P_17 (Uni)

9.2K 852 57
                                    

ရွာကိုအပြန်လမ်းက တဖြည်းဖြည်းနဲ့ မှောင်လာတယ်။ အဲ့လိုမှောင်လာတာနဲ့အလျောက် ကိုဖိုးဉာဏ်က မြို့ကနေဝယ်လာပုံရတဲ့ ရေနံဆီမီးအိမ်ကို ထွန်းညှိပေးတယ်။ အဲ့တော့ ကျွန်တော်တို့လှည်းလေးက ပိုးစုန်းကြူးလေးတစ်ကောင် အမှောင်ထဲမှာပျံနေသလိုပေါ့ဗျာ အလင်းရောင်မှိန်မှိန်လေးနဲ့ ဖြည်းဖြည်းချင်းရွေ့လျားနေတယ်။

"အိပ်ချင်အိပ်နော်သူကြီး"

သူ့ပေါင်သူပုတ်လို့ ပြောလာတဲ့အမြစ်တော်ကြောင့် ကျွန်တော်က အလိုက်သိစွာနဲ့ သူ့ပေါင်ပေါ်ကိုပဲ လှဲချလိုက်တယ်။ ပက်လက်လှဲချလိုက်တာဖြစ်တဲ့အတွက် ကျွန်တော်နဲ့ မိုးကောင်းကင်ကြီးက မျက်နှာချင်းဆိုင်ဖြစ်သွားတယ်။

မိုးရာသီဖြစ်တာမို့ ကောင်းကင်းမှာ ကြယ်များမရှိပါ။ အမည်းရောင် မိုးသားတိမ်လိပ်တွေကသာ လေနှင်ရာပြေးလွှားနေကြပြီး တိမ်အကွယ်မှာ တစ်ချက်တစ်ချက်ထွက်လာတတ်တဲ့ လစန္ဒာကိုသာ တွေ့ရတယ်။

"ရေဒီယိုဖွင့်မယ်နော်သူကြီး"

"အင်း.. ဖွင့်လေ၊ ပိုပြီးအိပ်လို့ကောင်းတာပေါ့"

ကျွန်တော့်စကားဆုံးတာနဲ့ အမြစ်တော်က အိတ်ထဲကနေ ရေဒီယိုလေးထုတ်လို့ စတင်ဖွင့်လိုက်တယ်ဆိုရင်ပဲ...

"ကြယ်တွေစုံတဲ့ည××× အဝေးအိမ်ကိုလွမ်းတယ်×××
ကြယ်တွေစုံတဲ့ည××× ခရီးမိုင်တွေခြားဆဲ×××
ဒဏ်ရာတွေနဲ့×× ရေးခြစ်ထားတဲ့နေ့တွေလည်း...×××
ကျော်လွန်သွားခဲ့ရင် ပြန်ဆုံဦးမယ်.."

ရေဒီယိုကလည်း အချိန်ကိုက်အောင် လာလည်းလာတတ်ပါပေတယ်။ ကောင်းကင်မှာ ကြယ်တွေမရှိပေမဲ့ သီချင်းသံစဥ်ကြောင့် ကျွန်တော် ရန်ကုန်အိမ်ကိုတော့ လွမ်းမိတာအမှန်ပါပဲ...

"နာကျင်စွာတစ်ယောက်တည်း..
တစ်ရေးနိုးတဲ့ညတို့မှောင်နေဆဲ..
အိမ်ပြန်ချင်ပေမဲ့...
မပြီးဆုံးသောအိပ်မက်ရှည်တွေနဲ့...
အိုး...အမြဲတမ်းသတိရနေတယ်..
ရှင်းပြလို့ပေးပါကွယ်...
ကြယ်ပွင့်လေးရယ် ငါ့ရဲ့အကြောင်းတွေ...

ကြယ်တွေစုံတဲ့ည..××× ထပ်ကြုံရဦးမယ်..××
ကြယ်တွေတကယ်စုံတဲ့ည..×× လှနေမှာပေါ့ကွယ်..××
နေညိုညိုလမ်းလေးထက် နေ့စဥ်စောင့်နေတယ်..××
မျှော်လင့်ခြင်းများရယ်..×× အိမ်ပြန်ချိန်များရယ်...×××"

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now