P_18 (Uni)

9.1K 850 93
                                    

"တံမြက်စည်းယူပေးဦးသူကြီး"

"အေး.. အေး... ဘယ်နားမှာတုန်း"

" လှေကားထိပ်မှာ ချိတ်ထားတယ်"

သူ့စကားဆုံးတာနဲ့ ကျွန်တော်က လှေကားထိပ်ကို အမြန်သွားပြီး တံမြက်စည်းယူပေးရတယ်။

"ရော့.. ရော့.. အမြစ်တော်"

"အင်း... နောက်ဆုတ်သူကြီး ဖုန်တွေလာမယ်"

ကျွန်တော်နောက်ဆုတ်လိုက်တာနဲ့ အမြစ်တော်က အောက်အခင်းနဲ့ ဘေးအကာတွေကို တံမြက်စည်းနဲ့ တဖုန်းဖုန်းထုလို့ ဖုန်တွေကိုလှဲကျင်းတယ်။ ပြီးတော့ စောင်ထူထူကို အိပ်ရာခင်းပြီး ခြင်ထောင်ထောင်တယ်။ ခေါင်းအုံးတွေကို နေရာချတယ်။

"အခန်းကကျယ်ပေမဲ့ ပစ္စည်းတွေကတစ်ဖက်ဆိုတော့ အိပ်ရမှာနည်းနည်းတော့ကျဥ်းတယ်သူကြီး။ အိပ်လို့အဆင်ပြေရဲ့လား"

"မပြေလည်း အိပ်စရာက ဒီတစ်နေရာပဲရှိတာမဟုတ်လား"

"အင်း"

မိုးတွေသည်းကြီးမည်းကြီးရွာလာတာကြောင့် ကျွန်တော်တို့အိပ်တဲ့ အရှေ့ခန်းက မိုးယိုလာတယ်။ အမြစ်တော်ရဲ့အိမ်က တကယ်တော့မိုးမလုံ၊ မိုးလုံတာဆိုလို့ ရှိသမျှပစ္စည်း အကုန်ထည့်ထားတယ်ဆိုတဲ့ အပါ်ထပ်က အခန်းတစ်ခန်းပဲရှိတယ်။ အဲ့ဒီတော့လည်း ကျွန်တော်တို့မှာ အဲ့ဒီအခန်းထဲကိုပဲ ရှင်းလင်းပြီး လာအိပ်ဖို့ပြင်ရတယ်။ အခန်းထဲမှာရှိတဲ့ ပစ္စည်း၊ပစ္စယာတွေကို တစ်ဖက်ကိုကပ်၊ ကျန်တဲ့တစ်ဝက်ကိုမှ ရှင်းလင်း၊ သန့်ရှင်းရေးလုပ်ပြီး ကျွန်တော်တို့ကအိပ်ရတာဆိုတော့ နည်းနည်းတော်ကျဥ်းတယ်။

"လာပါ.. အိပ်ကြမယ်၊ ငါအိပ်ချင်နေပြီ၊ မင်း အအိပ်တော့မကြမ်းဘူးမလား"

ကျွန်တော်မေးတော့ အမြစ်တော်က ခေါင်းညိတ်ပြတယ်။ အအိပ်မကြမ်းဘူးဆိုတာနဲ့ ကျွန်တော်လည်း ဘာမှဆက်မမေးတော့ဘူး။ သူနဲ့ဘေးချင်းယှဥ်ပြီးတော့ပဲ အိပ်ရာဝင်လိုက်တော့တယ်။

တကယ်တမ်းမနက်ခင်းအိပ်ရာနိုးတော့ အအိပ်ကြမ်းတာ သူမဟုတ်ဘဲ ကျွန်တော်ဖြစ်နေခဲ့တယ်။ ကျွန်တော့်ခြေထောက်နှစ်ချောင်းစလုံးက သူ့ရင်ဘတ်ကြီးပေါ်ကို စုံတင်ပြီး ကန့်လန့်ဖြတ်ပုံစံမျိုးနဲ့ အိပ်နေတယ်။ ဒါကိုသူကလည်းဘာမှမပြောသလို ဖယ်လည်းမဖယ်ပစ်ဘူး။

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now