【𝖴𝖭𝖨𝖢𝖮𝖣𝖤】
Translated by SweOo4
ရင်းနှီးမြုပ်နှံသူရောက်လာတယ်လို့ကြားတာနဲ့ အဖွဲ့သားတွေအားလုံးချက်ချင်းဆိုသလိုလုပ်လက်စကိုရပ်လိုက်ကြပြီး ဒါရိုက်တာ၊သရုပ်ဆောင်များနှင့်အတူ ကျင်းရှန်း ကိုကြိုဆိုနှုတ်ဆက်ကြတယ်။
ကျင်းရှန်းက သူ့လက်ကိုမြှောက်လိုက်ပြီး လူတိုင်းကိုလှုပ်ရှားနေမှုတွေရပ်တန့်ဖို့အချက်ပြလိုက်တယ်။
သူဟာရိုက်ကွင်းနေရာသို့ဆက်လျှောက်သွားပြီး ရန်သူဘက်ကမင်းသားအဖြစ်သရုပ်ဆောင်တဲ့ဗီလိန်က ကျင်းရှန်းကိုမြင်ပြီးတဲ့နောက် သူရဲ့အထက်စီးဆန်စိတ်ကြီးဝင်နေတဲ့အသွင်အပြင်ကနေပြောင်းလဲသွားသည်။
သူ့မျက်နှာမှာအပြုံးတို့နဲ့ပြည့်နှက်နေပြီး ခေါင်းညိတ်ပြလိုက်ကာစကားဆိုလိုက်တယ်။
“မင်္ဂလာပါ မစ္စတာကျင်း”
ကျင်းရှန်း သူ့ကိုလျစ်လျူရှုလိုက်ပြီး ကျင်းစစ်းဟန့်ကို တိုက်ရိုက်ငုံ့ကြည့်လိုက်တယ်။
ကျင်းစစ်းဟန့်သည်သူ၏ရိုက်ရမည့်အခန်းပြီးကတည်းက ထိုင်နေခဲ့ပြီး ကျင်းရှန်းကိုမြင်လိုက်ရချိန်မှာတော့မတ်တပ်ရပ်လိုက်သည် ။
သူ့အစ်ကိုဘာကြောင့်အဲဒီမှာရှိနေတာလဲ၊ ဒါမှမဟုတ်ဒီဒရာမာမှာဘာကြောင့်ရင်းနှီးမြှုပ်နှံသူဖြစ်နေရတာလဲလို့ သိချင်စိတ်နဲ့မျက်မှောင်ကြုတ်လိုက်တယ်
ကျင်းရှန်း သူ့ဆီသို့လျှောက်လာပြီး သူ့မျက်နှာပေါ်ကနီရဲနေတဲ့ဒဏ်ရာကိုထိလိုက်တယ်။
“မင်းအဖွဲ့က ဒီလိုဒရာမာမျိုး သရုပ်ဆောင်နေတာလား၊ အားလုံးက တကယ့်အစစ်အမှန်တိုက်ခိုက်ရတာလား?”
ဒါရိုက်တာက ချက်ချင်းပြန်ဖြေတယ်။
“ရိုက်ချက်၏အကျိုးသက်ရောက်မှုတွေမလိုအပ်ဘဲ သရုပ်ဆောင်များ၏ဆန္ဒအပေါ်မူတည်ပြီးတော့ တကယ့်အစစ်အမှန်တိုက်ခိုက်မှုတွေက ပိုမိုစစ်မှန်တဲ့ခံစားချက်ကိုပေးစွမ်းတာကြောင့် တကယ့်တိုက်ခိုက်ခန်းတွေအသုံးပြုဖို့ကျွန်တော်တို့ကြိုးစားကြည့်နေတာပါ။”
“ဒါဆို”
ကျင်းရှန်းခေတ္တရပ်ကာလှည့်လိုက်ပြီး လူအုပ်ကြားကိုအကြည့်ရွှေ့လိုက်ကာ ဒီဒရာမာမှာ အမျိုးသားဇာတ်ဆောင်အဖြစ် သရုပ်ဆောင်တဲ့ လင်းဖန်ကိုကြည့်လိုက်တယ်။
“မင်းက လင်းဖန်မဟုတ်လား? ငါမင်းကိုကြားဖူးတယ်၊ မင်းဟာ ဒီဒရာမာရဲ့ အမျိုးသားဇာတ်ဆောင်ဖြစ်ပြီး ရေပန်းအစားဆုံးသရုပ်ဆောင်တစ်ယောက်ဆိုလည်းဟုတ်တယ်။”
လင်းဖန်က ချက်ချင်းပြုံးပြီး ပြောလိုက်တယ်။
“မခံယူဝံ့ပါဘူး။ အားလုံးကသရုပ်ဆောင်အရမ်းကောင်းကြပါတယ်။”
ကျင်းရှန်း ကနောက်တစ်ကြိမ် ထပ်မေးတယ်။
“ရိုက်ကွင်းမှာ မင်းလည်းတကယ်ပဲ အရိုက်ခံရတာလား?”
