P_28 (Uni)

8.7K 851 70
                                    

"ခင်ထက်ထက်နိုင်... နောက်ကျ ငါ ဒန့်သလွန်သီးနဲ့လုပ်တဲ့ ဆေးတစ်မျိုးထုတ်ချင်တာ၊ အဲ့ဒါ ငါ အခု ပဲယို၊နှမ်းယိုနဲ့အတူ နမူနာ အထုပ်အနည်းငယ်ထည့်ပေးလိုက်တယ်။ နင်က အဲ့အထုပ်လေးတွေကိုသုံးပြီး ဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်ရအောင် လုပ်ပေးထား။ လိုင်စင်ရတာနဲ့ ငါက ဒီကနေ တစ်ခါသောက် အထုပ်သေးသေးလေးတွေထုပ်ပြီး နင့်ဆီပို့ပေးမယ်၊ နင်က အဲ့ဒါကိုမှ ဂျက်ဘူးလှလှလေးတွေနဲ့ထုပ်ပြီး စျေးကွက်ဝင်အောင်လုပ်ပေး"

"နေပါဦးအာကာကြီးရယ်... နင့်ဆေးကဘာဆေးတုန်း၊ အညွှန်းဘာညာလည်း ငါ့ကိုပြောပါဦးဟ"

"အဓိက,ကတော့ သွေးတိုးသမားတွေအတွက်ပဲ၊ ဒါပေမဲ့ ကလေးလိုချင်နေတဲ့သူတွေ၊ နောက်ပြီး ဝိတ်ကျချင်ကြတဲ့သူတွေလည်း တစ်နေ့ကို တစ်ထုပ်နှုန်းနဲ့ သောက်လို့ရတယ်။ ခြွင်းချက်အနေနဲ့ကတော့ ဒန့်သလွန်သီးက သွေးအားကိုနည်းစေတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သွေးကျရောဂါ ရှိတဲ့သူတွေကတော့ လုံးဝသောက်သုံးလို့မရဘူး"

"နင် အတည်ကြီးလား၊ ဆေးက ဘယ်လိုလုပ်ဖော်တတ်တာတုန်း၊ အဆင်ရောပြေပါ့မလားဟယ်"

"ပြေတယ်၊ အဲ့ဒါက အခြောက်လှန်းပြီး အမှုန့်ကျိတ်ထားတာမို့ လုံးဝ သဘာဝဆေးစစ်စစ်ပဲ"

"အေးအေး... အဲ့ဒါဆိုလည်း ငါလုပ်ထားလိုက်မယ်၊ နာမည်ကရော river ပဲလား"

"အင်း... river ပဲ၊ ဒါကိုတော့ အဆင်ပြေရင် ကြော်ငြာလည်းရိုက်ချင်တယ်၊ အဲ့ဒါမှ အမြန်လူသိပြီး တစ်နိုင်ငံလုံးကို ဖြန့်လို့ရမှာ၊ ငါ အကြီးကြီးမှန်းထားတာမို့ နင်က အဆင်ပြေအောင်လုပ်ပေးနော်၊ ပြီးတော့ နင့်ကိုလည်း ၂၅ပေးမယ်"

"OK! အာကာကြီး... နင် စိတ်သာချနေလိုက်တော့၊ ငါ မရ,ရအောင်လုပ်ပေးမယ်စိတ်ချ"

"အေးအေး... ကျေးဇူးပဲ၊ ဒါဆို ငါဖုန်းချလိုက်တော့မယ်နော်"

"အေး"

ဖုန်းချပြီးတာနဲ့ အမြစ်တော်ကိုကြည့်လိုက်တော့ သူလည်း ကျွန်တော့်ကို ကြည့်နေတာမို့...

"အမြစ်တော်"

"ဗျာ..."

"....."

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now