P_20 (Uni)

9K 839 85
                                    

"ငါ ထမင်းစားမယ်"

ရွာထဲ နှမ်းဖက်ချဉ်သွားဝယ်ရင်းနဲ့ ဒေါ်ပုမတို့အိမ်နားရောက်တော့ ကြားလိုက်ရတဲ့ စကားသံဖြစ်တယ်။ ဘာရယ်မဟုတ် သူတို့တွေ အရင်တစ်ခါလို ရန်တွေဘာတွေဖြစ်နေကြမှာစိုးလို့ ကျွန်တော် လမ်းကို ဆက်မလျှောက်သေးဘဲ ခဏရပ်ပြီး အိမ်အပြင်ကနေ နားစွင့်နေလိုက်တယ်။

"ဟိုကောင်မ ငါထမင်းစားမယ်လို့ ပြောနေတယ်မလား"

မိန်းမဖြစ်သူက ဘာမှပြန်မပြောလို့ထင်တယ်၊ ယောက်ျားလုပ်သူရဲ့အသံက မာလာတယ်။

"ကျုပ် ဒီမှာ အလုပ်လုပ်နေတာမြင်လား၊ ရှင့်မှာလက်မပါဘူးလား ကိုယ့်ဘာသာကိုယ်ခူးစားပါလား"

"ဘာ... ကောင်မ၊ ငါကအိမ်ထောင်ဦးစီးနော်၊ ငါ့ကိုရိုရိုသေသေဆက်ဆံစမ်း"

"အမလေး... အိမ်ထောင်ဦးစီးတဲ့၊ တစ်နေ့တစ်နေ့ ဘာအလုပ်မှ မယ်မယ်ရရမလုပ်ဘဲ ထန်းရည်လေး တမြမြလုပ်နေတဲ့သူက အိမ်ထောင်ဦးစီးတဲ့လား"

"ငါ-ိုးမ၊ ငါလုပ်ရင်သေတော့မယ်"

"လုပ်လေ... လုပ်လိုက်စမ်းပါ၊ ရှင်တစ်ယောက်တည်း လက်ပါတာကျနေတာပဲ"

ကြားရတာ အခြေအနေမကောင်းတာနဲ့ ဝင်တားမယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ သို့ပေမဲ့ ကျွန်တော် အိမ်ထဲဝင်ဖို့ ခြေလှမ်းပြင်လိုက်တုန်းမှာပဲ ကြားလိုက်ရတဲ့ စကားသံကြောင့် ကျွန်တော်ဆွံ့အသွားတယ်။

"သြော်... နင်က နင့်လင်သူကြီး ပိုက်ဆံရအောင်လို့ ဂွင်ဖန်ပေးနေတာပေါ့လေ၊ ငါ-ိုးမမိန်းမ ငါမသိဘူးများမှတ်နေတာလား၊ နင် သူကြီးကိုကျိတ်ကြိုက်နေတာမလား"

"………"

"ဟုတ်တော့ရော ဘာဖြစ်ချင်တုန်း၊ လုပ်လေ.. လုပ်လိုက်စမ်းပါ၊ ဒါမှကျုပ်လင်သူကြီး ပိုက်ဆံရမှာဟုတ်ပြီလား"

"?"

"ငါ-ိုးမ -ာသည််မ၊ မင်းတွေ့မယ်... မှတ်လောက်သားလောက်အောင်ကို ဆုံးမပစ်ဦးမယ်"

မဖြစ်တော့၊ ကျွန်တော်ဝင်မတားလို့ ဘယ်လိုမှမဖြစ်တော့ပါ။ ဒါပေမဲ့ ခက်တာက ကျွန်တော်တစ်ယောက်တည်းလည်း ဝင်သွားလို့မဖြစ်ဘူး။ အခုချိန် တစ်ယောက်တည်းဝင်သွားလိုက်လို့ကတော့ ကျွန်တော်ပါ ရောပြီး အကြိတ်ခံရနိုင်တယ်။ အဲ့တော့ အိမ်ကိုအမြန်ပြန်ပြီး အမြစ်တော်ကို အရင်ခေါ်ရတယ်။ ပြီးမှ ဒေါ်ပုမတို့အိမ်ကို ထပ်လာပြီး ရန်ဖြစ်တာကိုတားရတယ်။ တားရတယ်ဆိုပေမဲ့ တကယ်တော့ ကျွန်တော်ပြန်မရောက်ခင်မှာပဲ ဘေးအိမ်ကလူတွေရောက်လာပြီး ဝင်ရောက်တားဆီးပြီးပါပြီ။ အဲ့တော့ ကျွန်တော်လည်း သူတို့ရန်ဖြစ်တာကို မသိသလိုပဲဟန်ဆောင်ပြီး စစ်ဆေးမေးမြန်းမှု ပြုလုပ်လိုက်တယ်။

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now