CHAPTER 25.2

10.1K 1.6K 58
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

“ကျွန်မကလေးဘဝတုန်းက အကပညာကိုသင်ယူခဲ့ပြီး acrobatics အကဗီဒီယိုတချို့ကိုလည်း ကြည့်ဖြစ်တယ်လေ။ ကျွန်မလည်း အဲ့လိုအရာမျိုးကို စိတ်ဝင်စားနေတာဖြစ်တာမလို့ တိတ်တိတ်ကလေး လေ့ကျင့်ခဲ့တယ် အဲ့တာကဒီနေ့လိုနေ့မျိုးမှာ အဆင်ပြေသွားစေလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ မျက်လှည့်ကျတော့လည်း ကနေရင်း ဒီလိုမျိုးလေးထည့်လိုက်ရင်ကောင်းလိမ့်မယ်လို့တွေးမိလိုက်လို့ပါ အားလုံးအတွက် အတွေ့ကြုံအသစ်ကလေးရလိုက်တယ်ဆိုရင် ကျွန်မရဲ့ကြိုးစားအားထုတ်မှု အရာရောက်တယ်ပဲပြောရမှာပေါ့ရှင်”

“ဒီနေ့ရဲ့ဖျော်ဖြေမှုကတော့ တကယ့်ကို ကောင်းလွန်းတယ် ကျွန်တော် မင်းကိုစင်အောက်ကကြည့်နေရင်း ကြက်သေသေမိသွားတယ်”

အစီစဉ်တင်ဆက်သူဟာ သူမကိုပဲ ဆက်တိုက်ချီးကျူးနေခဲ့တာဖြစ်ပြီး သူမဘေးမှာရပ်နေတဲ့ ယွီချူယောင်က ချောင်းသေးသေးလေးဟန့်လိုက်လေသည်။အဲ့ဒီအချိန်မှာ အစီစဉ်တင်ဆက်သူဟာ နောက်တစ်ယောက်ရှိသေးတယ်ဆိုတာကို ပြန်ပြီးသတိဝင်သွားလေသည်။

“ဟုတ်တာပေါ့ ငါတို့ရဲ့ နတ်ဘုရားမလေး ယွီချူယောင်ဟာဆိုရင်လည်း အမြဲတမ်းကို ပိုပိုပြီးကောင်းမွန်လာတယ် အားလုံးကလည်း ထူးချွန်ကြတယ်!အခုဆိုရင်တော့ ရလဒ်အတွက်ဒိုင်လူကြီးတွေကိုအလှည့်ပေးလိုက်ကြရအောင်!”

ဒိုင်တွေဟာ အချင်ချင်း ငါးမိနစ်လောက်ကြာတဲ့အထိ ဆွေးနွေးတိုင်ပင်နေကြပြီး ဒိုင်လူကြီးတွေထဲက ခေါင်းဆာင်ဟာ သူ့ရဲ့လက်ကိုမြှောက်ပြလိုက်ကာ ဒိုင်လူကြီးတွေရဲ့စားပွဲခုံပေါ်မှာ ရလဒ်တွေထွက်လာပြီဆိုတဲ့အကြောင်းအချက်ပြလိုက်သည်။ အစီစဉ်တင်ဆက်သူဟာ ရှီးနဉ်နဲ့ ယွီချူယောင်တို့ကို သူ့ရဲ့ဘေး တစ်ဖက်တစ်ချက်စီမှာ ရပ်ပေးဖို့တောင်းဆိုလိုက်သည်။

“ဒီတော့ ငါတို့ ကျောင်းအလှပန်းပြိုင်ပွဲမှာ ဘယ်သူကပိုအားသာသွားသလဲဆိုတာရွေးချယ်ဖို့ ငါတို့ဒိုင်လူကြီးတွေကို မေးလိုက်ကြရအောင်!”

အစီစဉ်တင်ဆက်သူရဲ့ “ကျေးဇူးပြုပြီး ရွေးချယ်ပေးပါ”ဆိုတဲ့တောင်းဆိုသံကြားလိုက်ရပြီး
နောက် အားလုံးဟာ ဒိုင်လူကြီးတွေကို စေ့စေ့စပ်စပ်စိုက်ကြည့်နေကြသည်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now