လင်းဖန်သည် ခဏမျှအေးခဲသွားပြီး အမှန်အတိုင်းပဲဖြေလိုက်တယ်။
“ဒါ...တကယ်မဟုတ်ပါဘူး။”
အဲ့ဒီအချိန်မှာကျင်းရှန်း ပြုံးလိုက်တယ်။
“ဒါဆို ကြီးမားတဲ့တိုက်ခိုက်ခန်းဇာတ်ကွက်ကအတုအယောင်ပေါ့ ဒါပေမယ့်သရုပ်ဆောင်အသစ်တွေပဲတကယ်လုပ်ရတာပေါ့”
ဒီစကားကို ပြောပြီးတာနဲ့ တစ်ဖွဲ့လုံး ရှက်ရွံ့စွာ ငြိမ်ကျသွားတယ်။
အထူးသဖြင့် ဒါရိုက်တာပေါ့။
ဒါရိုက်တာက ဒီရင်းနှီးမြုပ်နှံသူဟာဘယ်လိုဖြစ်လို့ဝင်စွက်ဖက်နေတယ်ဆိုတာကို တကယ်နားမလည်ဘူး၊ သရုပ်ဆောင်အသစ်တွေက နာမည်ကြီးကြယ်ပွင့်တွေထက် အရေးပေးဆက်ဆံရမှုနည်းတယ်။ ဤသည်မှာ ဒီလောကရဲ့ မူလစည်းမျဉ်းလိုပင်ဖြစ်နေခဲ့ပြီးဖြစ်သည်။
ထို့အပြင် ရိုက်နှက်မှုသည် ရုပ်ရှင်ရိုက်ရန်အတွက်ကြောင့် မဟုတ်ပေ။ အသစ်ဝင်လာသူများသည် လေးစားမှုပိုရှိသင့်ပြီး ထုတ်လုပ်သူမှ ကိုယ်တိုင်ကိုယ်ကျ တတိယမြောက်အမျိုးသားဇာတ်ဆောင်နေရာအတွက်ကျင်းစစ်းဟန့်ကိုသရုပ်ဆောင်ဖို့အကြံပြုထားသည်။
သူ၏ သာလွန်ကောင်းမွန်သော ရုပ်ရည်အသွင်အပြင်နှင့် သရုပ်ဆောင်မှုစွမ်းရည်ကို ကြည့်ပြီး အမှန်အတိုင်းပြောရလျှင် ထိုအမျိုးသားဇာတ်ဆောင်နံပါတ်သုံးနေရာကို ရန်သူဘက်မှမင်းသားအဖြစ် သရုပ်ဆောင်နေသော ကျိုးဟယ် အားပေးရန်စီစဉ်ထားပြီးသား သရုပ်ဆောင်အသစ် ကျင်းစစ်းဟန့်ထက် ကျိုးဟယ်သည်လုပ်သက်စီနီယာပိုကျပြီးလူကြိုက်များကျော်ကြားမှုလည်းပိုမြင့်သည်။
ကျိုးဟယ်သည် တတိယအမျိုးသားဇာတ်ဆောင်နေရာကို နှစ်သက်သော်လည်း နောက်ဆုံးမှာတော့ သူသည် ကျင်းစစ်းဟန့်အား ထိုအမျိုးသားဇာတ်ဆောင်နေရာကို ပေးခဲ့ရသည်။
ကျိုးဟယ် မကျေနပ်တာကိုသူသိသည်။ အဖွဲ့သားများ၏ သဟဇာတဖြစ်မှုကို ထောက်၍ ဒါရိုက်တာသည် ရုပ်ရှင်ရိုက်ကူးရင်းနဲ့ အသစ်ဝင်လာသူများကိုနှိပ်ကွပ်သည်။
ဒါရိုက်တာကဒါတွေကို တွေးနေတုန်း ထုတ်လုပ်သူက သူ့ကို အပြင်းအထန် မျက်စိတစ်ဖက်မှိတ်ပြနေတာကို သတိထားမိလိုက်တယ်။
ဒီက ငါ့ညီအစ်ကိုရေ ငါကမင်းကိုဒီ 15 သို့မဟုတ် 16 နှစ် ညီလေးကို အလားအလာရှိလို့ ဦးဆောင်သူအဖြစ် အကြံပေးတာလို့ မင်းတကယ်ထင်နေတာလား?
အလားအလာအများကြီးရှိတာပေါ့!
ဘာလို့လဲဆိုတော့ သူ့ရဲ့နောက်မှာကျောထောက်နောက်ခံတစ်ယောက်ရှိနေတယ်လေ။
“သရုပ်ဆောင်အသစ်တွေဟာ သရုပ်ဆောင်စွမ်းရည်ချို့တဲ့ပြီး ရိုက်ကူးရေးတွင် ချို့ယွင်းချက်များ ရှိနေတယ်။ သူတို့ကျွမ်းကျင်စွာ မရိုက်ကူးနိုင်ဘဲ၊ အဖြစ်အပျက်အမှန်တကယ် ဖြစ်လာတဲ့အခါ သဘာဝအကျဆုံးတုံ့ပြန်မှုကိုသာ အားကိုးနိုင်တယ်”
“ဒါကြောင့် ကျင်းစစ်းဟန့်၏ ကိုယ်ပိုင်ထင်မြင်ချက်ကိုမေးမြန်းပြီးနောက် ၎င်းတို့အားလုံးသည် အစစ်အမှန်တိုက်ခိုက်ခန်းကိုအသုံးပြုကြတာ”
ကျင်းရှန်း နားထောင်နေစဉ် မျက်လုံးတွေမှေးကျဉ်းလိုက်ပြီး ကျင်းစစ်းဟန့်ဆီကို ခေါင်းလှည့်ကြည့်လိုက်တယ်။
“ဒါက မင်းဖြစ်ချင်တဲ့ ဖျော်ဖြေရေးသမားလား? အရိုက်ခံရလိုက် ထိုးကြိတ်ခံရလိုက် သဲအိတ်တစ်အိတ်လိုကန်ကျောက်ခံရလိုက်နဲ့ပေါ့?”
ကျင်းစစ်းဟန့် သူ့အစ်ကို၏ ကဲ့ရဲ့ ရှုံ့ချခြင်းကိုခံလိုက်ရပြီး ကျေးဇူးကောင်းကောင်းမတင်ဘဲကို ဒေါသတကြီး ရေရွတ်လိုက်တယ်။
“ကျွန်တော့်ကိုယ် ကျွန်တော်အနုပညာအလုပ်တွေထဲမှာ မြှုပ်နှံထားတာ အစ်ကို နားမလည်ပါဘူး”
ကျင်းရှန်း က မထီမဲ့မြင်ပြု လှောင်ပြောင်ရယ်မောလိုက်တယ်။ “ရိုက်နှက်ခံရဖို့ မြှုပ်နှံထားတာလား?”
