Extra_3 (Zawgyi)

2.1K 60 2
                                    

"သူကြီးလို့ သူကြီး..."

"ဘာတုန်းကွာ"

"ဟာဗျာ... ထူးတာကြီးကလည်း"

"ပင်ပန်းလို့ကလေးရာ... မင်း ငြိမ်ငြိမ်နေပါတော့လား"

ကျွန်တော်ပြန်ပြောတော့ ကျုပ်ကလေးမဟုတ်ဘူးဆိုပြီး စိတ်ဆိုးသေးတယ်။ ဆိုးလည်းဆိုးဆိုပြီး မချော့ဘဲ ဒီအတိုင်းနေလိုက်တော့ မကြာပါဘူး သူပဲ ကျွန်တော့်ကို စကားပြန်လာပြောတယ်။

"သူကြီးက ကျုပ်ကို မချစ်တော့ပါဘူးဗျာ... ဟုတ်တယ်မလား"

လာပါပြီ၊ အမြစ်တော်ရဲ့ ဓာတ်ပြားဟောင်းကြီးတွေဖွင့်ပါတော့မယ်။ ဖွင့်လည်းဖွင့်ဆိုပြီး ကျွန်တော်ဘာမှပြန်မပြောတော့ အမြစ်တော်က အလိုမကျ။

"သူကြီးလို့"

"လာခဲ့အမြစ်တော်... ငါ့လက်မောင်းပေါ်ကိုလာအိပ်လှည့်"

ခေါ်လိုက်တော့လည်း ချက်ချင်းဆိုသလိုပဲ ကျွန်တော့်လက်မောင်းပေါ်ကို သူ လာအိပ်တယ်။ အဲ့လို သူရောက်လာတာနဲ့ ကျွန်တော်က သူ့နားထင်နေရာကို တစ်ချက်အနမ်းပေးလိုက်တော့

"ကျုပ်ကို ချစ်သေးရဲ့လားဗျာ"

"ချစ်ပါတယ်ကွာ... တစ်နေ့တခြားလည်း ပိုပိုပြီးတော့ချစ်ပါတယ်"

"ဒါပေမဲ့ သူကြီးက တစ်ခါတလေကျတော့ ကျုပ်ကိုမချစ်သလိုကြီးပဲ"

"နားထောင်အမြစ်တော်... ငါတို့ လွန်ခဲ့တဲ့ ငါးလကတည်းက ရွာဆေးခန်းမှာထိုင်ဖို့ ဆရာဝန်လိုက်ရှာနေကြရတာ... ငါတို့ရွာက လမ်းပန်းဆက်သွယ်ရေးကောင်းနေပြီဆိုပေမဲ့ ခေါင်တဲ့အတွက် ဘယ်သူမှမလာချင်ကြသေးဘူး။ ငါတို့နှစ်ယောက်စလုံး မနားမနေ ရှာနေကြတာတောင် တစ်ယောက်မှမရခဲ့ဘူးမလားလေ၊ နောက် ဘယ်လိုမှ အဆင်မပြေလို့ ငါ့ရဲ့ သူကြီးဆိုတဲ့ အခွင့်ကိုသုံးပြီး ကျန်းမာရေးဝန်ထမ်းချပေးဖို့ အထပ်ကိုတင်ရတယ်။ အမြန်မချပေးမှာစိုးလို့ ငါ့မှာ ဟိုသွားတွေ့ရ၊ ဒီသွားတွေ့ရနဲ့မို့ နားနားနေနေလည်း မနေခဲ့ရဘူး။ ငါတစ်ယောက်တည်းမဟုတ်ပါဘူး... မင်းလည်း ငါနဲ့အတူလိုက်လို့ နည်းနည်းမှမနားရဘူးလေ..."

"ကျုပ်သိပါတယ်... ဒါပေမဲ့"

"ငါပြောတာကိုပဲ နားထောင်စမ်းပါ"

ရွာသူကြီးနှင့် သူ၏အမြစ်တော် (Completed)Where stories live. Discover now