P_14(Uni)

9.1K 865 88
                                    

"ဘာတွေရေးနေတာတုန်း သူကြီး"

"အမြစ်တော်! ပြန်လာပြီလား.. အတော်ပဲ ဒီမှာလာကြည့်စမ်း... ဘယ်စာလုံးဒီဇိုင်းက ပိုလှတုန်း"

ပြောပြောဆိုဆိုနဲ့ ဒီနေ့ ကျွန်တော်ရေးထားသမျှ စာလုံးပုံစံစာရွက်အားလုံးကို အမြစ်တော်ရှေ့ ချပြလိုက်တယ်။ အမြစ်တော်က ကျွန်တော်ရေးထားသမျှ စာလုံးပုံစံစာရွက်တွေကို ဟိုတစ်ရွက် ဒီတစ်ရွက် ကိုင်ကြည့်ရင်းနဲ့မှ...

"ဘာတွေရေးထားတာတုန်းသူကြီး.. ကျုပ်မဖတ်တတ်ဘူး"

"အေး.. ဟုတ်သားပဲ၊ ငါမင်းကို နာမည်ရှာပေးနေတာ အမြစ်တော်၊ စီးပွားရေးတစ်ခုခု လုပ်တော့မယ်ဆိုရင် နာမည်က အရေးအကြီးဆုံးပဲ.. အဲ့ဒါကြောင့် ဒီမှာ r,i,v,e,r ရေးဗားလို့အသံထွက်တယ်၊ မြန်မာလိုပြန်လိုက်ရင် "မြစ်"ဆိုတဲ့ အဓိပ္ပါယ်ပဲ"

"မြစ်! ကျုပ်နာမည်လား"

"အင်း... မင်းနာမည်တော့မဟုတ်ဘူးပေါ့၊ မင်းနာမည်မှာ ပါတဲ့"မြစ်"က သားစဥ်မြေးမြစ်ကနေလာတဲ့ "မြစ်"၊ အခု ဒီ River ဆိုတာကကျတော့ တသွင်သွင်စီးဆင်းနေတဲ့"မြစ်"ကိုခေါ်တာ၊ ဥပမာ.. ဧရာဝတီရေးဗား၊ ဧရာဝတီမြစ်ပေါ့ကွာ..."

"သြော်.. ကျုပ်နားလည်ပြီ"

"အေး.. တကယ်တော့ မင်းနာမည်လို့ပြောရင်လည်း ရပါတယ်၊ ဘာလို့ဆို ဒီအိုင်ဒီယာက မင်းနာမည်ကနေ ရခဲ့တာမို့၊ မင်းနာမည်မှာပါတဲ့ "မြစ်"ကို ငါက စာလုံးတိုက်ရိုက်မပေါင်းဘဲ တစ်ဖက်လှည့်နဲ့ River ဆိုပြီး ယူလိုက်တာ"

ကျွန်တော်ရှင်းပြနေပေမဲ့ အမြစ်တော်က နားလည်ပုံမပေါက်ပါဘူး။ အဲ့ဒါနဲ့ ကျွန်တော်ကပဲဆက်ပြီး

"နောက်နေ့ကစပြီး ညတိုင်းညတိုင်း ငါ မင်းကို အင်္ဂလိပ်စာသင်ပေးမယ်အမြစ်တော်... ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်စာလေး နည်းနည်းပါးပါးတတ်ထားတော့ တော်သေးတာပေါ့"

"အင်း.. သင်မယ်လေ"

"အေးအေး... အဲ့ဒါဆို ထမင်းသွားချက်လိုက်တော့နော်.. ကျန်တာကို ထမင်းစားရင်းနဲ့မှ ပြောရအောင်"

"အင်း"

အင်းတစ်လုံးပဲပြောပြီး ထထွက်သွားတဲ့ အမြစ်တော်ရဲ့အပြုအမူကြောင့် ကျွန်တော် အတော်လေးဘဝင်ခိုက်သွားရတယ်။ ဒီလို စကားနားထောင်ပြီး နာခံတတ်တဲ့သူမျိုးဖြစ်တာမို့ အမြစ်တော်ဟာ အချိန်ခဏလေးအတွင်းမှာပဲ ကြီးပွားမှာသေချာတယ်လို့ ကျွန်တော် ရဲရဲကြီး အာမခံနိုင်တယ်။

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now