သူတို့နှစ်ယောက်ကြား စကားဝိုင်းသည် ပတ်ဝန်းကျင်ကလူတွေ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို သတိမထားမိလောက်အောင်ကို ရူးမိုက်ခဲ့ကြတယ်။
သူတို့နှစ်ဦး၏ ချောမောသောအသွင်အပြင်နှင့် မျိုးရိုးအမည်များအရ ၎င်းတို့နှစ်ဦးသည် ညီအစ်ကိုများဖြစ်နိုင်သည်ဟု မကြာမီအချိန်အတွင်း ခန့်မှန်းနိုင်ခဲ့ကြသည်။
သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို အားကိုးပြီး အသစ်ဝင်လာသူတွေကို အမြဲအနိုင်ကျင့်ကြတဲ့ ရလဒ်ကတော့ အသစ်ကလေးဟာ ကျောထောက်နောက်ခံရှိတဲ့ သူတစ်ယောက်ဖြစ်နေတယ်။
ဇာတ်ညွှန်းမှာ ရေးသားထားတာထက် ရိုက်ကွင်းကအဖြစ်အပျက်သည် ပိုစိတ်လှုပ်ရှားစရာကောင်းတယ်။
အဖွဲ့ထဲကလူတွေက အွန်လိုင်းမှာဖရဲသီးစားနေတဲ့အမူအရာကနေ ချက်ချင်းပြောင်းသွားခဲ့တယ်။
ရန်သူတိုင်းပြည်မှမင်းသားအဖြစ် သရုပ်ဆောင်တဲ့ဒုတိယမြောက်ဇာတ်လိုက် ကျိုးဟယ်သည် ကျင်းရှန်း၏ ထိုစကားကိုကြားပြီးနောက် ပြာနှမ်းသွားခဲ့တယ်။
ကျင်းရှန်းကို မယုံကြည်နိုင်စွာနဲ့ ကြည့်နေမိတယ်
ကျင်းရှန်း အဖွဲ့ထဲသို့ ပထမဆုံးရောက်သည့်နေ့မှစ၍ သူဟာ ကျင်းစစ်းဟန့်ကို မကျေမနပ်ဖြင့် ကြည့်နေခဲ့တယ်။အစပိုင်းမှာ သူသည် တတိယမြောက်အမျိုးသားဇာတ်ဆောင်ရဲ့ အခန်းကဏ္ဍကို အလွန်နှစ်သက်ဖွယ်ကောင်းသော အနေအထားတစ်ခုအဖြစ်မြင်ခဲ့ပြီး ယင်းဇာတ်ရုပ်ကို သရုပ်ဆောင်ချင်ခဲ့သည်။
ဒါပေမယ့် ဒါရိုက်တာက ပွဲဦးမထွက်ရသေးတဲ့ မင်းသားအသစ်ကို သူ့ ဇာတ်ညွှန်းပေးလိုက်တော့ သူအနေနဲ့ ဘယ်လိုမှ ဒေါသမထွက်ဘဲနေနိုင်ပါ့မလား
ဒါတောင် ရုပ်ရှင်ရိုက်ကူးနေရင်းကပဲ သူ၏ဒေါသများကိုထုတ်ပြနိုင်သည်။
ဒါပေမယ့် မစ္စတာကျင်း အခုလုပ်နေတာက သူ့ကိုပြောင်ပြောင်တင်းတင်းကိုအနိုင်ကျင့်နေတာပါပဲ!
ကျင်းစစ်းဟန့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်တယ်။
“ဒီရိုက်နှက်ခံရတာက အစစ်အမှန်မဟုတ်ဘူး၊ ငါတို့ကလုပ်ဖော်ကိုင်ဖက်တွေပါ နောက် နောင်ပြန်ဆုံခဲ့ရင်ငါတို့ကသဟဇာတဖြစ်ပြီးသားပါ။”
ကျိုးဟယ် သူပြောတာကြားတော့ စိတ်သက်သာရာ ရသွားတယ်။
ကျင်းရှန်း သည် ရူးသွပ်သူတစ်ဦးဖြစ်သော်လည်း ကံကောင်း ထောက်မစွာပင် ကျင်းစစ်းဟန့် သည် နားလည်တတ် သူတစ်ဦးဖြစ် နေဆဲဖြစ်သည်။
မထင်မှတ်ပဲကျင်းစစ်းဟန့် က သူ့ကို လှမ်းကြည့်ပြီးနောက်ထပ်ပြောလိုက်တယ်။
“ဒါပေမယ့် စီနီယာကျိုး က ဒီအခန်းရိုက်ကူးရေးမှာ သိပ်အဆင်မပြေပုံပဲ သူ့မှာ အကြိမ်ပေါင်းများစွာNG ဖြစ်နေတယ်၊ ဒါဆိုကျွန်တော်တို့နောက်တစ်ကြိမ်ကျရင် ကျွန်တော်က ဒီဗီလိန်နေရာမှာသရုပ်ဆောင်ကြည့်လို့ဘာလို့မရနိုင်ရမှာလဲ?ပြောလို့မရဘူး အစ်ကိုအတုယူစရာတွေတောင်ရှာတွေ့နိုင်လောက်တယ်? ”
ကျိုးဟယ်က ထိတ်လန့်သွားပြီး ချက်ချင်းပဲ ကန့်ကွက်လိုက်တယ်။
“ကျွန်တော်ငြင်းပယ်တယ်၊ လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်အခန်းကဏ္ဍကို မှန်မှန်ကန်ကန်သရုပ်ဆောင်နိုင်ရင် ပြောင်းလဲစရာမလိုပါဘူး။ ဒါရိုက်တာ၊ ခင်ဗျားဒီယုတ္တိမတန်တဲ့တောင်းဆိုမှုတွေကို သဘောတူရင် ကျွန်တော်ဆက်ရိုက်ကူးတော့မှာမဟုတ်ဘူး!”
ဒါရိုက်တာ မျက်ခုံးတွန့်သွားတယ်
သူ့အပေါ် မောက်မာစွာပြောဆိုနေကာ နိုင့်ထက်စီးနင်းလုပ်နေသူကို သူ လက်မခံနိုင်ဘဲ ထုတ်လုပ်သူသည် သူ့ထံရောက်လာပြီး သူ့ကို ဆွဲလိုက်ရင်း တစ်ခုခုပြောလိုက်တယ်။
“မင်းရဲ့ ပါးစပ်ပိတ်လိုက်စမ်း! မစ္စတာကျင်းရှန်း ကငါတို့ရုပ်ရှင်ရဲ့ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူတစ်ယောက် သူ့အတွက်က ဒီရင်းနှီးမြုပ်နှံမှုပရောဂျက်ဆိုတာ အပျော်သက်သက်ပဲ၊ ဒါပေမယ့် ငါတို့အတွက် ဒီပရောဂျက်က ငွေဝင်မယ့်အဓိကသော့ပဲ သူ့ကိုဒေါသထွက်စေလိုက်ရင် မင်းကဒီဇာတ်ကားကိုတာဝန်ယူမှာလား?”
