🍁ရွာသူကြီးနှင့် သူ၏အမြစ်တော် (P_19)
ရှစ်ရက်ကြာပြီးတဲ့နောက်မှာတော့ မိုးစွေတာ ရပ်သွားခဲ့တယ်။ အဲ့တော့ ရာသီဥတုက သာယာတယ်။ ကောင်းကင်ကြီးကလည်း ကြည်လင်ပြီး အပင်တွေကလည်း စိမ်းစိုနေတယ်။ မသာယာတာကတော့ တစ်ခုပဲ၊ မိုးရွာထားတာဖြစ်တဲ့အတွက် လမ်းကဗွက်တွေထနေတယ်။ လမ်းလျှောက်တိုင်းလျှောနေလို့ အတော်လေးကို အဆင်မပြေပါ။
"မရတော့ဘူးအမြစ်တော်... ငါဖိနပ်ချွတ်တော့မယ်"
လျှောက်ရတာ ဘယ်လိုမှအဆင်မပြေလို့ ဖိနပ်ချွတ်ပြီးလျှောက်မယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။
"မချွတ်နဲ့သူကြီး၊ ဗွက်တွေထဲမှာဆူးတွေရှိတယ်၊ လာ ကျုပ်လက်မောင်းကိုကိုင်ပြီး ဖြည်းဖြည်းချင်းထိန်းလျှောက်"
ဆူးစူးမှာကြောက်တာနဲ့ သူပြောသလို သူ့လက်မောင်ကိုကိုင်ပြီး ဖြည်းဖြည်းချင်းထိန်းလျှောက်ရတယ်။ မဆိုးတော့မဆိုး။ သူကတောင့်တော့ လျှောက်ရတာ အဆင်ပြေတယ်။ ခရီးတော့ဖင့်တာပေါ့လေ။ သူ့မလည်း ကျွန်တော့်ကိုစောင့်ပြီး ခေါ်နေရတာဆိုတော့။
"ကဲ ရောက်ပြီ... ဒီနေရာက လူရှင်းလို့ စိတ်ချလက်ချပါလို့ရတယ်သူကြီး"
"အေး၊ မင်းလည်းပါလေ... ဟိုဘက်ကိုသွားပြီး"
"အင်း... ကျုပ်ကလူစောင့်ရင်းနဲ့ ဟိုကုန်းပေါ်မှာ သွားပါမယ်"
အနည်းငယ်မြင့်နေတဲ့ ကုန်းလေးကို လက်ညှိုးညွှန်ရင်း ပြောလာတဲ့ သူ့စကားကြောင့် ကျွန်တော်အံ့သြသွားတယ်။
"လူစောင့်မယ်... ချီးပါဖို့ချိန်းထားတာလား"
"ဟမ်! မဟုတ်ဘူးလေ၊ ဒီနေ့မှ မိုးလင်းတာမို့ ရွာကလူအတော်များများ အပြင်ထွက်ကြမှာ၊ အဲ့ဒါ သူကြီးကရှက်တတ်တော့ ကျုပ်က ကင်းစောင့်ပေးတဲ့သဘော"
"သြော်... အေးအေး သွားလေ"
သူထွက်သွားတာနဲ့ ကျွန်တော်လည်း ကိစ္စရှင်းရတယ်။ ရှစ်ရက်လောက် အောင့်ထားတာဖြစ်တဲ့အတွက် လွယ်တော့မလွယ်ပါ။ အတော်လေးကိုညှစ်ပြီး အားအင်ကုန်ခမ်းမှပဲ အဆင်ပြေတယ်။ ဒီကြားထဲ မိုးရေအဝသောက်ထားပြီး တစ်ထောင်ထောင်နဲ့လန်းနေတဲ့ မြေစာပင်တွေကြောင့် ဖင်းကလည်းယားတယ်။ ယားပေမယ့် ကုပ်လို့လည်းမဖြစ်တော့ အိမ်ရောက်မှကုပ်တာပေါ့လေဆိုပြီး ကျွန်တော့်မှာ အောင့်ခံရတယ်။ သို့ပေမဲ့ အမြစ်တော်ကချက်ချင်းမပြန်၊ မရွံမရှာနဲ့ ကျွန်တော်ပါထားတဲ့ ချီးတုံးကို ဖြဲရဲပြီး ကြည့်နေသေးတာကြောင့်