P_47 (Zawgyi)

2.6K 91 5
                                    

"နေကောင်းတယ်နော်သူကြီး"

"ဟာ... ကျောင်းအုပ်ဆရာကြီး ပြန်လာပြီလား၊ လာ... ထိုင်ဗျာ..."

ကျွန်တော် ဖိတ်မန္တကပြုတော့ ကျောင်းအုပ်ကြီးက ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပါတယ်။

"ပြန်လာပြီသူကြီးရေ... ကျောင်းတွေလည်း ပြန်ဖွင့်တော့မယ်ဆိုတော့ စောပြီးပြန်လာလိုက်တာ"

"ကောင်းတယ်ဗျာ... ကောင်းတယ်၊ ကျွန်တော်လည်း ရွာက ကလေးတွေရဲ့ ပညာရေးအတွက် ခင်ဗျားနဲ့ တိုင်ပင်စရာတွေရှိနေတာနဲ့ အတော်ပဲ"

"ဟုတ်ကဲ့... ပြောပါသူကြီး"

တကယ်တော့ ကျောင်းအုပ်ဆရာကြီးက ကျွန်တော့်ထက် အသက်အတော်လေးကြီးပါတယ်။ သို့ပေမဲ့ သူအမြဲတမ်း ကျွန်တော့်ကို ရိုရိုသေသေဆက်ဆံသလို လေးလေးစားစားလည်းရှိတယ်။

"ဒီလိုဗျာ... အမြစ်တော်နဲ့ကျွန်တော် နှစ်ယောက်ပေါင်းပြီး တစ်နှစ်ကိုတစ်ခါ တစ်ဦးကိုတစ်စုံနှုန်းနဲ့ ကျောင်းဝတ်စုံအလကားပေးချင်တာ၊ နောက်ပြီး ဘယ်သူမဆို ကျောင်းလာအပ်တာနဲ့ စာအုပ်တစ်ဒါဇင်၊ ခဲတံတစ်ဘူးနဲ့၊ နောက် ပေတံ၊ ခဲဖျတ် အဲ့ဒါတွေကိုလည်း ကုသိုလ်လုပ်ချင်တယ်"

"ကောင်းတာပေါ့ဗျာ... အဲ့ဒါဆို ကျောင်းသားမိဘတွေအတွက်လည်း အတော်လေးသက်သာသွားမယ်"

"အင်း... ပြီးတော့ ကျွန်တော် ကျောင်းအုပ်ကြီးကို တစ်ခုတောင်းဆိုစရာလည်းရှိသေးတယ်"

"ပြောပါသူကြီး"

"မနှစ်ကကျောင်းစလိုက်တဲ့ကလေးတွေက ဒီနှစ် ပထမတန်းကို ရောက်သွားကြပြီဆိုတော့လေ... သူတို့လေးတွေ ရေးတတ်၊ ဖတ်တတ်နေကြပြီမလား"

"ဟုတ်... အတော်လေးတော့ ရေးနိုင်၊ ဖတ်နိုင်နေပါပြီ"

"ဟုတ်ကဲ့... ကျောင်းအုပ်ကြီးအနေနဲ့ ကျွန်တော့်အတွက် တစ်ရက်ကို အချိန်ဆယ်မိနစ်လောက် ဖဲ့ပေးနိုင်မလားဟင်"

ကျွန်တော့်တောင်းဆိုချက်ကြောင့် ကျောင်းအုပ်ကြီးခင်များ အံ့သြသွားတယ်ထင်၊

"အချိန်ဆယ်မိနစ်? ဘာလုပ်ချင်လို့တုန်းသူကြီး"

"ကလေးတွေက ငယ်သေးတော့လေ၊ ငယ်ရွယ်တဲ့အချိန်ဆိုတာ ပုံသွင်းလို့အကောင်းဆုံးပဲမို့ ဉာဏ်ကောင်းစေမဲ့နည်းလေးတွေ လုပ်ပေးချင်လို့ပါ"

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now