ကျင်းရှန်း : "မင်းမရိုက်ကူးချင်ဘူးဆိုရင် ဖျက်သိမ်းလိုက်တဲ့ နစ်နာကြေးကို မင်းပေးချေနိုင်တယ်။ မနက်ဖြန်မှာ မင်းလူသစ်တွေကို အနိုင်ကျင့်တဲ့သတင်းနဲ့တရားမဝင်ပစ္စည်းအမျိုးအစားအားလုံးရဲ့အကြောင်း သတင်းကြီးပြီး hot search မှာရောက်နေစေရမယ်”
"ခေါင်းကြီးပိုင်းတွေနဲ့ ရှာဖွေမှုအများဆုံးစာရင်းတွေရောက်တဲ့အထိလုပ်နိုင်တာကိုမင်း အံံ့ဩမနေနဲ့၊ ငါ မင်းအတွက် ဒါတွေကိုဝယ်ပေးလိုက်မှာမို့လို့ပဲ”
အဆုံးမှာတော့ ဤလောကတွင် ဆက်လက် နေနိုင်ရန်အတွက် ကျိုးဟယ် သည်ထိပ်တိုက်တွေ့ဆုံခန်းကို နာခံမှုရှိရှိနဲ့ဆက်ပြီးရိုက်ကူးနေဆဲဖြစ်သည်။
လူတိုင်းကိုအံ့အားသင့်စေတာက အကျင့်စာရိတ္တကောင်းသူဖြစ်တဲ့ ဒီညီငယ်လေးက ရက်စက်ကြမ်းကြုတ်တဲ့ဗီလိန်တစ်ယောက်ရဲ့ပုံရိပ်ကိုအပြည့်အဝပုံဖော်နိုင်ခဲ့ပေမယ့် စည်းကမကိုတော့မချိုးဖောက်ခဲ့ပါဘူး။
သူဟာ ကျိုးဟယ်ထက်ပို၍ ရက်စက်သော်လည်း အချိန်အတော်ကြာ စိတ်ဓာတ်ကျအုံ့မှိုင်းနေတဲ့ အသွင်ပြောင်းလဲနေမှုကိုတွက်ဆထားသည်။
ကျင်းရှန်း ပေါ်လာပြီးသည်နှင့် ရှီးနဉ်နဲ့အခြားသူတွေက သူတို့လုပ်စရာ ဘာမှမလိုတော့ကြောင်း သိလိုက်ရတယ်။
နောက်ဆုံးတော့ ကျင်းစစ်းဟန့်ကိုအလွယ်တကူ ရပ်တည်ပေးမယ့်သူတစ်ယောက်ရှိနေခဲ့တာပဲ
ဒီအချိန်နောက်ပိုင်း နောက်ထပ်အသစ်ဖြစ်တဲ့ကျင်းစစ်းဟန့်ကို ဘယ်တစ်ယောက်မှ အထင်မသေးရဲကြတော့ပေ။ ကျင်းစစ်းဟန့် နဲ့ ကျိုးဟယ်တို့ရဲ့ နောက်ရိုက်ကူးရေးကတော့ စည်းကမ်းရှိစွာနဲ့လှည့်စားမှုတွေ ထပ်မလုပ်ခဲ့ပါဘူး။
အားနည်းသူနှင့်အားကြီးသူတို့ရဲ့ သဘောတရားနိယာမက ဒီနေ့လုပ်ရပ်မှာ ထင်ဟပ်နေခဲ့သည်။
နောက်ထပ်ရိုက်ကူးတဲ့ scene က ပုံမှန်သာဖြစ်ပြီး တီဗီစီးရီးကထုတ်လွှင့်ချိန်ထက် ရိုက်ကူးရေးက စိတ်လှုပ်ရှားစရာသိပ်မကောင်းဘူး။ ဒါက နောက်ပိုင်းအဆင့်တွင် တည်းဖြတ်ခြင်း၊ အထူးပြုလုပ်ချက်တွေအပေါ်မှာလည်း မူတည်တာမို့ပဲ။
ရိုက်ကူးမှုအလယ်လောက်ရောက်ချိန် ရှီးနဉ်သည် စတူဒီယိုထဲတွင် အလွန်အမင်း မွန်းကြပ်လာကာ ရုပ်ရှင်မြို့တော်ရှိ အခြားနေရာရှုခင်းများကို လှည့်ပတ်ကြည့်ရှုရန် ထွက်လာခဲ့တယ်။
သူမအပြင်မထွက်သွားခင် နန်ရှောင်းနဲ့တခြားသူတွေကိုပြောခဲ့ရတယ်။
ယန်ချန်းရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့ေတာ်သည် အမှန်ပင်လှပစွာ တည်ဆောက်ထားပြီး မြင်ကွင်းတိုင်းသည် သမိုင်းကြောင်းကိုချုံ့ပြထားသော စကြာဝဠာအသေးစားလေးအလားပင်။
ရှီးနဉ်သည်လှည့်ပတ်သွားလာခဲ့ပြီးနောက် ပြန်လာခဲ့တယ်။ သူမ တခြားသူတွေ ရိုက်ကူးနေတဲ့ ဇာတ်ရုံဘက်ကိုလျှောက်လာရင်း လမ်းမှာ ကျင်းရှန်း နဲ့ ဆုံသည်။
ကျင်းရှန်း သူမကိုမြင်တဲ့အခါ သူမဆီအရင်လျှောက်လှမ်းလာတယ်။
“တိုက်ဆိုင်လိုက်တာ ရှီးနဉ်လေး”
ရှီးနဉ် ပြုံးလိုက်တယ်။
“မစ္စတာကျင်းရယ် ကျွန်မကတိုက်ဆိုင်မှုဆိုတာကို မယုံပါဘူး”
သူမထွက်လာပြီး သိပ်မကြာခင်မှာပဲ ကျင်းရှန်း လည်း လိုက်ထွက်လာခဲ့သည်။ဒါကို တိုက်ဆိုင်မှုလို့ခေါ်ရင် ဘယ်သူက ယုံမှာတဲ့လဲ။
ကျင်းရှန်း မျက်ခုံးပင့်လိုက်တယ်။
“မစ္စတာကျင်းလို့ ခေါ်တာတော့ များလွန်းပါတယ် အနည်းဆုံးတော့ ကိုယ်တို့ မိသားစုနှစ်စုက ရင်းနှီးကျွမ်းဝင်ကြတဲ့သူတွေပဲလေ အစ်ကိုလို့ခေါ်တာက သိပ်တော့မလွန်လောက်ပါဘူးနော်”
ဘယ်သူကရှင့်ကို အစ်ကိုလို့ခေါ်ချင်နေလို့လဲ?
