Part - {12}

951 182 22
                                    

"မင်း မကောင်းတဲ့ကောင်!"

မျက်နှာတွေ နီရဲနေတဲ့ ဂျောင်ရီဂျွန်းက ကျွန်တော့်ဆီ ဒုန်းစိုင်းပြီး လာနေတယ်။ သူဒီလောက် ဒေါသထွက်နေတာမျိုး ကျွန်တော် မမြင်ဖူးတော့ အံ့ဩသွားတယ်။ ဂျန်အွန်ယောလ်က သူ့ကို တားဖို့ ကျွန်တော့်ရှေ့ကနေ ပိတ်ကာလိုက်တယ်။

"မင်းက ဘာကောင်လဲ?"

"တော်လိုက်ပါ။ သူကြောက်နေပြီလေ"

"ဘာ? -ီးစကားတွေ ပြောနေတာလား?"

ဂျောင်ရီဂျွန်းရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကို အပထားလို့ ဂျန်အွန်ယောလ်က ကျွန်တော့်ရှေ့ ပိတ်ရပ်နေတုန်းပဲ။

ဂျောင်ရီဂျွန်းရဲ့ တင်းတင်းဆုပ်ထားတဲ့ လက်တွေက တဆတ်ဆတ် တုန်လာတော့ သူဂျန်အွန်ယောလ်ကို ထိုးတော့မယ်လို့ ခံစားနေရတော့ ကျွန်တော် ဂျန်အွန်ယောလ် နောက်ကနေ ထွက်လာလိုက်တယ်။

အနည်းဆုံးတော့ ဂျောင်ရီဂျွန်းက ကျွန်တော့်ကို ထိုးမှာ မဟုတ်ဘူးဆိုတာ သိတယ်လေ။

ကျွန်တော်တို့ကြားမှာ စာချုပ်လို့ခေါ်တဲ့ ကြိုးနဲ့ ထိန်းထားပေမဲ့ ဂျန်အွန်ယောလ်ကတော့ မဟုတ်ဘူးလေ။

"ရပါတယ်။ ငါသူ့ကို သိတယ်"

"ဒါပေမဲ့..."

"ရပါတယ်လို့"

ဂျန်အွန်ယောလ်က ကျွန်တော့်ကို ရှေ့တက်ပြီး ကာကွယ်ပေးဖို့ ကြိုးစားနေသေးတော့ ဂျောင်ရီဂျွန်းရဲ့ မျက်နှာက တဖြည်းဖြည်း တည်လာတယ်။ ဒါပေမဲ့လည်း သူ့စိတ်က မပြောင်းလဲတော့ သူဒေါသထွက်နေတုန်းပဲ။

"F**k မင်းငါ့ကို ကျီစားခဲ့တာပဲ"

ဂျောင်ရီဂျွန်းက သူ့လက်ထဲ ကိုင်ထားတဲ့ အရာလေးကို မြေကြီးပေါ် ပစ်ပေါက်လိုက်တယ်။ 'ဒုတ်'ဆိုတဲ့ အသံနဲ့အတူ Melonaရေခဲချောင်းလေးက မြေကြီးတွေနဲ့ လှိမ့်သွားတယ်။

အရည်ပျော်နေတော့ အိတ်လေးပွင့်သွားတဲ့အချိန် အစိမ်းဖျော့ဖျော့ အရည်တွေ စီးကျလာပြီး မြေကြီးထဲ စိမ့်ဝင်သွားတယ်။

အဲ့ဒီ့အချိန်မှာပဲ ‌ကျွန်တော် ဂျောင်ရီဂျွန်း‌ကို ကြည့်လိုက်မိတယ်။ အေးလွန်းလို့ တုန်နေတဲ့ အချိန်မှာ သူကတော့ မျက်နှာမှာ ချွေးပေါက်ကြီးတွေ သီးလို့။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Onde as histórias ganham vida. Descobre agora