Part - {5}

1.1K 202 12
                                    

ကျွန်တော့်အသိတွေ တဖြည်းဖြည်း မှောင်မိုက်လာတယ်...။

အသိစိတ်လုံးဝ ပျောက်ကွယ်သွားတာနဲ့စာလုံးတွေ ကျွန်တော့်မျက်စိရှေ့ ပေါ်လာတယ်။

\...
...
...

(မူလဂီယွန်းဂျယ်ရဲ့ POV)

သူ့မှာ နောက်ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး။

နှစ်ယောက်ထဲက တစ်ယောက်က သေရမယ်။ သူတို့က ကောင်းကင်ကြီးအောက်မှာ အတူတူမရပ်တည်နိုင်တဲ့ ရန်သူတွေပဲ။

ဂီယွန်းဂျယ်ဟာ သူ့ရဲ့ မာနကြီးတဲ့ အမူအရာနဲ့ ဂုဏ်ယူစွာပဲ ရပ်နေခဲ့တယ်။ သူ့ဘေးမှာ ရှိနေတဲ့ ဘယ်သူကမှ သူ့ဖက်က လူတွေ မဟုတ်ခဲ့ပေမဲ့လည်း သူကတော့ မသိလျှင် ထိုသူများက သူ့ရဲ့လူများ ဖြစ်နေသလိုပဲ ရပ်နေခဲ့တာ။

ကြည့်ရတာ လူတွေအကုန်လုံးက သူ့ကို ကျောခိုင်းခဲ့ရင်တောင် သူသာလျှင် ဘုရင်ဖြစ်နေတုန်းပဲ။ ဒါပေါ့ သူက သူတော်စင်ဆိုတာထက် မင်းဆိုးမင်းညစ်နဲ့ ပိုတူတယ်။

မူလဂီယွန်းဂျယ် - ""အဟွတ်!"

ဓားမြှောင်တိုတစ်ချောင်းက သူ့ရဲ့အနောက်ကနေ ရုတ်တရက် တိုက်ခိုက်လာပြီး ရင်ဘတ်အရှေ့ကိုတောင် ထိုးစိုက်ပြီး ဖောက်ထွက်သွားတယ်။

သူ့ရဲ့ ခန္ဓာကိုယ်ထဲ ဓားမြှောင်က စိုက်ဝင်နေခဲ့ပေမဲ့ သူ့မျက်နှာမှာ စိတ်ပျက်နေတဲ့ အမူအရာကို မတွေ့ရဘူး။ ဘာလို့လဲ?

အဲ့ဒီ့အစား သူ့ကို ဓားမြှောင်နဲ့ အနောက်ကနေ ထိုးခဲ့တဲ့သူကပဲ ပိုပြီး မျက်နှာပျက်လာတယ်။

ဟအွန်ဆိုး - "အာ...ငါ..."

ဂီယွန်းဂျယ် - "...ငါ့လမ်းကနေ ဖယ်စမ်း, ‌သောက်ရူးမရဲ့"

အရင်ကလိုပဲ ဂီယွန်းဂျယ်က ဓားထိုးခံထားရပေမဲ့ ဟအွန်ဆိုးကို ရိုင်းစိုင်းတဲ့စကားတွေနဲ့ ဆဲဆိုလိုက်သေးတယ်။

ဟအွန်ဆိုးဟာ စော်ကားမော်ကား အပြောခံရတာကို ဒေါသမထွက်နိုင်လောက်အောင် မျက်နှာတစ်ခုလုံး ဖြူဖျော့နေတယ်။ ဒါကြောင့် သူမဟာ ဒီအတိုင်းပဲ နောက်ဆုတ်သွားတယ်။

နောက်ဆုတ်သွားတဲ့ ဟအွန်ဆိုးလက်ထဲမှာ ကိုင်ထားတဲ့ ဓားမြှောင်၊ တစ်နည်းအားဖြင့် ဂီယွန်းဂျယ်ရဲ့ ရင်ဘတ်ကို ထုပ်ချင်းပေါက် ထိုးစိုက်ခဲ့တဲ့ ဓားမြှောင်မှာတော့ အခုချိန်မှာ သွေးတွေ စီးကျနေတယ်။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Donde viven las historias. Descúbrelo ahora