Part - {30}

774 161 11
                                    

ဝှစ်။

တိတ်ဆိတ်မှုကို ထိုးဖောက်လာတဲ့ အသံတစ်ခုကြောင့် ကျွန်တော့်မျက်လုံးတွေ ပွင့်လာတယ်။

"ဘာလဲဟ?"

မီးပုံကို ချက်ချင်းငြိမ်းလိုက်ပြီး သုံးယောက်သား အမှောင်ထဲမှာ အသက်အောင့်ရင်း တိတ်တိတ်နေလိုက်ကြတယ်။

ဘန်း! ဘန်း! ဘန်း! အသံက ကျယ်ပြီးရင်း ကျယ်လာတယ်။

ဂျောင်ရီဂျွန်းက ရှေ့ကို တစ်လှမ်းလောက် တိုးလိုက်ပြီး ကျွန်တော့်ရှေ့မှာ နေရာယူလိုက်တယ်။ ကျွန်တော့်ခန္ဓာကိုယ်က အပူငွေ့ကိုတောင် သူ့ကိုယ်နောက်မှာ ဝှက်ထားစေချင်တဲ့အလားပဲ။

"ငါတို့ပြေးသင့်တယ် မဟုတ်လား?"

"ဘယ်ကိုလဲ?"

သစ်တော်တစ်ခုလုံးက မှောင်မည်းနေတာမို့ ဘာမှမရှိတဲ့ ဟင်းလင်းပြင်လိုမျိုး ‌ဖြစ်နေတယ်။ လက်တွေ့မှာ မျက်ကန်းတွေလို ဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့အခြေအနေနဲ့ အသံကြားလို့ဆိုပြီး ထွက်ပြေးဖို့ ကြိုးစားရင်း နောက်ထပ် ပြုတ်ကျတာတို့၊ အန္တရာယ်များတဲ့ အခြေအနေတွေထဲ ရောက်သွားတာတို့ဆို ဘယ်လိုလုပ်မလဲ?

ဒီလိုအခြေအနေမျိုးကို ကြုံရတာ ပထမဆုံးပဲမို့ ကျွန်တော်တို့အနေနဲ့ ဆုံးဖြတ်ချက်တစ်ခုချဖို့ရာ ခက်ခဲတယ်။ အဲ့ဒီ့အချိန်မှာပဲ ဒရယ်ကြီးတစ်ကောင်က ကျွန်တော်တို့ရှေ့မှာ ပေါ်လာတယ်။

"Ahh!"

ဒရယ်အုပ်ကြီးက ကျွန်တော်တို့ရှိရာဆီ ပြေးလာပြီး ရေကမ်းစပ်ဆီကို ဆက်ပြေးသွားတယ်။ ကျွန်တော်တို့ကတော့ ထောင့်တစ်ခုမှာ ပုန်းလိုက်ရင်း ဒရယ်တွေဆီက လွတ်သွားတယ်။

"- အချိန်တစ်ခု‌စာလောက်ပဲ"

သူတို့ကို ဘယ်အရာက လိုက်နေတာများလဲ? ဒရယ်တွေက ကျွန်တော်တို့ထက် အဆပေါင်းများစွာ ကြီးနေပြီးသားကို သူတို့ကို ပြေးအောင်လုပ်နိုင်တယ်ဆိုတော့ ဘယ်အရာက သူတို့နောက် လိုက်နေတာလဲ?

"ငါတို့လည်း ပြေးသင့်တယ်လို့ ထင်တယ်"

ဒီစကားတွေကို ကြားလိုက်ရတော့ ဘယ်သူကမှ သဘောမတူဘူးဆိုတဲ့အနေနဲ့ ခေါင်းမယမ်းကြဘူး။ ကျွန်တော်တို့အနောက်မှာ ရှိနေတဲ့အရာက သေစေနိုင်‌လောက်တယ်ဆိုတဲ့ ခံစားချက်တွေ ရနေကြပြီးသားလေ။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now