P_1(Uni)

45.3K 1.7K 61
                                    

ညနေခင်း ထမင်းဝိုင်းမှာ ဖြစ်တယ်။

"ကဲ သားလည်း ဘွဲ့ရပြီဆိုတော့ ဘာအလုပ်လုပ်ချင်လဲ။ ဘယ်လိုအလုပ်မျိုးကို စိတ်ဝင်စားလဲ"

"ကျွန်တော် နိုင်ငံရေးလုပ်ချင်တယ်ဒယ်ဒီ"

"ဟေ! ဆိုစမ်းပါဦး... ဘာကြောင့် နိုင်ငံရေး လုပ်ချင်ရတာလဲ"

"သားတို့နိုင်ငံတော်ကြီးကို တိုးတက်အောင်လုပ်ချင်ပါတယ်။ ပြီးတော့ ဆင်းရဲသား ပပျောက်အောင်လည်း လုပ်ပေးချင်တယ်ဒယ်ဒီ"

ကျွန်တော့်စကားကိုကြားတော့ ဒယ်ဒီက ပြုံးတယ်။ ပြီးမှ ဆက်ပြီး...

"နိုင်ငံရေးဆိုတာက ထင်သလောက်မလွယ်ကူဘူးသား... ရာထူးကြီးလေ ဖိအားများလေပဲ... မင်းသေချာဆုံးဖြတ်ပြီးတာ သေချာရဲ့လား"

"သား အခိုင်အမာ ဆုံးဖြတ်ပြီးပါပြီဒယ်ဒီ.. သားကို နိုင်ငံရေးလောကထဲ ဝင်ခွင့်ပြုပါ"

ကျွန်တော့်စကားဆုံးတော့ ဒယ်ဒီက စဉ်းစားသလိုမျိုး ခဏငြိမ်နေတယ်။

"နိုင်ငံရေးကို သား ဘယ်လောက်ထိနားလည်တုန်း"

"နိုင်ငံရေးနဲ့ဆိုင်တဲ့ စာအုပ်တွေ အများအပြားဖတ်ထားတာမို့ နားလည်သင့်သလောက်တော့ နားလည်နေပါပြီဒယ်ဒီ"

"အပြင်လောကမှာက စာအုပ်တွေထဲကထက် ပိုရက်စက်တယ်သား.. အဲ့လိုဆိုရင်တောင် မင်းလုပ်ချင်သေးလား"

"ဟုတ်ကဲ့... ကျွန်တော်လုပ်ချင်ပါတယ်ဒယ်ဒီ"

"OK!လေ.. အဲ့ဒါဆို ဒယ်ဒီ့ကို တစ်ရက်အချိန်ပေး။ မနက်ကျရင် ဒယ်ဒီ အကြောင်းပြန်မယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့"

နောက်နေ့နံနက်ခင်းရောက်တော့ ဒယ်ဒီက ကျွန်တော့်ကို သူ့ရဲ့သီးသန့်အခန်းထဲကို ခေါ်တယ်။ ကျွန်တော် အခန်းထဲရောက်တော့ ဒယ်ဒီက သူ့ရှေ့က ထိုင်ခုံမှာ ဝင်ထိုင်ခိုင်းရင်း "ဒယ်ဒီစဥ်းစားပြီးပြီ"လို့ ပြောတယ်။ အဖြေကြားရတော့မယ်ဖြစ်တဲ့အတွက် ကျွန်တော်က ရင်ခုန်နေတယ်။

"ဆင်းရဲသားပပျောက်အောင် လုပ်ချင်တယ်ဆိုတဲ့ သားရဲ့စိတ်ကိုတော့ ဒယ်ဒီလေးစားပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဆိုတာ သားထင်သလောက် မရိုးရှင်းဘူးသား။ လှည့်ကွက်တွေ၊ ချောက်တွန်းမှုတွေနဲ့ တကယ်ကိုညစ်ပတ်တဲ့ အသိုင်းအဝိုင်းတစ်ခုပဲ"

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now