P_37 (Uni)

8.5K 885 197
                                    

ငါးလဆိုတဲ့အချိန်ကာလဟာ မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတော့ ကျွန်တော်နဲ့အမြစ်တော်ဟာလည်း ချစ်သူတွေဖြစ်သွားခဲ့ပြီ။

ပြီးတော့ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်လည်း ဖွင့်နိုင်ခဲ့ပြီး ဒန့်သလွန်သီးနဲ့လုပ်တဲ့ သွေးကျဆေးဟာလည်း ဈေးကွက်ထဲဝင်နေခဲ့ပြီ။ အဲ့တော့ ကျွန်တော်တို့နှစ်ယောက်စလုံးက နေ့တိုင်းနေ့တိုင်း မအားကြဘူး။

လက်ဖက်ရည်ဆိုင်ဖွင့်လိုက်ပြီမို့ မနက်ခင်းဆို အမြစ်တော်က သုံးနာရီမှာထတယ်။ ထမင်း၊ ဟင်းတွေချက်တယ်။ ပြီးတာနဲ့ ဆိုင်ဖွင့်ဖို့ဘာညာစီစဉ်ပြီး ကျွန်တော့်ကိုနှိုးတယ်။ ကျွန်တော်ထလာတာနဲ့ လက်ဖက်ရည်ဆိုင်စဖွင့်တယ်။ တောဘက်ဖြစ်တာမို့ နံနက်လေးနာရီဆိုရင် ဆိုင်ကစဖွင့်ရတယ်။ စောစောထပြီး စောစောစားကြတဲ့လူတွေမို့ အဲ့အချိန်ထက်နောက်ကျလို့မရ။

ကျွန်တော်နဲ့အမြစ်တော်တို့ အလုပ်ရှုပ်နေကြတဲ့ (၆)နာရီအချိန်မှာတော့ သန့်သူရတစ်ယောက် အိပ်ရာထတယ်။ သူမျက်နှာသစ်ပြီးတာနဲ့ သူ့တာဝန်က စံပယ်ပန်းခူးပေးရတယ်။ သူခူးပြီးတာနဲ့ ကျွန်တော်ကသီပြီး၊ ကျွန်တော်ပြီးရင်တော့ အမြစ်တော်က ရွာထဲကမှာထားတဲ့သူတွေဆီ သွားပို့ပေးတယ်။

သူပြန်လာရင် သုံးယောက်သား မနက်စာစားတယ်။ သန့်သူရကတော့ ထမင်းမစား၊ သူက လက်ဖက်ရည်နဲ့မုန့်နဲ့စားပြီး ကျွန်တော်နဲ့အမြစ်တော်ကတော့ အကျင့်ဖြစ်နေပြီမို့ ထမင်းကိုသာစားဖြစ်ကြတယ်။ အဲ့တော့ ကျွန်တော်တို့ထမင်းစားနေတုန်း သန့်သူရက ဆိုင်ထဲမှာစားပွဲဝင်ထိုးပြီး ကျွန်တော်တို့နံနက်စာစားပြီးမှပဲ သူကကျောင်းကိုသွားတယ်။

သူကျောင်းကိုသွားတာနဲ့ ကျွန်တော်က စားပွဲထိုးရပြီး အမြစ်တော်ကတော့ ဟိုအရင်တုန်းကလိုပဲ ကျွန်တော်နဲ့သူ စားထားတဲ့ ပန်းကန်တွေကိုဆေး၊ နွားစာကျွေး၊ ဒန့်သလွန်အစေ့တွေကို အခြောက်လှန်းဘာညာ စတဲ့ လုပ်စရာရှိတာတွေကို အကုန်သိမ်းကျုံးလုပ်တယ်။ အဲ့ဒါတွေအားလုံးလုပ်ပြီးမှပဲ ဆိုင်ထဲကိုပြန်လာပြီး ဆိုင်သန့်ရှင်းရေးဘာညာလုပ်တယ်။

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now