ကျွန်မမှာရှင့်ထက် အဆပေါင်း 10,000 ပိုကောင်းတဲ့ အစ်ကိုတစ်ယောက်ရှိပြီးသား။
ရှီးနဉ် စိတ်ထဲကနေဆဲဆိုနေလိုက်တယ်။
ကျင်းစစ်းဟန့်အပေါ် အတိတ်က ထိုသူလုပ်ခဲ့တဲ့အရာတွေကိုတွေးရင်း သူမရှေ့ကဒီလူကို မနှစ်မြို့ပါ။
ဒါပေမယ့် အခုချိန်မှာ သူသည်သူ၏ညီဖြစ်သူကို ကာကွယ်ပေးနေပုံနှင့်ပတ်သက်ပြီး သူ့အပေါ်ထားရှိသော ရှီးနဉ်၏အမြင်ကိုအနည်းငယ်ပြောင်းလဲစေတယ်။
ဒီလူက တစ်ခါတလေကောင်းပြီး တစ်ခါတစ်လေဆိုးသွမ်းတယ်၊ အကောင်းရောအဆိုးရောဒွန်တွဲနေတယ်။သူ့ကိုမြင်အောင်ကြည့်နိုင်ဖို့က ခက်ခဲတယ်။
“ဒါဆို အစ်ကိုကျင်းရှန်း ကျွန်မအရင်ဝင်နှင့်လိုက်ပါမယ်။”
ရှီးနဉ် ဒီလိုပြောပြီး ရှေ့ကို ဆက်လျှောက်လိုက်တယ်။
ကျင်းရှန်းက သူမကို ထပ်ခေါ်လိုက်သည်။
“အထဲမှာငြီးငွေ့စရာကောင်းတယ်၊ ဘာလို့ကိုယ်နဲ့အတူဒီအနီးအနား လမ်းလျှောက်ဖို့မလိုက်တာလဲ။ ရုပ်မြင်သံကြားနဲ့ရုပ်ရှင်မြို့တော်ကြီးမှာ ထူးကဲတဲ့အဆာပြေစားစရာတွေ အများကြီးရှိတယ်လို့ ကြားတယ်။လာသွားကြရအောင် ကိုယ်ဒကာခံပါမယ်။”
အမြဲလိုလိုတောင့်တင်းနေသောနှုတ်ခမ်းထောင့်တွင်အပြုံးလေးတစ်ခုဖြင့် နူးညံ့သောလေသံနဲ့သူပြောခဲ့တာမို့ ဘေးအိမ်ကနွေေးထွေးပြီး ချစ်ဖို့ကောင်းတဲ့အစ်ကိုတစ်ယောက်လို မြင်နေရသလိုပင်။
ရှီးနဉ်သာ ထိုသူဟာမည်သို့သောလူဖြစ်သည်ကိုမသိထားပါက သူမလည်းသူ၏အရူးလုပ်ခြင်းကိုခံရပေလိမ့်မည်။
“မလိုအပ်ပါဘူး အစ်ကိုကျင်းရှန်း တကယ်တော့ ကျွန်မတို့ကတစ်ယောက်နဲ့တစ်ယောက် မရင်းနှီးဘူးမဟုတ်လား? ရှင် ကျွန်မနဲ့ ရင်းနှီးအောင်ကြိုးစားဖို့တကယ်ကို မလိုအပ်ပါဘူး။”
ရှီးနဉ်ကသူနှင့်အတူ စိတ်ပိုင်းဆိုင်ရာဂိမ်းတွေမကစားချင်တာမို့ တိုက်ရိုက်ပဲပြောလိုက်တယ်။ ကျင်းရှန်းသည် စိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း အသံနိမ့်ဖြင့်ရယ်လိုက်ပြီး
“ရှီးနဉ်လေးကအရင်တုန်းကလိုဒေါသအိုးလေးဖြစ်နေတုန်းပဲ”
သူကနဖူးထောင့်ကအမာရွတ်ကို လက်ညှိုးဖြင့်ထိလိုက်ရင်းပြောလိုက်တယ်။
“ဒါကို မှတ်မိသေးလား?”
“ဒါကကိုယ့်ညီအတွက် မင်းချန်ထားခဲ့တာလေ၊ ကိုယ်ဘယ်တော့မှမမေ့နိုင်သလို အမြဲတမ်းအမှတ်ရနေတာရှီးနဉ်လေး”
ရှီးနဉ်သည် ဒီအစ်ကိုကြီး ဘာကိုဆိုလိုတယ်ဆိုတာလုံးဝနားမလည်သလို သူမကိုသွားခွင့်မပေးဘဲအတင်းအကျပ်စကားပြောနေခဲ့တယ်။ ဒီအကြောင်းတွေပြောပြီးနောက်ဆုံးတော့ အရင်ကအကြောင်းတွေ ပြန်ပြောဆိုနေပြန်သည်။
အမာရွတ်နဲ့ပတ်သတ်ပြီး ဘယ်လိုအမှတ်ရ ရမှာလဲ?
ကလေးဘဝတုန်းကသူမ သူ့ကိုနာကျင်စေခဲ့တာကိုမှတ်ထားပြီး သူဒီအာဃာတတွေကိုဆုပ်ကိုင်ထားတုန်းပဲလား?
