အတန်းချိန်မှာ ရှီးနဉ်တစ်ယောက် စာမလိုက်နိုင်။

4.4K 622 27
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

လီကျင်းအတန်းက တခြားအတန်းတွေထက်ပိုသာလွန်လေသည်။[T/N: သူတို့ရဲ့အတန်းနာမည်ဖြစ်လောက်ပါတယ်]

ဆရာတွေက အခြေခံကျတဲ့သီအိုရီနဲ့ပတ်သက်တဲ့အသိပညာကိုဆို ဘယ်တာ့မှထပ်မပြောသလို မေးခွန်းတစ်ပုဒ်ကို နှစ်ကြိမ် သုံးကြိမ်လောက်စိတ်ရှည်ရှည်နဲ့သင်ကြားပေးလာလိမ့်မည်မဟုတ်ပေ။ အတန်းထဲက ကျောင်းသားကျောင်းသူတွေအနေနဲ့ သတ်မှတ်တဲ့အရည်အချင်းပြည့်မှီအဆင့်ကိုကောက်ရှိထားဖြစ်တာမလို့ ဆရာတွေက သူတို့ရဲ့ပို့ချချက်တွေကို သဘာဝကျကျအရှိန်မြင့်ပြီးအချိန်တိုတိုမြန်မြန်ဆန်ဆန်သင်ကြားပေးလေသည်။

သူမနားမလည်နိုင်ဘူးဆိုတာကို သဘောပေါက်လိုက်ပြီးတဲ့နောက် ရှီးနဥ်အနေနဲ့ ရိုးရိုးရှင်းရှင်းပဲ အရှုံးပေစလိုက်တော့တယ်။

“စန်းနော့ အထက်တန်းဒုတိယနှစ်က physics ကိုးကားချက်စာအုပ်တွေ နင့်မှာရှိသေးလား ငါတစ်ချက်လောက်ပြန်ကြည့်ဖို့ငှားပါ့လား”


လင်းစန်းနော့:“ကိုးကားချက်စာအုပ်တွေနဲ့ကိုယ့်ဘာသာကို လေ့လာချင်တာလား”


“ဟုတ်တယ်”


“ဒါဆို မင်းဘာလို့ကိုယ့်ဆီက ဖတ်စာစာအုပ်တွေပါဘာလို့မတောင်းရတာလဲ”

ရှီးနဥ်:“နင် အတန်းမှာဖတ်စာစာအုပ်သုံးဖို့လိုသေးတယ်လေ”

“အဲ့တာတွေမလိုဘူး” သူကပြောလိုက်သည်။ “ဒီစာအုပ်ထဲက အကြောင်းအရာတွေအားလုံးကို ကိုယ့်ဘာသာကိုယ် လေ့လာပြီးသွားပြီ”

ထိုသို့ပြောပြီးနောက် သူဟာ သင်ကြားရေးထောက်ကူပစ္စည်းတွေကို သူမအားပေးလာပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် physics အချက်အလက်စာအုပ်တစ်အုပ်ကို အံဆွဲထဲကနေ ဆွဲထုတ်လာပြီး စတင်လုပ်ဆောင်လာလေတော့သည်။

စာအုပ်တွေရရှိပြီးနောက် ရှီးနဥ် မျက်တောင်လေးပေကလပ်ပေကလပ်ဖြစ်နေကာ တစ်ခုခုပြောလိုက်မိသည်။

“အဲ့တာဆို ခုနက နင်ဘာလို့စာလိုက်သင်နေသေးတာလဲ”

သိသိသာသာကို သူမ စာအုပ်ကိုသူနဲ့အတူတူကြည့်မယ်လို့တောင်းဆိုတုန်းက သူ့အနေနဲ့ သူမကို မငြင်းဆန်ခဲ့ဘူး။ နှစ်ယောက်စလုံး စာအုပ်တစ်အုပ်တည်း အတန်းချိန်တစ်ဝက်လောက် အတူတူ နားထောင်ခဲ့တယ်။သူ ဘာဖြစ်လို့  အဲ့တာတွေကို နားထောင်စရာမလိုအောင်ကို အားလုံးသိပြီးသားလို့ မပြောပြခဲ့ရတာလဲ။

...


