Part - {47}

448 90 4
                                    

“ဒါဘယ်လိုဟာလေးတုန်း…?”

ကွတ်ကီးလေးက ကျွန်တော့်ခြေထောက်နားမှာ ပွတ်သပ်နေတာကို ဂျောင်ရီဂျွန်းက ကွတ်ကီးကို စိုက်ကြည့်နေတာ မြင်တော့ ကျွန်တော် ချက်ချင်းပဲ ကွတ်ကီးကို ကောက်ပွေ့လိုက်တယ်။ ကျွန်တော့်လက်ထဲက ကွတ်ကီးကို မြင်လိုက်ရတော့ ဂျောင်ရီဂျွန်း အကြည့်တွေက ပိုပိုပြီး စူးရှလာတယ်။

အဲဒီ့နေ့က ကွတ်ကီး ကျွန်တော့်ကို ခဏလေးပဲ တွေ့လိုက်ရပေမဲ့ ခင်တွယ်သွားလို့ ထင်တယ်၊ ကျွန်တော့်ကို လျှာလေးထုတ်ပြီး လျက်ဖို့ ပြင်ပေမဲ့ ကျွန်တော့်မျက်နှာနဲ့ ဝေးနေတော့ သူလျှာလေးက လေထဲမှာပဲ တန်းလန်းလေး ဖြစ်သွားတယ်။

“ဒီကောင်ကတော့…!”

“မင်း ခွေးကိုတောင် ဘယ်လိုဖြစ်နေရတာလဲ?”

မျက်လုံးကနေ လေဆာတွေ ပစ်နေသလို ဂျောင်ရီဂျွန်း အကြည့်တွေကြောင့် ကွတ်ကီးလေးကို ကာကွယ်ဖို့ ဂျောင်ရီဂျွန်းကို ကျောပေးပြီး တစ်ဖက်လှည့်လိုက်တယ်။ အဲဒီ့နောက် ကျွန်တော့်နောက်ကျောကို ပူလောင်တဲ့ အကြည့်တွေ ရောက်လာတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရတယ်။

ဂျောင်ရီဂျွန်းရဲ့ ထိုးဖောက်မတတ် အကြည့်တွေကို လျစ်လျူရှုပြီး အိမ်ဖက်ကို လှမ်းကြည့်လိုက်ပြီးတဲ့နောက် ဝင်သွားလိုက်တယ်။

“နည်းနည်းလေးတော့ ကျဥ်းတယ်နော်၊” ဂျန်အွန်ယောလ်က တံခါးကို သော့ဖွင့်လိုက်ပြီးတဲ့နောက် ပြောလာတယ်။

သူ့ရဲ့အိမ်က နေရာနည်းနည်းပဲ ပါတဲ့ တစ်ယောက်ခန်း၊ လက်တစ်ဖဝါးစာ မီးဖိုချောင်နဲ့ တစ်ဖက်မှာ ရေချိုးခန်းတံခါးတို့ပဲ ရှိတယ်။

သေးသလိုပဲ… ဆောင်းဝန်းက စာသင်ခန်းတွေထက်တောင် သေးတယ်၊ လူသုံးယောက်အတွက်ဆိုရင် နည်းနည်း ပြည့်နေတာပေါ့။

အိမ်ဖွဲ့စည်းပုံက ကျွန်တော် ဒီကိုယ်ထဲ မရောက်လာခင်က မြင်ဖူးတာနဲ့ ဆင်တူတယ်၊ ဒါပေမဲ့ အနံ့နဲ့ နေရာချပုံတွေတော့ ကွာခြားတယ်။

ကျွန်တော် မတ်တပ်ရပ်လျက်ကြီးနဲ့ အခန်းပတ်ပတ်လည် လိုက်ကြည့်ရင်း မှတ်ဉာဏ်တွေထဲ မျောနေတာကို ဂျန်အွန်ယောလ်က တစ်ခုခု အထင်လွဲသွားပုံ ရပြီး မျက်နှာကြီး ရဲတက်လာတယ်။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now