“အစ်ကိုကျင်းရှန်း ဒီကိစ္စကိုပြန်အစဖော်နေတာက ငါ့ကို ပြန်ပေးဆပ်ခိုင်းစေချင်နေတာလား? ”
ရှီးနဉ်ဟာ မှုန်ကုပ်ကုပ်မျက်နှာနဲ့ မေးလိုက်တယ်။
ကျင်းရှန်းသည် အစ်ကိုဖြစ်သူကသူ၏ညီမငယ်လေးကိုစိတ်အနှောင့်အယှက်ဖြစ်စေရန် စနောက်သည့်ပုံစံရည်ရွယ်ခဲ့သည်။ ဒါပေမယ့် ဒီကောင်မလေးကလုံးဝစိတ်ဝင်စားမှုမရှိဘဲနေမယ် ကို သူ မမျှော်လင့်ခဲ့ဘူး။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?မင်းသမီးလေး ဘာလုပ်လုပ်မှန်တဲ့အပြင် ကျေးဇူးလည်းတင်ပါတယ်။ အဲဒီတုန်းက ကိုယ် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘဲ ကိုယ့်ညီကို နာကျင်စေခဲ့တယ်။ သူ့ကိုကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။”
“ရှင့်ညီအပေါ်မှားခဲ့တာကိုသိပြီဆိုတော့ နောက်နောင် စစ်းဟန့်အပေါ်ကောင်းပါ။” လို့သာ ရှီးနဉ် ပြောလိုက်တယ်။
“ဒါသဘာဝကျပါတယ် ကိုယ်သူ့အပေါ်အကြွေးတင်နေတာကို ပြန်ပေးဆပ်ရင်းကိုယ့်ဘဝကိုကုန်ဆုံးသွားမှာပါ”
ကျင်းရှန်းသည် ထိုစကားမ်ားကိုပြောပြီးနောက် သူသည်ရှီးနဉ်ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ပြုံးလိုက်တယ်။
“အဲ့ကလေး မင်းကိုလိုက်နေတာသိပ်မကြာသေးဘူးလို့ ကိုယ်ကြားတယ်”
ရှီးနဉ် : “အစ်ကိုကြီးရယ် ရှင်အတွေးလွန်နေပါပြီ။ ကျွန်မတို့ကငယ်ငယ်ကတည်းကသူငယ်ချင်းကောင်းတွေပါ”
ကျင်းစစ်းဟန့်သည် ယခုအချိန်တွင် သူမအပေါ် အမှန်တကယ် တွယ်ကပ်နေသော်လည်း ရှီးနဉ်အဖို့ သူမနဲ့သူ၏ဆက်ဆံရေးကောင်းမွန်ပြီး ကလေးဘဝကတည်းက မိခင်မေတ္တာကင်းမဲ့မှုကြောင့်သူက သူမနဲ့ပိုကပ်တာလို့ ခံစားခဲ့ရသည်။
“ကိုယ့်ရဲ့ညီက ကလေးဆန်လွန်းတယ်။ တကယ်ကိုစိတ်မချမိပါဘူးဗျာ သူဒီနေ့မှာတစ်မျိုးဆိုပေမယ့် နောက်နေ့ကျရင်တစ်မျိုးဖြစ်ချင်ဖြစ်နေတာ”
သူထိုစကားများပြောနေချိန် သူ့ရဲ့ဆွဲငင်နိုင်တဲ့အသံခပ်နိမ့်နိမ့်နှင့်အတူ ရှီးနဉ်ထံသို့ ခြေတစ်လှမ်းချင်း ရောက်လာသည်။
“ရှီးနဉ်လေး သူထက် ပိုသာတာမျိုးကို ရွေးချယ်သင့်တယ်။”
ကျင်းရှန်းသည် သူမ တွေ့လေ့ရှိသောယောက်ျားလေးများနှင့်မတူကွဲပြားသည်။ သူသည် ပို၍ရင့်ကျက်ပြီး ယောက်ျားပီသသည်။ သူ၏သားကောင်ဖမ်းသည့်မျက်လုံးများနှင့် နီးကပ်လာသည်နှင့်အမျှ ရှီးနဉ်အနေနဲ့ ဖိနှိပ်ထားမှု ကို ခံစားလာရသည်။
သူမ မထိန်းနိုင်ဘဲနောက်ဆုတ်လိုက်ကာ မျက်ခုံးတွန့်ချိုးလိုက်မိသည်။
ကျင်းရှန်း နှုတ်ခမ်းကွေကာ ပြုံးလိုက်တယ်။
မည်မျှပင် လိမ္မာပါးနပ်သည်ဖြစ်စေ သူမသည် ငယ်ရွယ်သေးပြီး အသွင်အပြင်သည် စာရွက်လွတ်တစ်ရွက်လိုပါပဲ။ သူ့ကို အခုချိန်မှာသတိမမူမိလို့ နောင်အနာဂတ်မှာဘာမှမဖြစ်တော့ဘူးလို့ မဆိုလိုပါဘူး။
“ရှီးနဉ်”
သူတို့နောက်က တစ်ယောက်ယောက်က ရှီးနဉ်ရဲ့နာမည်ကို ခေါ်လိုက်ပြီး ကျင်းရှန်း သူ ဟန့်နေတာကို ရပ်တန့်လိုက်တယ်။ သူခေါင်းကိုလှည့်လိုက်ပြီး သူတို့ဆီလျှောက်လာတဲ့လူကို လှမ်းကြည့်လိုက်တယ်။
လင်းစန်းနော့သည် သူတို့နှစ်ဦးရှိရာသို့ လျှောက်သွားကာ နှစ်ယောက်ကြားတွင် ပိတ်ရပ်လိုက်သည်။
“ကျင်းရှန်းကော တခြားဘာမှလုပ်စရာမရှိဘူးဆိုရင် ကျွန်တော်တို့အရင်ထွက်သွားပါရစေ”
သူ့လေသံက ပျော့ပျောင်းနေပေမယ့် ကျင်းရှန်းကတော့ သူမကျေမနပ်ဖြစ်နေတာကို မြင်နေရဆဲပါပဲ။
ကျင်းရှန်း ရုတ်တရက် ရယ်မောလိုက်ပြီး လင်းစန်းနော့ကို ကြည့်လိုက်တယ်။
“ရယ်စရာကောင်းလိုက်တာ၊ မင်းတို့ကလေးတွေ အားလုံး တကယ်ကိုအရွယ်ရောက်လာကြပြီပဲ"
လမ်းတစ်လျှောက် ခုနက ထိုသူ၏ ဖိအားများ လျော့ကျသွားသဖြင့် သူတို့တွေ ရိုက်ကွင်းရှိရာလမ်းဘက်သို့ လာခဲ့လိုက်ကြသည်။
ရှီးနဉ်ဟာ သူမပျော်မရွှင်ဖြစ်နေတာကို ခံစားလိုက်ရမိပြီး သူ့ကိုမေးလိုက်တယ်။
“ဘာမှားလို့လဲ? ရိုက်ကွင်းမှာတစ်ခုခုဖြစ်လို့လား?”