သူ့ကိုယ်သူ မတော်တဆ ဖော်မိသလိုဖြစ်သွားတဲ့ပုံပင်။

သူအတန်းမတက်ချင်ဘူး၊ သူမနဲ့အတူတူ စာအုပ်တစ်အုပ်တည်းတော့ဖတ်ချင်တယ်။ ဒီလိုနည်းနဲ့မှ နှစ်ယောက်သား နီးကပ်နေနိုင်မှာလေ။

“စာအုပ်ကိုမြန်မြန်ဖတ်ကြည့်ကြရအောင်” သူတိုးတိုးလေးပြောလိုက်ပြီးနောက် မေးခွန်းစာအုပ်ကိုဖွင့်ပြီး ပုစ္ဆာကိုစတင်တွက်လေတော့သည်။

ရှီးနဥ် သူ့ကို ဘေးကနေ  ကြည့်လိုက်သည်။

ဟေး ဘာဖြစ်လို့ စန်းနော့ရဲ့ နားထိပ်တွေကထပ်ပြီးနီရဲနေရပြန်တာလဲ။


သူက တကယ့်ကို လွယ်လွယ်နဲ့ရှက်တတ်တာပဲ။


အတန်းပြီးတဲ့နောက် သူ့နေရာမှာပဲ ဆက်ပြီးစာဖတ်နေလိုက်သည်။ကံကောင်းစွာနဲ့ သူမ ပြောင်းလာတဲ့အချိန်မှာ သူမဟာ အထက်တန်းပထမနှစ် သင်ခန်းစာတွေကနေ တစ်ဝက်လိုက်ရတာပဲဖြစ်သည်။ သူမရဲ့ ပထမနှစ်က သိပ္ပံဘာသာရပ်အခြေခံအုတ်မြစ်က အရမ်းခိုင်ခံ့လေသည်။ ဒါကြောင့်အကိုးအကားစာအုပ်တွေကနေ ကျောင်းစာတွေကို ကိုယ်တိုင်လေ့လာရတာက သိပ်အခက်အခဲမရှိတော့ပေ။


အထက်တန်းပထမနှစ်ကတည်းက သူမရဲ့ ကိုယ်ပိုင်လေ့လာနိုင်စွမ်းကိုလေ့ကျင့်ခဲ့ပြီးသားဖြစ်သည်။

ရှီးနဥ် အတန်းမှာ ဆရာသင်တာတွေလိုက်မလုပ်နိုင်သေးခင်အထိ သူမဘာသာသူမစာလေ့လာမယ်လို့ဆုံးဖြတ်လိုက်သည်။

“စန်းနော့ မင်းငါ့ကို ဒီမေးခွန်း ကူကြည့်ပေးပါဦး”

အတန်းပြီးနောက် ကျွမ်းဇီရွှယ်က သူတို့ထိုင်ခုံဆီကိုလျှောက်လှမ်းလာပြီး သင်္ချာပြိုင်ပွဲ မေးခွန်းစာရွက်ကို ယူလာပြီး လင်းစန်းနော့ဆီ မေးခွန်းတစ်ပုဒ်ကို လက်ထောက်ပြလေသည်။

လင်းစန်းနော့က သူ့မေးခွန်းစာရွက်ကိုယူ‌လိုက်ကာ သူ့အစားမေးခွန်းကူဖတ်ပေးလိုက်သည်။

ကျွမ်းဇီရွှယ်က ရှီးနဥ်ကို လှမ်းကြည့်လိုက်သည်။

“မင်းက ဘယ်လိုလုပ် သိပ္ပံအတန်းထဲရောက်လာရတာလဲ မင်းရဲ့အနုပညာအမှတ်တွေက တအားကောင်းနေတာမဟုတ်လား”

ရှီးနဥ်က ဖတ်စာစာအုပ်ပေါ်ကနေ မော့ ကြည့်လိုက်သည်။ သူမ ဒီလူကို မှတ်မိတယ်။ သူ့နာမည်က ကျွမ်းဇီရွှယ်ပင်ဖြစ်သည်။ စန်းနော့ပြီးရင်  သူဟာ ပြိုင်ပွဲမှာ အတော်ဆုံးအခန်းတစ်ကလူဖြစ်လေသည်။

