P_4 (Uni)

12K 1K 100
                                    

အရင်ဦးဆုံး ကျွန်တော် ခရီးဆောင်အိတ်ထဲကနေ အဝတ်အစားတွေထုတ်ပြီး အမြစ်တော်ရဲ့ သံသေတ္တာထဲကို ထည့်လိုက်တယ်။ ပြီးတာနဲ့ အောက်ထပ်ကိုဆင်းပြီး ခြံထဲကို လျှောက်ပတ်ကြည့်တယ်။ ပထမဦးဆုံး ကျွန်တော် အလာတုန်းကတွေ့ခဲ့ရတဲ့ ခြံအဝင်ဝက စံပယ်ပင်တွေအနားကို အရင်သွားလိုက်တယ်။ အဲ့အနားရောက်မှ စံပယ်ရုံကြီးတွေက အတော်ကိုကြီးပြီး ပန်းတွေဟာလည်း ဝေဝေဆာဆာ ပွင့်နေတယ်ဆိုတာကို သတိထားမိတယ်။ စံပယ်ပင်တွေကို ကျွန်တော် ရေတွက်ကြည့်လိုက်တော့ အံ့သြစရာကောင်းလောက်အောင် စံပယ်ပင်စုစုပေါင်းက (၁၂)ပင်တောင် ရှိနေတာကိုတွေ့ရတယ်။

နောက်တော့ ကျွန်တော် ခြံကို တစ်ပတ်,​ပတ်ကြည့်တယ်။ အိမ်ရဲ့ နောက်ကျောဘက်ရောက်တော့ အတော်အသင့်ကြီးမားတဲ့ တမာပင်ကြီးတစ်ပင်ကို တွေ့ရတယ်။  အဲ့တမာပင်ရဲ့ ကိုင်းတစ်ကိုင်းမှာတော့ ကြိုးရှည်ရှည်နဲ့ အသားပြားလေးတစ်ပြားကို တွဲချည်ထားတဲ့ ဒန်းလေးတစ်ခု ချိတ်ဆွဲထားတယ်။ ကျွန်တော် ထိုင်ပြီး ခဏစီးကြည့်လိုက်တယ်။ အသားပြားက ဖင်တစ်စုံစာပဲ အံကျဖြတ်ထားတာမို့ ထိုင်ရတာ သက်သောင့်သက်သာဖြစ်ပြီး အတော်လေး စီးလို့ကောင်းတယ်။ အဲ့ဒါနဲ့ ငါးမိနစ်၊ ဆယ်မိနစ်လောက်ကြာအောင် ကျွန်တော် ဒန်းကို စီးနေလိုက်တယ်။ အဲ့လို ဒန်းစီးနေရင်းနဲ့မှ ဒီရွာကို ဘယ်လိုအုပ်ချုပ်ရမယ်၊ ရွာကြီးတိုးတက်အောင်လို့ ဘယ်ကနေစပြီး လုပ်ဆောင်ရမလဲဆိုတာတွေကို ကျွန်တော် စဥ်းစားနေလိုက်တယ်။

အရင်ဦးဆုံး အရင်ရွာသူကြီးဆီကို အရင်သွားရမယ်။ သူ့ဆီကနေ စာရွက်စာတမ်းဘာညာကိုတောင်းပြီး ရွာသူကြီးတစ်ယောက်ရဲ့ တာဝန်တွေကို မေးကြည့်ရမယ်။ ပြီးရင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကိုခေါ်ပြီး ရွာကြီးတိုးတက်ဖို့အရေးကို စည်းဝေးရမယ်။ ဒါနဲ့ အဲ့အစည်းအဝေးပွဲမှာ ကျွန်တော်က ဘာတွေပြောရမှာပါလိမ့်။ သေချာစဥ်းစားကြည့်လိုက်မှ ကျွန်တော့်မှာ ပြောစရာစကားက အဆင်သင့်ရှိမနေပါလား။

ဒီမှာ ကျွန်တော် တစ်ခုစဥ်းစားမိတာက ရွာတစ်ရွာကို တိုးတက်အောင်လုပ်ဖို့ဆိုတာဟာ အပြောလွယ်သလောက် အလုပ်ခက်တဲ့အရာပါလားဆိုတာကိုပဲ။ အဲ့ဒါနဲ့အတူ ကျွန်တော့်ခေါင်းထဲ တစ်ဆက်တည်းဝင်လာတာကတော့ ရွာလေးတစ်ရွာကိုတောင် ကျွန်တော့်အတွက် ဒီလောက်ခက်ခဲနေရင် တိုင်းပြည်တစ်ပြည်သာဆိုရင် ကျွန်တော် ဘယ်လိုလုပ်မလဲ။

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now