တွေက မြှောက်ထိုးပင့်ကော်အော်ဟစ်လာတယ်။


အစကတော့  သူမက ကိုယ့်အသက်ရှုသံကို ထိန်းထားပေမဲ့ သူက သူမနဲ့ပတ်သက်ပြီး လုံးဝဂရုမစိုက်သလိုလုပ်နေတာကြောင့် ရှီးနဉ် ပိုပြီးတောင်ဒေါသထွက်လာတယ်။

လင်းစန်းနော့ လေးခွက်မြောက်လေးထည့်ပြီးသောက်ခါနီး နောက်ဆုံးတွင် ရှီးနဉ်က လုံးဝသည်းမခံနိုင်တော့ပေ။

သူမ သူ့ခွက်ကို လှမ်းဆွဲကာ “မသောက်နဲ့တော့”

သူမရဲ့လေသံက နည်းနည်းကျယ်သွားပြီး သူမရဲ့အမူအရာက အတည်ပေါက်ကြီးပင်။  ကျန်တဲ့သူတွေဟာ အဲ့တာကိုကြားလိုက်ရတဲ့အခါ တန့်သွားကြပြီး အကြည့်တွေအားလုံးက သူတို့ဆီကျရောက်ကုန်တယ်။

“အဲ့ဒီနှစ်ယောက်ရဲ့အခြေအနေက ဘာတွေလဲ” ကျန်းယွင့်ယန်က ယန်ဖေးကို လေသံတိုးတိုးလေးဖြင့်မေးလိုက်တယ်။

ယန်ဖေး “ နှစ်ယောက်သား 80% လောက်  တစ်ခုခုကို နားလည်မှုလွဲနေတယ်လို့ ထင်တယ် လွန်ခဲ့တဲ့နှစ်ရက်လောက်ကရှီးနဉ် ထူးဆန်းနေတယ်လို့ ပြောခဲ့ဖူးတယ်လေ   သူတို့တွေကတစ်ယောက်နဲ့တစ်ယောက် ကြိုက်နေကြတာ ဒီလောက်အသိအသာကြ‌ီးကို အချင်းချင်းဘာတွေဖြစ်နေကြတာလဲဆိုတာ ချစ်တော့ မသိဘူး”


ကျန်းယွင့်ယန်က အရိပ်အကဲသိတဲ့သူတစ်ယောက်ပင် ။ သူ့ကောင်မလေးက ထိုသို့ပြောလာတာကိုကြားပြီးနောက် ပြုံးလိုက်မိပြီး ရှီးနဉ်ကိုပြောလိုက်တယ်။ “ဟေ့ ရှီးနဉ် မင်းနဲ့ငါတို့ရဲ့စန်းနော့က ဘယ်လိုဆက်ဆံရေးမျိုးလဲ သူ ဘယ်လောက်ပဲ သမာသမတ်ကျကျပါ မင်းက သူ့ကို ဘာအရက်မှသောက်ခွင့်မပေးတာတော့မဟုတ်သေးပါဘူးကွာ”

လင်းစန်းနော့က ရှီးနဉ်ဆီကနေ ဝိုင်ခွက်လုနေရာကနေ ရပ်တန့်သွားပြီး သူမကို စိုက်ကြည့်လိုက်သည်။

ရှီးနဉ်က ဒေါသထွက်နေကာ လင်းစန်းနော့ကို ပြန် စိုက်ကြည့်ပြီး သူ့ခေါင်းကိုလှည့်ပြီး ကျန်းယွင့်ယန်ကို ယဉ်ကျေးပျူငှာတဲ့အပြုံးလေးနဲ့ပြောလိုက်တယ်။

“သူက  ငါ့သားပဲ”

(T/N: ဟဲ့ ရီသေပြီ😭🙏🏻)



သူမထိုသို့ပြောလိုက်တာနဲ့ အဲ့မှာရှိတဲ့လူတိုင်းက ရှီးနဉ်ကို လက်မတွေထောင်ပြလာတော့တယ်


လင်းစန်းနော့: “ကိုယ့်မှာ ကိုယ့်ထက် အသက်ငယ်တဲ့ အမေမျိုးမရှိဘူး ခွက်ပြန်ပေး”

သူက ပြောလဲပြော သူ့ဝိုင်ခွက်ကိုလည်းပြန်တောင်းယူလာသည်။

“သောက်ခွင့်မရှိဘူးလို့ပြောရင် မသောက်ရဘူးလေ” သူ သုံးခွက်သောက်ပြီးမူးနေပြီဖြစ်တယ်။ မသောက်တတ်တဲ့သူက ရုတ်တရက်ကြီး အရက်အလွန်အကျွံ အများကြီးသောက်မိလိုက်မယ်ဆိုရင် သောက်ပြီးသွားတဲ့နောက် သူ့အစာအိမ် မအီမသာဖြစ်လာလိမ့်မယ်။

“နင် ဒါကိုပဲသောက်”

ရှီးနဉ်က သူမရဲ့ရှေ့က ဖျော်ရည်ခွက်ကို သူ့ဆီ မာန်ပါပါ တွန်းပို့လိုက်တယ်။ လင်းစန်းနော့က ဖျော်ရည်ခွက်ကို စိုက်ကြည့်နေမိသည်။


ဒါက သူမ သောက်ထားခဲ့တဲ့ဟာ။ ရှီးနဉ်က ဒီနေ့ မိတ်ကပ်လိမ်းလာတာမို့ ဖန်ခွက်ပေါ်မှာ သူမရဲ့နှုတ်ခမ်းနီအရာလေးနည်းနည်းကျန်ရစ်နေလေသည်။


သူ့အနေနဲ့ အရက်ထပ်သောက်ဖို့ရာ မလျှော့တမ်း ဆက်ပြောမနေတော့ဘဲ အားလုံးရဲ့ရှေ့မှာ သူဟာ ရှီးနဉ် တွန်းပို့ပေးလာတဲ့ ဖျော်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ကျိုက်တည်းသောက်ချပစ်လိုက်တော့သည်။

ပြီးတော့ သူ့နှုတ်ခမ်းရဲ့ဦးတည်ရာဘက်ဟာ ရှီးနဉ်ရဲ့နှုတ်ခမ်းနီရာ ကျန်ခဲ့တဲ့နေရာနဲ့ ကွက်တိကို ကျနေတယ်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now