သူမ သူနဲ့ သင်္ချာပြိုင်ပွဲ ပဏာမအဆင့် စာမေးပွဲတုန်းကတစ်ကြိမ်ဆုံဖူးခဲ့တယ်။ အဲ့တုန်းက ကျွမ်းဇီရွှယ်ကသူမကို အမြင်မကြည်ခဲ့ဘူး အခုဒီလိုမေးခွန်းမျိုးလာမေးတာကလည်း သူ့အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းသဘောမျိုးဆောင်တာမျိုးမဟုတ်လောက်ပေ။

“ငါ့အနုပညာအမှတ်ကောင်းတယ်ဆိုတိုင်း သိပ္ပံဘာသာရပ်မှာကျလိမ့်မယ်လို့ မဆိုလိုဘူးလေ ငါ သီအိုရီတွေကို လေ့ချင်တာမလို့ ရောက်လာတာပဲ” သူမက တည်တည်ငြိမ်ငြိမ်နဲ့ပြောလိုက်သည်။

ကျွမ်းဇီရွှယ်က ဆက်နားထောင်းရင်းပျော်ရွှင်လာသည်။

“မင်းသိပ်ကို ယုံကြည်ချက်ကောင်းသားပဲ မင်းက သိပ္ပံမှာလည်းလုပ်နိုင်လိမ့်မယ်လို့ထင်နေတာ ဟုတ်တယ်မလား ဒါဆို ငါ‌မင်းတွက်ဖို့ ပုစ္ဆာတချို့ပေးရမလား”

ရှီးနဥ်:“ငါက နင်ဒုတိယနှစ်က သင်ခဲ့တဲ့ physics နဲ့  chemistry ကို ငါကမလေ့လာရခဲ့ဘူးလေ”

ကျွမ်းဇီရွှယ်ကဆက်ပြောလာတယ်။“ physics တွေ chemistry တွေမလိုပါဘူး သင်္ချာပြိုင်ပွဲတွေကအကြောင်းအရာတွေလိုမျိုး ယှဉ်ပြိုင်နိုင်တဲ့သင်ခန်းစာတွေကအသင့်ပဲ ဒါပေါ့ ငါ‌တို့တွေ အဲ့ဒီခေါင်းစဉ်တွေကနေ ဘာနေနေ ပြိုင်ချင်ရာပြိုင်လို့ရတယ်”

သူထိုသို့ပြောလိုက်ပြီး ခုနလေးကမှ လင်းစန်းနော့က‌ိုပေးခဲ့တဲ့ မေးခွန်းစာရွက်ကို ပြန်သိမ်းယူလိုက်ပြီး မေးခွန်းတွေကို လှန်လှောရှာလေတော့သည်။

လင်းစန်းနော့က အနည်းငယ် အေးတိအေးစက်ပုံပေါက်သွားကာ“ ငါမင်းကို ဟိုမေးခွန်းသင်ပေးစရာမလိုတော့ဘူးလား”

ကျွမ်းဇီရွှယ်က ပြန်ဖြေလိုက်သည်။ “အရင်ဆုံး အဲ့မေးခွန်းကို ခဏဘေးဖယ်ထားလိုက်ကြရအောင်ပါ  ငါတို့ရဲ့အတန်းဖော်အသစ်လေး တွက်ရမဲ့ မေးခွန်းတစ်ပုဒ်လောက် ငါအရင်ဆုံးရှာပေးလိုက်ဦးမယ်”

ရှီးနဥ် ခေါင်းခါမိလိုက်ပြီး စန်းနော့ကို လှမ်းကြည့်ကာ ပါးစပ်ကလေးလှုပ်ရုံ‌ တိုးတိုးလေးပြောလိုက်သည်။ “သူတစ်ခုခုများဖြစ်နေတာလား”



လင်းစန်းနော့က ကျွမ်းဇီရွှယ်ကို အကြည့် စူးစူးစိုက်ကြည့်လိုက်ပြီးဆက်ပြောလိုက်သည်။ “ရှာနေတာရပ်လိုက်တော့ မင်းသူမကို စမ်းသပ်ချင်နေတာမဟုတ်လား မင်းခုနက မဖြေရှင်းနိုင်တဲ့ မေးခွန်းကို ဖြေခိုင်းလိုက်လေ”