“မဖြစ်ပါဘူး။”
သူမ မေးချင်တာတွေကို သူဒီလိုတုံ့ပြန်ပြောဆိုချက်နဲ့ ပိတ်ပစ်လာတယ်။ ရှီးနဉ်လည်း ဘာပြန်ပြောရမှန်းကို မသိတော့ဘဲ သူ့နောက်ကနေပဲ တိတ်တိတ် လိုက်ခဲ့လိုက်သည်။
နှစ်ယောက်သား အတန်ကြာ လမ်းလျှောက်ပြီးနောက် လင်းစန်းနော့သည် မထိန်းနိုင်တော့ဘဲ ခေါင်းကိုလှည့်လိုက်ပြီးပြောလိုက်တယ်။
“နဉ်နဉ် နောက်ကျရင် ကျင်းရှန်း နဲ့ခပ်ဝေးဝေးနေ”
ရုပ်ရှင်စတူဒီယိုထဲမှာ ရှီးနဉ်ထွက်သွားတာကို သူတွေ့ခဲ့ပြီး သိပ်မကြာခင်မှာပဲ ကျင်းရှန်းလည်း လိုက်သွားခဲ့တယ်။ ယွိချူယောင်ရဲ့အကြောင်းကို သတိရလိုက်မိတော့ သူကမျက်လုံးပိုကျယ်သွားပြီး သူတို့ကို တကယ့်ကိုဆုံနေလိမ့်မယ်လို့မထင်ထားမိဘဲ နောက်ကနေလိုက်လာခဲ့ရုံသာ။
ကြီးပြင်းလာတာနဲ့အမျှ သူဟာတိတ်တဆိတ်နေလေ့ရှိတယ်။
တကယ်တော့ သူ့မျက်လုံးတွေက သူများတွေထက်ပိုပြီး ဂရုတစိုက်နဲ့ စောင့်ကြည့်နေခဲ့တာ။
လင်းစန်းနော့သည် လူမ်ားစြာကို သိမြင်နိုင်သည်ဟုတွေးထင်ခဲ့သော်လည်း ကျင်းရှန်း ကိုတော့မခန့်မှန်းနိုင်ပေ။ ကျင်းရှန်းက အန္တရာယ်များသောလူတစ်ယောက်ဖြစ်ကြောင်း သူ၏ ပင်ကိုယ်အသိစိတ်ကနေကို ပြောပြနေခဲ့တယ်။
“သူသာကျင်းစစ်းဟန့်ရဲ့အစ်ကိုမဟုတ်ရင် ငါသူ့ကို ဂရုစိုက်တောင်မနေပါဘူး”
ရှီးနဉ်ပြောလိုက်တယ်။
ထိုသို့ပြောပြီးနောက် လင်းစန်းနော့ကိုကြည့်ကာစစနောက်နောက်နှင့်
“ဘာလဲ သူငါအနိုင်ကျင့်မှာကို နင်ကစိုးရိမ်နေတာလား?”
လင်းစန်းနော့ ခေါင်းညိတ်လိုက်တယ်။
ကျင်းရှန်းဟာ သူတို့ထက် သစ္စာမဲ့သောလူ့အဖွဲ့အစည်းတွင်နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးနောက်သူတို့ရဲ့ လှည့်စားမှုတွေက အခုချိန်မှာ သူ့ကိုမယှဉ်နိုင်သေးပေ။
ကျင်းရှန်း ရှီးနဉ်ကို ပစ်မှတ်ထားမှာကို သူတကယ်ကြောက်နေခဲ့တာ။
သူအနည်းငယ်အရွယ်ရောက်လာတာနဲ့အမျှသူ၏အသွင်အပြင်ဟာ အရမ်းချစ်ဖို့ကောင်းလာတယ်၊ ရှီးနဉ်ခြေဖျားထောက်လိုက်ပြီး သူ့မျက်နှာကိုလက်နှစ်ဖက်နဲ့ ဖျစ်ညှစ်ချင်စိတ်ကိုမထိန်းနိုင်ပေ။
“ ကျင်းရှန်းကော ပြောသလိုပဲ ငါတို့ရဲ့စန်းနော့လေးကြီးပြင်းလာတာနဲ့အမျှ လူတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိလာတယ်”
လင်းစန်းနော့ သူမလက်တွေကိုဆုပ်ကိုင်လိုက်ပြီး မျက်မှောင်ကြုတ်ကာ လေးလေးနက်နက် ပြောလိုက်တယ်။
“ကိုယ် မင်းကို နောက်နေတာမဟုတ်ဘူး။”
ရှီးနဉ် သူမလက်တွေကို ပြန်ရုပ်လိုက်တယ်။
“သိပါပြီ၊ ငါကအရူးမဟုတ်ပါဘူး။”
ကျင်းရှန်းသည် ယခင်က သူမအား ဤကဲ့သို့ စိတ်အားထက်သန်မှုမရှိခဲ့ဘဲ ယခု သူမနှင့် ယခုလိုပြုမူခဲ့သည်။ ဖြစ်နိုင်ချေကတော့ ယွိချူယောင်ကိုပစ်မှတ်အဖြစ်သတ်မှတ်ထားရာမှ ယခုသူမက သူရဲ့ပစ်မှတ်အသစ်အဖြစ်ကိုပြောင်းလဲသွားခဲ့ပုံပင်။
အရင်တုန်းကကျင်းစစ်းဟန့်က သူ၏အစ်ကိုသည် သူ့ကို အလွန်အမင်းချုပ်ကိုင်လိုစိတ်ဆန္ဒပြင်းထန်ပြီး သူကလွဲလို့ဘယ်သူကမှ ကျင်းစစ်းဟန့်အပေါ် စစ်မှန်ကောင်းမွန်မှုမရှိဘူးလို့အမြဲယုံကြည်နေခဲ့တယ်လို့ပြောခဲ့ဖူးတယ်။
ယခုချိန်မှာသူမနဲ့ ကျင်းစစ်းဟန့် ပိုမိုရင်းနှီးလာနေပြီဟုသူမထင်ခဲ့သည်၊ ထို့ကြောင့် သူသည် သူတို့နှစ်ဦးကြားတွင်သဘောထားကွဲလွဲစေချင်နေပုံပင်။
ဒါပေမယ့် သူ့ကို အောင်မြင်ခံလိမ့်မှာမဟုတ်ဘူး။
သူတို့နှစ်ယောက် ရိုက်ကွင်းနေရာကို ပြန်ရောက်လာပြီးနောက်ကျင်းစစ်းဟန့် နှင့်စကားစမြည်ပြောနေတုန်း နန်ရှောင်းကိုခေါ်ပြီး နှုတ်ဆက်ကာ အိမ်ပြန်ခဲ့ကြသည်။
ကျင်းရှန်းကရိုက်ကွင်းတွင်ရှိနေသေးပြီးကျင်းစစ်းဟန့်အလုပ်ပြီးမှအတူထွက်ခွာရန် စောင့်ဆိုင်းနေသည့်အနေအထားတွင်ရှိနေသည်။
“အားလုံးပဲ နှုတ်ဆက်လိုက်ပါတယ်၊ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်!”
ရိုက်ကူးရေးနေ့ရက်တွေအပြီးမှာ ကျင်းစစ်းဟန့် ကရိုက်ကူးရေးအဖွဲ့သားတွေကိုနှုတ်ဆက်ပြီး ကျင်းရှန်း မောင်းလာတဲ့ကားထဲကိုဝင်သွားတယ်။
ကားထဲသို့ဝင်ပြီးနောက် ကျင်းရှန်းကသူ့ဆီကိုအင်္ကျီတစ်ထည်ကိုပစ်ပေးလိုက်တယ်။
“ခဏနေ ဆင်းရင် အပြင်မှာအေးနေပြီမို့ဝတ်ထားလိုက် ဗိုက်ဆာနေလား? ညဘက်သရေစာ ဘာစားချင်လဲ?"
