P_23 (Zawgyi)

2.9K 96 2
                                    

"သူကြီး... ပြောတော့ စုဘူးတွေကို ခြောက်လကြာမှ တစ်ကြိမ်စစ်မယ်ဆိုပြီး အခုမှ နှစ်လပဲကြာသေးတာကို ဖောက်ပြီး ဒီလှည်းကို ဝယ်ပစ်တယ်"

မနက်ကပဲ ဝယ်လိုက်တဲ့ နွားလှည်းကိုကြည့်ပြီး အမြစ်တော်က နားမလည်စွာနဲ့ မေးလာခြင်းဖြစ်တယ်။

"သေချာပြန်စဉ်းစားကြည့်လိုက်တော့ ပိုက်ဆံတွေကို ဒီအတိုင်းအိပ်ခိုင်းထားဖို့က နှမြောဖို့ကောင်းလို့၊ ပြီးတော့ နွားလှည်းဆိုတာက ငါတို့အတွက်လိုအပ်တယ်လေ၊ မြို့ကိုတစ်ခါသွားတိုင်း ဦးလေးသိန်းဖေဆီကနေ ငှားငှားနေရတာက ရေရှည်ကျတော့ မကောင်းဘူးလေကွာ... အဲ့ဒါကြောင့်"

"ဟုတ်တော့လည်းဟုတ်ပါတယ်၊ ဒါပေမဲ့ အခုကျတော့ ရှိသမျှပိုက်ဆံလေးတွေ ပြောင်သွားပြီ၊ နောက်နှစ်ရက်နေရင် ကိုရင်ဖိုးဉာဏ်က ထန်းလျက်လာပို့တော့မှာ အဲ့ကျ သူ့ကို ထန်းလျက်ဖိုး ဘယ်လိုချေမလဲ"

"အချိန်နှစ်ရက်ရှိပါသေးတယ်ကွာ၊ ငါတို့ ဗီဒီယိုရုံကလည်း တစ်နေ့ကို တစ်သောင်းခွဲလောက်ရတယ်ဆိုတော့ သုံးသောင်းတော့ရဦးမှာပါ"

ကျွန်တော်ပြောတော့ အမြစ်တော်က ခေါင်းကိုယမ်းတယ်။ သူကြီး ဘာမှမသိပါဘူးဗျာဆိုတဲ့သဘောမျိုးပါ။

"စားဖို့သောက်ဖို့က ကျန်သေးတယ်သူကြီးရာ၊ ဆန်ကလည်းကုန်နေပြီ နို့ဆီဘူးတစ်ဘူးပဲကျန်တော့တယ်၊ ကျုပ်က ဒီနေ့မှဝယ်မယ်ဆိုပြီး လုပ်ထားတာကို အခုကျမဝယ်နိုင်တော့ဘူး ဘယ်လိုလုပ်ရမလဲ"

အသုံးစရိတ်မလောက်လို့ စိတ်ပျက်နေတဲ့ အိမ်ရှင်မလိုလေသံမျိုးနဲ့ အမြစ်တော်က ညည်းညူတယ်။ ဟုတ်တော့လည်းဟုတ်ပါတယ်၊ မီးဖိုချောင်က သူပဲဝင်ရတာဆိုတော့ ကျွန်တော်ကဘာမှမသိဘူးရယ်။

"နေပါဦးအမြစ်တော်ရာ ငါကြံပါ့မယ်၊ အိမ်နောက်ဖေးမှာ ကျောက်ဖရုံသီးတွေ သီးနေတာရှိသေးတယ်မလား"

ဆိုတော့ သူခေါင်းညိတ်တယ်။

"ရှိသေးတယ်၊ အကြီးချည်းက လေးလုံး၊ အသေးလေးတွေက သုံးလုံး"

"အေး... အကြီးလေးလုံးကို တစ်လုံးသုံးထောင်နဲ့ရောင်းလိုက်ကြရအောင်"

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now