ကျွမ်းဇီရွှယ် မေးခွန်းစာရွက်ကို ဆက်လက်လှန်လှောနေရင်း လင်းစန်းနော့ကိုစိုက်ကြည့်လိုက်သည်။

“အမ် မင်းဘာကိုဆိုလိုတာလဲ ငါက ငါမသိတဲ့ မေးခွန်းနဲ့သူမကို စမ်းသပ်နိုင်မှာတဲ့လား ငါတောင်ဘယ်လိုလုပ်ရမှန်းမသိတာ သူမက ဘယ်လိုလုပ်သိလိမ့်မှာလဲ မင်း ငါ့ကို အထင်သေးတာလား ဒါမှမဟုတ် သူမကို အကျပ်ရိုက်အောင်လုပ်လိုက်တာလား”

“အင်း ငါမင်းကိုအထင်သေးလိုက်တာ” လင်းစန်းနော့က ပွင့်ပွင့်လင်းလင်းကိုဝန်ခံလိုက်ရာ ကျွမ်းဇီရွှယ်မှာ ဒေါသထွက်လွန်းလို့ အဲ့နေရာမှာပဲ မေးခွန်းစာရွက်ကို ဆုတ်ဖြဲပစ်လုမိမတတ်ပင်။

မေးခွန်းစာရွက်ဖွင့်ကြည့်တော့ ဂျီဩမေထွီမေးခွန်းဖြစ်နေသည်။

ရှီးနဥ် အဲ့တာကိုစိုက်ကြည့်နေမိပြီး graphics တွေကအရမ်းရှုပ်ထွေးတယ်ဆိုတာသိလိုက်သည်။


ကျွမ်းဇီရွှယ် ဆက်ပြောလိုက်တယ်။ “အဲ့လိုပဲလုပ်ကြရအောင်  သူ ဘယ်လောက်တောင်မှ လေးစားထိုက်သလဲဆိုတာကြည့်ကြသေးတာပေါ့မင်းဖြေးဖြေးချင်းလုပ်လို့ရတယ် လင်းစန်းနော့ မင်းကို ဘေးက ကူညီတာကို ကာကွယ်ဖို့အတွက် ငါ မင်းအရှေ့ကအတန်းက အတန်းဖော်နဲ့ ထိုင်ခုံချင်းနေရာလဲထိုင်လိုက်မယ် ဒီနားမှာထိုင်ပြီးကြည့်နေမှာ မင်း အဲ့တာကို လုပ်နိုင်မလားဆိုတာ ငါသိချင်မိသား”

အမှန်တော့ သူလည်း ဒီပုစ္ဆာနဲ့ ပတ်သက်ပြီး သေသေချာချာ မတွေးရသေးဘူး။သူအဲ့အပုဒ်ကိုမြင်လိုက်တော့ ခက်ခဲတဲ့ပုစ္ဆာတစ်ပုဒ်ဆိုပြီး ဆင်ခြေတစ်ခုအနေနဲ့သုံးပြီး ဒီကိုယူလာခဲ့တာဖြစ်သည်။ ရှီးနဥ်ကို အခက်တွေ့စေဖို့ အခွင့်အရေးယူပြီး  ဒီလိုဘာသာရပ်မျိုးမှာ သူမက အရမ်းတော်တတ်နေတာမဟုတ်ဘူးဆိုတာကို သူမကိုသိသွားအောင်လုပ်ပေးလိုက်ချင် တာပဲဖြစ်သည်။ လာစမ်းပါ။


ရှီးနဥ် ဒီမေးခွန်းကိုအတန်းဆင်းကတည်းကနေ အတန်းတက်တဲ့အချိန်ထိလုပ်ခဲ့ရသည်။

အတန်းချိန်အတွင်းမှာလည်းကျွမ်းဇီရွှယ်ဟာ လင်းစန်းနော့  ရှီးနဥ်ကို အကြံဉာဏ်တွေပေးလိုက်မှာစိုးရိမ်တာကြောင့် အချိန်တိုင်း အနောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ပင်။

အတန်းချိန် ဆယ်မိနစ်လောက်ပြီးနောက် ရှီးနဥ်တစ်ယောက် ပုစ္ဆာဖြေရှင်းပြီးသွားတော့ စိတ်သက်သာရာရသွားသကဲ့သို့ အသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်ပြီး အရှေ့ကလူကို ပြောလိုက်သည်။ “ငါပြီးပြီ”


