P_22 (Uni)

8.7K 860 118
                                    

ဒီနေ့တော့ အိမ်သာကျင်းတူးတာ ပြီးသွားပြီဖြစ်တဲ့အတွက် အမြစ်တော်က ကျွန်တော့်အတွက် အိမ်သာဆောက်ပေးတယ်။ သူတစ်ယောက်တည်းဆိုရင် ကြာနေမှာစိုးလို့ ဒေါ်ပုမတို့လင်မယားကိုပါ ဝိုင်းဆောက်ခိုင်းလိုက်တယ်။ ဒါကိုတော့ အလကားဝိုင်းလုပ်ခိုင်းတာမဟုတ်၊ ပိုက်ဆံနဲ့ဖြစ်တယ်။ အဲ့တော့ သူတို့လည်းကျေနပ်၊ ကျွန်တော်တို့လည်း အဆင်ပြေတယ်။

အိမ်သာဆောက်ရတာ နည်းနည်းတော့ကြာတာမို့ နေ့လယ်သုံးနာရီမှပဲ အကုန်ပြီးစီးတယ်။ ပြီးတာနဲ့ အမြစ်တော်နဲ့ကျွန်တော်က ရေစည်တိုက်ဖို့အတွက် မြစ်ကိုသွားရတယ်။ ရေကိုလည်း မြစ်ထဲမှာပဲ တစ်ခါတည်းချိုးခဲ့လိုက်တယ်။ အပြန်ကျတော့ သူ ကျွန်တော့်ကို ရေစည်လှည်းပေါ်ထိုင်လိုက်ခိုင်းပေမယ့် ကျွန်တော်မလိုက်၊ လမ်းလျှောက်ပြီးသာ လိုက်လာလိုက်တယ်။ သူ့ခများ တစ်နေကုန်မအားရရှာဘူးလေ၊ အဲ့တော့ ကျွန်တော် သူ့ကို ထပ်ပြီး မနှိပ်စက်ရက်ပါဘူး။

အိမ်ပြန်ရောက်တော့ အမြစ်တော်က မီးဖိုချောင်ဝင်တယ်။ သူမီးဖိုချောင်ဝင်နေတုန်း ကျွန်တော်ကတော့ ရွာထဲကို လျှောက်ပတ်ကြည့်တယ်။ အဲ့လိုလျှောက်ပတ်ကြည့်ခြင်းအားဖြင့် ရွာသူ၊ရွာသားတွေရဲ့ အကျင့်စရိုက်နဲ့ နေပုံထိုင်ပုံတွေကိုလည်း သိနိုင်ပြီး ရွာရဲ့ လိုအပ်ချက်ဘာညာကိုလည်း အကဲခတ်ရာရောက်တယ်။ အဲ့လိုပြောတော့ ကျွန်တော့်ကို ရယ်ကြမလားပဲ။

"မင်း ဘယ်တုန်းကများ ရွာရဲ့လိုအပ်ချက်ကို ဖြည့်ပေးဖူးလို့တုန်း၊ အမြစ်တော်တစ်ယောက်တည်း ကောင်းစားဖို့အတွက် လုပ်နေတာမဟုတ်ဘူးလား" ဆိုပြီးတော့လေ...

တကယ်တော့ မဟုတ်ပါဘူး။ ကျွန်တော့်မှာလည်း ကျွန်တော့်အစီစဉ်နဲ့ကျွန်တော်ရှိပါတယ်။ ဟိုစကားပုံကို ကြားဖူးကြမယ်ထင်တယ်။ သစ်တစ်ပင်ကောင်း... ငှက်တစ်သောင်းနားဆိုတာလေ... အမှန်တော့ ကျွန်တော် အဲ့စကားပုံအတိုင်းလုပ်နေတာ၊ ကျွန်တော် အမြစ်တော်ကို ငှက်တစ်သောင်းနားလို့ရတဲ့ သစ်ပင်ဖြစ်အောင် ပျိုးထောင်ပေးမယ်၊ အမြစ်တော်ကနေစလို့ သူတို့ရွာတစ်ရွာလုံး ကောင်းစားအောင်လုပ်ပေးမှာ။ အဲ့ဒါကြောင့် အမြစ်တော်အတွက်စီးပွားရေးကိုတောင် ကျွန်တော်သေချာရွေးထားတာ။

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now