Part - {26}

811 158 13
                                    

အရိုက်ခံခဲ့ရတာက ငါပါ...

နစ်နာသူက ကျွန်တော်မှန်းလုံးဝ သိသာနေတာကို အဖိုးက ဘာလို့အဲ့လောက် ဒေါသထွက်နေရတာလဲ? ဒါတွေအကုန် ဂီယွန်းဂျယ်ကြောင့်ပဲ။ မဟုတ်သေးဘူး၊ ဂီယွန်းဂျယ်နောက်မှာရှိနေတဲ့ ဆောင်းဝန်းကြောင့်ပဲ။

ဆောင်းဝန်းက ကျွန်တော့်အဖိုးထက် အာဏာပိုကြီးတော့ အဖိုးက ကျွန်တော့်ကိုပဲ အပြစ်တင်တော့တယ် - နစ်နာသူကိုလေ။

အဲ့တာကြောင့် အာဏာအတွက်နဲ့ ကျွန်တော်အရှုံးပေးလိုက်ရပြီး ‌အလှောင်ခံရပြီး တောင်းပန်လိုက်ရတယ်။ ကျွန်တော်နဲ့ အတူရှိခဲ့တဲ့ သူငယ်ချင်းတွေကတောင်မှ ကျွန်တော့်ကို နည်းနည်း အထင်သေးနေကြတာ ခံစားမိတယ်။

ချီးလိုပဲ...

အဲ့ဒီ့သူတောင်းစား*(ဂီယွန်းဂျယ်)က ဘာဖြစ်နေတာလဲ? သူက နှစ်တွေအများကြီး  သူနဲ့အတူရှိလာတဲ့ ကျွန်တော့်ကို လျစ်လျူရှုတာလား?

ကျွန်တော် ဂီယွန်းဂျယ်ကို လက်တုံ့ပြန်ချင်တယ်။

ဒါပေမဲ့လည်း ဒီတစ်ကြိမ်တော့ ကျွန်တော်သာ ဂီယွန်းဂျယ်ကို တစ်ခုခုလုပ်နေတုန်း မိသွားရင် အဖိုးက တကယ်သတ်တော့မှာ။ အဲ့တာကြောင့် လက်‌စားပြန်ချေချင်တဲ့စိတ်ကို မြိုသိပ်ထားရတယ်...

"ငါကတော့ စုတ်ပြတ်သတ်နေပေမဲ့ မင်းကတော့ ပျော်နေတယ်မလား?"

ဂီယွန်းဂျယ်နဲ့ သူ့အဖွဲ့က ကျွန်တော့်ရှေ့မှာ စကားပြောရင်း ရယ်မောနေကြတာကိုတွေ့တော့ အံကြိတ်လိုက်မိတယ်။

နစ်နာသူကျွန်တော်က အာဏာကစားပွဲမှာ ရှုံးနိမ့်ခဲ့လို့ မပျော်နေရဘူး။ ကျွန်တော့်ကို နင်းချေပြီး ပျော်ရွှင်နေတဲ့သူ့ကိုမြင်ရင် ကျွန်တော်ဒေါသထွက်လာရတယ်။

သည်းခံရအောင်... သည်းခံ...

ကျွန်တော် သူတို့သုံးယောက်လုံးကို သေတဲ့အထိ တစ်စစီ ဆွဲဖြဲပစ်ချင်ပေမဲ့ ကျွန်တော်မလုပ်နိုင်ဘူး။ ကျွန်တော့်မှာသာ အာဏာရှိရင် ဒီလိုတွန့်ဆုတ်နေစရာ မလိုဘူး။

သူ့ကိုသာ ပြဿနာ မရှာရင် အဆင်ပြေပြီမလား?

သူ့အတွေးတွေက အဆင်ပြေနေကြောင်း တွေးမိတဲ့အခါ ဂိုအင်ဟော့က လှောင်ပြုံး,ပြုံးလိုက်တယ်။ သူလုပ်နေတဲ့အရာကို မိသွားရင်တောင် နောက်ပြောင်မှုတစ်ခုလို့ မျှောချသွားလို့ရတယ်။ စနောက်မှုလုပ်မဲ့ရက်က မကြာခင် ရောက်လာလိမ့်မယ်။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now