ကျွမ်းဇီရွှယ်တစ်ယောက် အနောက်ကို ရုတ်ချည်းလှည့်ချလာမိသည်။

“မင်း အဲ့တာ တကယ်ပဲဖြေရှင်းပြီးခဲ့တာလား”

ရှီးနဥ် ခေါင်းညိတ်ပြလိုက်သည်။ “နင် အဖြေမှန်မမှန်ဆိုတာ ကြည့်လို့ရနိုင်တာပဲ”

ကျွမ်းဇီရွှယ် မေးခွန်းစာရွက်ကို ယူကြည့်လိုက်ပြီး သူမပြောတဲ့အတိုင်း သူ့လက်ထဲက အဖြေမှန်စာရွက်ထဲကဟာနဲ့ တိုက်ကြည့်လိုက်သည်။

“ဘယ်လိုလုပ်....”

ဒီမေးခွန်းက မလွယ်ကူဘူးလေ သူမက တကယ်ကြီး အဲ့တာကို ဖြေရှင်းနိုင်တာလား

သူ မယုံကြည်နိုင်သေးပေ။

လင်းစန်းနော့:“မင်း နောင်ကျတော့ ဒီလို မေးခွန်းမဖြေတတ်ဘူးဆိုရင် ငါ့လာမေးမနေနဲ့တော့ ရှီးနဥ်ကိုသာမေးလိုက်  သူ မင်းကို သင်ပြပေးနိုင်မှာ”

ရှီးနဥ်:“မဟုတ်တာ ငါမလုပ်နိုင်ပါဘူး ငါက ဘယ်လိုလုပ်သူ့ကိုသင်ပေးနိုင်မှာလဲ”

သူမကို လုံးဝအထင်သေးလွန်းတဲ့ ဒီလူကို သူမအနေနဲ့လည်း လုံးဝကို ရှင်းပြပေးချင်မနေပါဘူးနော်။

ကျွမ်းဇီရွှယ်က မေးခွန်းစာရွက်ကို တင်းတင်းကိုင်ထားရင်းအော်ကြီးဟစ်ကျယ်မကျေမနပ်ပြောလေသည်။  “လင်းစန်းနော့ မင်း လူကိုစော်ကားလိုက်တာပဲ”

ဘယ်လိုပဲဖြစ်ဖြစ် သူလည်းပဲ ဒီအခန်းမှာ ဒုတိယနေရာကလေ။ လင်းစန်းနော့ ကလွဲရင် ဘယ်သူက သူ့ကို ရှင်းပြပေး  နိုင်တဲ့အရည်အချင်းရှိလို့လဲ



အနုပညာအတန်းကနေ ခုနလေးကမှပြောင်းလာတဲ့ လူတစ်ယောက်ဆိုတာကို ထည့်မပြောနဲ့ဦး ရှီးနဥ်ရဲ့ သင်္ချာပြိုင်ပွဲတွေက ရလဒ်ကောင်း ဘယ်ဟာနဲ့မဆို သူ ယှဉ်လို့ရတယ် ။


“ဒါကအဖြစ်မှန်တွေချည်းပဲလေ မင်းလည်းမြင်ပါတယ် မင်း အဲ့ဟာကို မသိဘူး သူမကလုပ်နိုင်တယ်”

“ငါဘယ်မှာ မလုပ်နိုင်လို့တုန်း”

သူ့အနေနဲ့ အဲ့တာကို အလေးအနက်ထားမတွက်ရသေးဘူး သူသာ အသည်အသန် လုပ်လိုက်မယ်‌ဆိုရင် သူ့အနေနဲ့ အဲ့တာကို သေချာပေါက်ဖြေရှင်းနိုင်လိမ့်မှာပဲလေ။

“နင်ငါ့ကို ဆက်မေးချင်သေးလား နင်ထပ်ပြီးစမ်းသပ်ချင်နေတုန်းပဲလား”

ကျွမ်းဇီရွှယ် သူ့မျက်လွှာကို မှိတ်ချလိုက်ပြီး အရှက်ကွဲတာကိုအောင့်ထားကာ စကားတစ်ခွန်းပြောလိုက်သည်။

