P_26 (Uni)

8.5K 833 74
                                    

(၂)နှစ်ကြာပြီးနောက်....

"သူကြီး... ဘယ်သွားမလို့တုန်း"

ရွာလမ်းအတိုင်းလျှောက်လာရင်း ရွာသားတစ်ဦးက နှုတ်ဆက်လာတာကြောင့်...

"ပေသီးတို့အိမ်ပါဗျာ... လူနာသတင်းသွားမေးမလို့"

"ဒါဆို အပြန်ကျ ကျုပ်အိမ်ဝင်ခဲ့ပါဦးဗျာ... အိမ်မှာ ကျုပ်တူမရောက်နေတာ၊ အဲ့ဒါ သူပါလာတဲ့လက်ဆောင်လေးတွေ သူကြီးကိုလည်းခွဲပေးချင်လို့"

"ကောင်းပါပြီဗျာ... အပြန်ကျဝင်ခဲ့ပါ့မယ်"

နှုတ်ဆက်ကာ ဆက်လျှောက်လာတော့ မကြာပါဘူး... နောက်တစ်ဦးနဲ့ ထပ်တွေ့ပြန်တယ်။

"ဟာ သူကြီး... လမ်းလျှောက်ထွက်တာလား"

"ပေသီးတို့အိမ်ပါဗျာ... လူနာသတင်းသွားမေးမလို့"

"အပြန်ကျ ကျုပ်အိမ်ဝင်ခဲ့ပါဦးဗျာ... ပြောင်းဖူးလေးတွေပေးချင်လို့"

"ကောင်းပါပြီဗျာ... ကောင်းပါပြီ"

အငတ်ငတ်အပြတ်ပြတ်ဖြစ်နေတဲ့ အမြစ်တော်တစ်ယောက် နှစ်နှစ်အတွင်းမှာပဲ ကိုယ်ပိုင်စီးပွားရေး သုံး၊ လေးခုနဲ့အတူ နွားလှည်းပိုင်၊ ရေတွင်းအပိုင်နဲ့ဖြစ်သွားတာကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ပြီးတဲ့အခါမှတော့ တစ်ရွာလုံးက ကျွန်တော့်ကို အရေးတယူဆက်ဆံလာခဲ့ကြတယ်။ တစ်ခုခုအဆင်မပြေဖြစ်တိုင်းလည်း ကျွန်တော့်ဆီကို အပြေးလေးလာပြီး စီးပွားရေးအကြံဉာဏ်တွေ လာတောင်းတတ်ကြတာလည်း ဒုနဲ့ဒေးပဲ။ ဆိုတော့ ကျွန်တော်ပျော်ပါတယ်။ အခုတော့ ကျွန်တော့်တန်ဖိုးကို သူတို့သိကြပြီပေါ့။

အခုဆို အမြစ်တော်က အရင်လို အခြေမဲ့အနေမဲ့ကောင်လေးမဟုတ်တော့ဘူး။ လွန်ခဲ့တဲ့ ရှစ်လလောက်တုန်းက ကျွန်တော်ရေတွင်းတူးပေးလိုက်တာနဲ့အတူ တစ်နေ့တစ်နေ့ ဝင်ငွေကလည်းများလို့ အတော်လေးလည်း ကြီးပွားနေပြီ။

"သူကြီး တစ်ယောက်တည်းလား... ဘယ်ကနေဘယ်လို လှည့်ဝင်လာတာလဲ"

"ဟုတ်တယ်ဗျ၊ အမြစ်တော်က မအားတာနဲ့၊ ဘယ်မှလှည့်ဝင်လာတာမဟုတ်ပါဘူးဗျာ၊ ဒီကိုပဲလာတာဗျ ပေသီးရော ဘယ်လိုနေလဲ၊ သက်သာရဲ့လား"

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now