P_36 (Zawgyi)

2.6K 86 20
                                    

ဆောင်းရာသီကုန်ပြီး နွရောသီဝင်လာပြီမို့ အမြစ်တော်အိမ်က သစ်ပင်တွေဟာလည်း တဖြည်းဖြည်းနဲ့ သီးရွက်တွေ တဖြုတ်ဖြုတ်ကြွေကျလာခဲ့ပြီ။ အဲ့တော့ အရမ်းအရမ်းအမှိုက်ရှုပ်ပဲ။ ခက်တာက ကျွန်တော်က ရှုပ်ပွနေရင်မနေတတ်။ အဲ့ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ်လောက်ကို အမှိုက်ကကောက်နေရတော့တာ... အခုလည်း မျက်စိထဲအတော်လေးကိုရှုပ်နေတာနဲ့ လိုက်ကောက်နေရတယ်။ ဒါပေမဲ့ မကြာလိုက်ပါဘူး၊ ကျွန်တော်အမှိုက်ကောက်နေတာကို အမြစ်တော်တစ်ယောက် မြင်လိုက်တယ်ဆိုရင်ပဲ...

"ခါးနာမယ်သူကြီးရဲ့... ကျုပ်ပဲကောက်လိုက်မယ်နော်... သူကြီးက နားနားနေနေပဲနေပါဗျာ"

"အင်း... အဲ့ဒါဆို မင်းပဲဆက်ကောက်လိုက်တော့နော်... ပြီးရင် ထနောင်းပင်အောက်ကိုလာခဲ့၊ ငါ မင်းနဲ့ပြောစရာရှိတယ်"

"ဟုတ်သူကြီး"

ပြောပြီး အမြစ်တော်က အမှိုက်ဆက်ကောက်တယ်။ ကျွန်တော်ကတော့ အရိပ်ရတဲ့ ထနောင်းပင်အောက်ကိုပဲ လာခဲ့လိုက်တယ်။

"ငါထင်တော့ထင်ပါတယ်၊ ဒီကောင်အာကာကြီး တောမှာ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ နှစ်နှစ်ကြီးတောင် ဘယ်လိုများ နေနိုင်တာပါလိမ့်လို့... လက်စသတ်တော့ သူကအရမ်းကိုဇိမ်ကျနေတာကိုး... အစားဆိုလည်းမပူရ၊ အလုပ်ဆိုလည်းသက်သာနဲ့ မိုက်နေရောပဲ"

ကျွန်တော် ထနောင်းပင်အောက်ရောက်တာနဲ့ အဲ့အပင်အောက်မှာရှိနေတဲ့ သန့်သူရက ဆီကြိုလို့ပြောလာခြင်းဖြစ်တယ်။

"ကိုယ့်ကုသိုလ်နဲ့ကိုယ်ပဲလေ... ငါကိုယ်က ဘယ်နေရာပဲရောက်ရောက် လူချစ်လူခင်ပေါနေတာကိုတော့ မတတ်နိုင်ဘူးပေါ့"

"ဖြစ်ရမယ်... ကလေးကို ဘာတွေပြပြီး မြှူဆွယ်ထားမှန်းမှမသိတာကို"

"ဘာမှမပြရပါဘူးကွာ၊ အဲ့ဒီကလေးကပဲ ပြပြပြီး ငါ့ကိုမြှူဆွယ်ခဲ့တာပါ"

ဆိုတော့ သန့်သူရက ရယ်တယ်။ သူ့ရယ်သံကိုကြားတော့ အမှိုက်ကောက်နေတဲ့အမြစ်တော်က ကျွန်တော်တို့ကိုလှမ်းကြည့်တယ်။ ကျွန်တော့်စိတ်ထင် သူ မျက်နှာလည်းမဲ့သွားသလိုပါပဲ...

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now