“ထားပါ ငါမလုပ်နိုင်တာလို့ပဲ ယူဆလိုက်တော့”

ဒီမေးခွန်းက မတော်တဆဖြစ်သွားတာဖြစ်ရမယ် လင်းစန်းနော့က သူမမြင်နိုင်တဲ့နေရာကနေ ရှီးနဥ်ကို တိတ်တိတ်ကလေး ပြောပြနေတာပဲဖြစ်ရမယ် အနုပညာတွဲကျောင်သူတစ်ယောက်က ဒီလိုခက်ခဲတဲ့ ‌ပြိုင်ပွဖြမေးခွန်းကို ဖြေရှင်းနိုင်တယ်‌ဆိုတာ သူတော့ မယုံဘူး

သူ့နေရာသူ ပြန်သွားထိုင်လိုက်ပြီးနောက် ရှီးနဥ်ကပြောလိုက်သည်။  “အဲ့မေးခွန်းက တော်တော်လေးရှုပ်ထွေးတယ်ဆိုပေမဲ့ သူ့အဆင့်နဲ့ဆိုရင် မလုပ်နိုင်တာမဖြစ်သင့်ဘူးရယ်”

လင်းစန်းနော့:“ သူက မင်းကို လာစမ်းသပ်ချင်လို့  သက်သက်မဲ့ အဲ့တာကို အကြောင်းပြချက်လုပ်ပြီးလာရှာတာလေ ကိုယ့်အထင်တော့ သူ အဲ့မေးခွန်းကို သေသေချာချာ တွက်မကြည့်ရသေးဘူး ”


ရှီးနဥ်:“ဒါဆို ငါအဲ့တာကို လုပ်နိုင်မယ်ဆိုတာ နင်ဘယ်လိုလုပ်သိလဲ ငါအဲ့တာကို ဘယ်လိုလုပ်ရမလဲမသိဘူးဆိုရင်ရော ဘယ်လိုလုပ်မလဲ  အြဲတာဆို အရှက်ကွဲသွားမဲ့သူက ငါ ဖြစ်နေမှာ”


လင်းစန်းနော့:“ကိုယ်မင်းကိုပေးလိုက်တဲ့ မှတ်စုတွေထဲမှာ အဲ့ဒီလိုမေးခွန်းပုံစံတွေရဲ့ အကျဉ်းချုပ်ရှိတယ်လေ အဲ့တာကို ဖတ်နေသရွေ့မင်း  သေချာပေါက် လုပ်နိုင်မှာပါ”


ရှီးနဥ် ပြုံးလိုက်မိတယ်။

“အမှန်ပါပဲ နင့်မှတ်စုတွေဖတ်လိုက်ရတာကြောင့် ငါအဲ့မေးခွန်းကို တွက်နိုင်ခဲ့တာ”

သူမမမေးဘဲမနေနိုင်၊ မေးလိုက်မိတယ်။ “တကယ်လို့ ငါအဲ့တာကို မကြည့်ခဲ့ရဘူးဆိုရင် ဘာဖြစ်မလဲမသိဘူးနော်”

“မင်းမကြည့်လိုက်မိလည်း ကိုယ်မင်းဘေးမှာ ရှိနေတာပဲလေ မင်းဘာကိုကြောက်နေရတာလဲ”  သူက ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။

“နင်က ငါ့အတွက်နဲ့  မသမာတဲ့နည်းသုံးဖို့ ကြိုးစားမလို့လား” ရှီးနဥ်ခမျာ ရယ်ရအခက် ငိုရအခက်ပင်။ “နင့်လို ဖြောင့်မတ်မှန်ကန်တဲ့လူတစ်ယောက်က ဘယ်လိုလုပ် လိမ်တတ်မှာလဲ”

“သူများတွေနဲ့ဆို မလုပ်နိုင်ပေမဲ့ မင်းအတွက်ဆို ရတယ်”

ကိုယ့်အနေနဲ့  မင်းအတွက်ဆို  တရားမျှတမှုမရှိဘူးဆိုလဲရတယ်။


ကိုယ်က အမြဲတမ်း အားလုံးထဲမှာမှ မင်းကို အနှစ်သက်ဆုံးမလို့ပဲ။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now