Part - {11}

957 183 15
                                    

ကျွန်တော် မျက်လုံးမှိတ်ထားရင်တောင်မှ မြင်ယောင်မိနေတဲ့ မြင်ကွင်းတွေကြောင့် ကျွန်တော့်ခြေထောက်တွေက ရွေ့လျားကုန်တယ်။ ကျွန်တော် အုတ်လှေကားအတိုင်း တက်လာပြီး လမ်းကြားကျဉ်းလေးထဲ ဖြတ်သွားလိုက်တာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပေမဲ့ ခြေထောက်တွေက ပိုမြန်လာတယ်။ ကျွန်တော်‌လမ်းလျှောက်တာ မြန်လာတာနဲ့ စိတ်လှုပ်ရှားလာပြီး အသက်ရှူနှုန်းကလည်း တိုတောင်းမြန်ဆန်လာတယ်။

ကျွန်တော် တွေ့ပြီ။

ဆေးအနည်းငယ် ကွာနေတဲ့ အပြာရောင်ဂိတ်ပေါက်အဟောင်းလေးကို တွေ့နေရတယ်။ ဂိတ်ပေါက်ဘေးက လမ်းကြားကနေ ဝင်သွားလိုက်ရင်...

"အိုး..."

ကျွန်တော် သတိလက်လွတ်နဲ့ ရပ်လိုက်တယ်။ နေရာမှန်ပေမဲ့ ကျွန်တော်ရှာနေတဲ့ ခေါင်မိုးစိမ်းနဲ့ အိမ်လေးကတော့ မရှိဘူး။

"ထင်တဲ့အတိုင်းပဲ"

အမှန်တရားကို လက်ခံလိုက်ပေမဲ့ စိတ်ပျက်မှုကိုတော့ မကျော်နိုင်ဘူး။ ဂီယွန်းဂျယ်ရဲ့ စံအိမ်ကို အိမ်လို့ခေါ်ဖို့က ခက်ခဲတယ်။ အဲ့ဒီ့နေရာက အချိန်ပြည့် သတိရှိရှိနေရတဲ့ နေရာ။ ဒီခန္ဓာကိုယ်ထဲ မရောက်ခင် ကျွန်တော်နေခဲ့တဲ့ အိမ်လေးက သေးပြီး အိုဟောင်းနေပြီ။ ဒါပေမဲ့ အနည်းဆုံးတော့ စိတ်အေးသက်သာစွာ နေလို့ရတယ်။

ကျွန်တော့် အချိန်ပိုင်းအလုပ်ပြီးတော့ ‌အိမ်ကို နောက်ကျမှ ပြန်ဖြစ်တဲ့ ညနေခင်းတွေဆိုရင် အိမ်ပြန်ရင်းနဲ့ ဆိုင်တစ်ဆိုင်ကနေ ဝယ်လာတဲ့ ဘီယာဘူးလေး သောက်မယ်။ တီဗီကြည့်မယ်။ ဖုန်းဆော့ရင်းနဲ့ အိပ်ပျော်သွားမယ်...။

နောက်တစ်နေ့ကလည်း ပင်ပန်းတဲ့နေ့ပဲ ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် အဲ့ဒီ့မှာတော့ စိတ်အေးချမ်းတယ်။

စိတ်ပျက်‌မှုက ကျွန်တော့်တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေတယ်။ နံရံကို မတ်တပ်ရပ်ရင်း မှီလိုက်ပြီး တုန်ယင်လာကာ သေဆုံးသွားသလို ခံစားရတယ်။ ကျွန်တော့်ကိုယ်က တဖြည်းဖြည်း အောက်လျှောလာပြီး မှီထားရင်းနဲ့ ထိုင်ချလိုက်တယ်။ ဒီလိုထိုင်လိုက်လို့ ဖုန်တွေပေရင်း ပျက်စီးသွားမဲ့ ဈေးကြီးတဲ့ အဝတ်အစားတွေကိုလည်း ကျွန်တော် ဂရုမစိုက်နိုင်တော့ဘူး။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now