P_31 (Uni)

8.8K 907 152
                                    

"သူကြီး!"

ကြားလိုက်ရတဲ့ အသံအက်ရှရှကြောင့် လူက ငိုချင်လောက်အောင်ကို ပျော်သွားမိတာ။ ဟုတ်တယ်။ ကျွန်တော်တကယ်ရေမငင်ချင်တော့ဘူး။ အဲ့တော့ အားကိုးရောက်လာပြီဆိုပြီး အပျော်နဲ့အတူ အသံကြားရာဘက်ကို လှည့်ကြည့်လိုက်တော့ ကျွန်တော့်ရှိရာကို အပြေးလေးလာနေတဲ့ အမြစ်တော်ကို တွေ့လိုက်ရတယ်။

"အမြစ်တော်... မင်း ပြန်လာပြီလား"

ကျွန်တော့်အနားရောက်လာပြီဖြစ်တဲ့ အမြစ်တော်ကို ဝမ်းသာအားရနဲ့ ကျွန်တော်မေးလိုက်ပေမဲ့ အမြစ်တော်က ပြန်မဖြေဘူး။ ပြန်မဖြေဘဲနဲ့ တစ်နေကုန် ရေငင်ထားရလို့ နီရဲနေတဲ့ ကျွန်တော့်လက်နှစ်ဖက်ကိုပဲ ဆွဲယူပြီး သေချာကြည့်တယ်။ နီရဲပြီး ရောင်ချင်ချင်ဖြစ်နေတာကိုမြင်တော့ အမြစ်တော်က ကျစ်ခနဲစုတ်သပ်ပြီး ကျွန်တော့်ကို စိုက်ကြည့်တယ်။ အဲ့လိုစိုက်ကြည့်လာတဲ့ သူ့မျက်လုံးတွေက နီရဲနေတာကြောင့် ကျွန်တော်တောင် နည်းနည်း လန့်ချင်ချင်ဖြစ်သွားရတယ်။

သို့ပေမဲ့ တစ်နေကုန် ရေငင်ထားရလို့ လက်မောင်းတွေနဲ့လက်ဖဝါးတွေ နာကျင်နေရတဲ့ကြားထဲ သူကပါ ဒေါသမျက်လုံးတွေနဲ့ လာကြည့်နေတာကြောင့် ကျွန်တော်စိတ်တိုသွားတယ်။

"အမြစ်တော်..."

ကျွန်တော် ရန်တွေ့မလို့ သူ့နာမည်ခေါ်လိုက်တုန်းမှာပဲ သူ ကျွန်တော့်ကို ဆွဲဖက်တယ်။ နောက်တော့ တရစပ်ဆိုသလိုပဲ

"ကျုပ်.. ကျုပ်.. တောင်းပန်ပါတယ်သူကြီး၊ ရေတွင်းမှာ လူမကျန်တော့တာကို ကျုပ်သတိမမူမိလိုက်လို့ပါ၊ ဟိုရောက်မှသတိထားမိတော့ အားလုံးနောက်ကျကုန်ပြီ၊ သိသိချင်း ချက်ချင်းပြန်လာချင်ပေမယ့် မကောင်းလို့ပါ၊ အဲ့ဒါကြောင့် ဝယ်စရာရှိတာတွေအမြန်ဝယ်ပြီး ကျုပ်အမြန်ပြန်လာတာ၊ ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်ပေါ့ဆမိသွားလို့... နာနေပြီလားဟင်.. အတော်လေးနာနေမယ်ထင်တယ်"

"......"

သူ ဒေါသထွက်နေတာ မဟုတ်ဘူးလား။

"ကျုပ်ကြောင့်... ကျုပ်ကြောင့်... ကျုပ်ကြောင့်ပဲ..."

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now