ကျင်းစစ်းဟန့်သည်မေးတာကိုလျစ်လျူရှုလိုက်ပြီး ပွင့်ပွင့်လင်းလင်းပဲမေးလိုက်တယ်။
“အစ်ကို ကျွန်တော်တတိယဇာတ်ဆောင်နေရာကိုရတာအစ်ကိုနဲ့တော့ မဆိုင်ဘူးဟုတ်တယ်မလား?”
“ငါက မဟုတ်ဘူးလို့ပြောရင်မင်းယုံမှာလား?”
“ဒါပေါ့ ကျွန်တော်မယုံဘူး”
သူ့အစ်ကိုက ခပ်ဟဟရယ်ပြီး ဘာမှပြန်မပြောဘဲ တိတ်တိတ်လေး အသိအမှတ်ပြုလာသည်။
ကျင်းစစ်းဟန့်သည် ဖျော်ဖြေရေးနယ်ပယ်တွင် သူ့လက်သူ့ခြေကိုသာ အားကိုးရသည်ဟုမခံစားရဘဲ အခက်အခဲအားလုံးကိုဝါးမြိုစားသောက်ပြီးနောက် သူ၏ဦးခေါင်းကွဲအက်သွားပြီးကမ္ဘာကြီးပြိုလဲသွားသလိုပင်။
ရိုးရိုးသားသားပြောရရင်ဒီလူမှုနယ်ပယ်သည် အရင်းအနှီးမရှိတဲ့သူတွေသည် ရူးစေမှာပဲ။
သူ့ရဲ့ကိုယ်ပိုင်ခွန်အားကိုသာမမှီခိုချင်ဘဲ မိသားစုကိုအားကိုးခဲ့လျှင်ခက်ခဲမှာလည်းမဟုတ်သလိုစိတ်ဝင်စားစရာလည်း မလိုပေမယ့် ဒီနေ့ ဒီအခြေအနေမှာ သူ့အစ်ကိုကြီးကတော့ အရမ်းမိုက်တယ်။
သူ၏အစ်ကို သူ့ဘဝထဲ လွန်လွန်ကဲကဲ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အယူအဆကို သူတကယ် မကြိုက်ခဲ့တာပဲလေ။
ကျင်းရှန်းက သူ့အပေါ် ကောင်းတာတောင်မှ ကလေးဘဝတုန်းက အဖြစ်အပျက်တွေက သူ့အပေါ် တစ်သက်လုံး အရိပ်ကျန်နေခဲ့တယ်။
သူ့ကို အခုမြင်ရတဲ့အခါ ကြောက်လန့်စေတယ်။
ကျင်းစစ်းဟန့်စိတ်တည်ငြိမ်အောင်ထိန်းလိုက်ပြီး ထပ်မေးလိုက်တယ်။
“ဒီနေ့နဉ်နဉ် ထွက်သွားပြီးအစ်ကိုနောက်ကလိုက်ထွက်သွားတာကိုကျွန်တော်တွေ့လိုက်တယ်။ အစ်ကို သူ့ကို လိုက်ရှာတာတော့ မဟုတ်ဘူးမလား?”
အဲဒီအချိန်တုန်းက ရိုက်ကူးရေးလုပ်မနေဘူးဆိုလျှင် သူ့အစ်ကိုနောက်ကို သူလိုက်သွားလိမ့်မယ်။
“ဟုတ်တယ် ငါသူ့ကိုရှာဖို့ထွက်သွားတာ”
ကျင်းစစ်းဟန့်ချက်ချင်းကိုပေါက်ကွဲသွားတယ်။
“ကျင်းရှန်း ကျွန်တော်ခင်ဗျားကို သတိပေးနေတယ်နော် ခင်ဗျားကျွန်တော့်ကို လုပ်ချင်တာလုပ်လို့ရပေမဲ့ ရှီးနဉ်ကိုတော့ ခင်ဗျားလက်ဖျားနဲ့တောင်မထိနဲ့”
“ဘာလို့မဖြစ်နိုင်ရမှာလဲ? မင်းရဲ့မရီးအဖြစ် ရှီးနဉ်ကလွဲပြီး အခြားသင့်တော်တဲ့သူတစ်ယောက်မှမရှိဘူးလို့ငါထင်တယ်။ကျင်းမိသားစုနဲ့ ရှီးမိသားစုသာလက်ထပ်ခြင်းနဲ့ပေါင်းစည်းလိုက်ကြရင် ငါတို့မိသားစုက ယန်ချန်းရဲ့ ပထမဆုံးမိသားစုအဖြစ်ရှောင်မိသားစုနေရာမှာ အစားထိုးလိုက်နိုင်လိမ့်မယ်။ရှီးနဉ်ကအခုထိငယ်သေးပေမယ့် ကိစ္စမရှိပါဘူး။ငါစိတ်ရှည်ပါတယ်...”
သူမ ကြီးပြင်းလာတာကို စောင့်နိုင်တယ်... ဆိုတဲ့ သူစကားဆုံးအောင်မပြောလိုက်နိုင်ခင်မှာပဲ ချစ်လှစွာသောညီဖြစ်သူက သူ့မျက်နှာကိုထိုးကြိတ်လာ၏။
YOU ARE READING
Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||
Teen Fiction《 𝖲𝗍𝖺𝗍𝗎𝗌: 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 // 𝖾𝖽𝗂𝗍𝖾𝖽 𝗏𝖾𝗋𝗌𝗂𝗈𝗇》 𝖬𝗒𝖺𝗇𝗆𝖺𝗋 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 ❝穿成玛丽苏文里的女配❞ . 𝖮𝗋𝗂𝗀𝗂𝗇𝗂𝖺𝗅 𝖺𝗎𝗍𝗁𝗈𝗋: 一夜从灯 𝖤𝗇𝗀𝗅𝗂𝗌𝗁 𝗍𝗂𝗍𝗅𝖾: 𝖳𝗋𝖺𝗇𝗌𝗆𝗂𝗀𝗋𝖺𝗍𝗂𝗇𝗀 𝖺𝗌 𝖺 𝖬𝖺𝗋𝗒 𝖲𝗎𝖾 𝖢𝗁�...