P_ 49 (Zawgyi)

2.3K 103 10
                                    

သူကြီး... ကျုပ် ကိုရင်ဖိုးဉာဏ်နဲ့ ဟိုဘက်ရွာခဏလိုက်သွားမလို့၊ နေ့ခင်း ဗိုက်ဆာရင် ကျုပ်ကိုမစောင့်ဘဲ ထမင်းစားနှင့်နော်

အင်း... ဘာသွားလုပ်မှာလဲလို့မမေးတော့ဘူး၊ တစ်ခုခုဆို ငါ့ကိုသတိရပြီး သည်းခံ၊ ရန်မဖြစ်နဲ့။ သည်းခံတဲ့ကြားထဲကမှ လွန်လာရင်တော့ မင်းကအရင်ဦးအောင်ချ ကြားလား

ကျွန်တော်ပြောတော့ အမြစ်တော်က ရယ်တယ်။

သူကြီးကဗျာ... ကျုပ် ဘယ်တုန်းကများ ရန်ဖြစ်ဖူးလို့တုန်းလို့

အေးပါ၊ ငါက သဘောပြောတာပါကွာ

ဟုတ်သူကြီး.... ဒါဆို ကျုပ်သွားတော့မယ်နော်

အေးအေး

အမြစ်တော်ထွက်သွားတာနဲ့ ကျွန်တော်လည်း အရင်နေ့တုန်းက ကျောင်းမှာကုန်ကျခဲ့တဲ့ ကုန်ကျစရိတ်ကို စာရင်းမှတ်နေလိုက်တယ်။ အဲ့ဒါပြီးတော့ အမြစ်တော်ရဲ့ လက်ရှိ ရှိနေတဲ့ ငွေတွေကို ရေတွက်တယ်။ ဘာမှတော့မဟုတ်ပါဘူး။ ကျွန်တော် ဆီကြိတ်စက်လိုချင်လို့ပါ။ အစကတော့ လမ်းကြီးပြီးမှ ဝယ်မယ်လို့တွေးထားပေမဲ့ ဒီနှစ် ပဲပေါ်တုန်းက ရွာကပေါ်သမျှမြေပဲတွေကို ကျွန်တော်တို့ကပဲ ဝယ်လိုက်တာမို့ လက်ထဲ မြေပဲတွေက အရမ်းကိုများနေတယ်။ ပြီးတော့ နှမ်းတွေရောပဲ၊ ဘယ်လောက်ကြာကြာ ထားလို့ရတယ်ဆိုပေမဲ့ ကျွန်တော်က မထားချင်၊ အဲ့ဒါကြောင့် ဆီကြိတ်စက်ဝယ်ပြီး ဆီလုပ်ပစ်မယ်လို့တွေးထားတယ်။

ပိုက်ဆံတွေကို ရေတွက်ကြည့်လိုက်တော့ ဆီကြိတ်စက်ဝယ်ဖို့ကပြည့်တယ်။ ဒါပေမဲ့ အဲ့ဒါဝယ်လိုက်ရင် လက်ထဲတော့ ငွေကသိပ်ကျန်တော့မှာမဟုတ်ဘူး။ လမ်းကြီးပြီးရင် ကားကလည်းဝယ်ဦးမှာဆိုတော့ ကျွန်တော့်မှာ ဝင်ငွေထွက်ငွေကို သေချာလေးထပ်တွက်ကြည့်ရသေးတယ်။

ကံကောင်းတာက ကျွန်တော်တို့မှာ နေ့စဉ်ဝင်ငွေတွေရှိနေလို့... အဲ့တော့ ငွေကလျော့လည်း ပြန်ရောက်လာမှာပဲဖြစ်တာမို့ ကျွန်တော်စိတ်မပူ။ အဲ့ဒါကြောင့် ဒီတစ်ခါတော့ ဆီကြိတ်စက်ကိုမဖြစ်ဖြစ်အောင်ဝယ်မယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။

နောက်တော့ ပျင်းနေတာနဲ့ ခြံထဲကသစ်ပင်တွေကို ရေလောင်း၊ သစ်ရွက်ခြောက်တွေကိုကောက်၊ မြေပဲဘာညာသင်ပြီး ထပ်ပျင်းလာတော့ လက်ဖက်ရည်ဆိုင်ထဲသွား၊ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း အချိန်ဖြုန်းဖြစ်တယ်။

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now