Part - {22}

878 166 22
                                    

'ဘာတွေ ဖြစ်နေတာလဲဟ?'

ထမင်းမစားနိုင်လောက်အောင် သူက ဘာတွေအလုပ်ရှုပ်နေတာလဲ? ကျွန်တော် သူ့ကို ဘာမှမခိုင်းထားမှတော့ ဒီကျောင်းမှာ သူ့ကို ဟိုဟိုဒီဒီခိုင်းမှာက ဆရာ/မတွေပဲ ရှိတယ်။

အဲ့ဒီ့ဆရာတွေကတောင်မှ ဂျောင်ရီဂျွန်းကို ဘာလုပ်ဘာလုပ်ဆိုပြီး မပြောကြဘူး။ ဘာလို့ဆို သူက ကျွန်တော့်လူမှန်းသိကြလို့။

"ဂျောင်ရီဂျွန်း ဘယ်သွားလဲသိလား?"

"အဲ..."

ဂျန်အွန်ယောလ်က တစ်ခုခုကို သိပုံရလို့ မေးလိုက်တော့ မလှိမ့်တပတ် လုပ်နေတယ်။ ‌ကျွန်တော်သူ့ကို မြန်မြန်ဖြေဖို့ မပြောခင် ဒေါသထွက်လာတော့ ဂျန်အွန်ယောလ်က သတိတကြီး ပါးစပ်ဟလာလေရဲ့။

"ငါ မပြောချင်..."

"ဘာကိုလဲ?"

"ဘာလို့ သူသည်းခံနေမှန်း မသိဘူး..."

"မင်းငါ့ကို ဘာတွေ လာဖုံးကွယ်နေတာလဲဟ?"

ကျွန်တော် မကောင်းတဲ့ ခံစားချက်ရနေတယ်။ ဒီလူက ဘာတွေပြောနေတာလဲ ဂျောင်ရီဂျွန်း? မင်းက စိတ်မရှည်တတ်တဲ့ လူလေ။ အဲ့တာကြောင့် ဂီယွန်းဂျယ်နဲ့တောင် မတည့်တာကို! ကျွန်တော် ဒေါသထွက်လာပြီး ပါးတွေတောင် ရဲတက်လာပေမဲ့ ဂျန်အွန်ယောလ်က ခေါင်းမာစွာနဲ့ အသံတိတ်နေတယ်။

ကျွန်တော် မျက်လုံးမှေးပြီး သူ့ကို စိုက်ကြည့်တယ်။ အဓိကဇာတ်ကောင်ကို ဘယ်လိုပါးစပ်ဖွင့်ခိုင်းရမလဲ? မူရင်းဝတ္ထုမှာကတည်းက အဓိကဇာတ်ကောင်ကို ပါးစပ်ဟခိုင်းဖို့ဆိုတာ လွယ်ကူတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ မောင်းမဆောင်ထဲက ဇာတ်လိုက်မတွေ နှလုံးသားနဲ့ ရင်းပြီး သူ့ကို ဆက်ဆံတာတောင်မှ သူက ပါးစပ်မဟတာတွေ အများကြီး မြင်ဖူးတယ်။

'ဒါပေမဲ့ အဲ့တာက တစ်ခုတည်းသော နည်းပဲမဟုတ်လား...'

ကျွန်တော် အနည်းငယ်တော့ တွန့်ဆုတ်နေပေမဲ့ နည်းလမ်းမရှိတော့ဘူး။

ထမင်းချက်ပေမဲ့ ပေါင်းအိုးထဲမှာ ဆန်မရှိသလို...

ကားကို ရေဆေးပြီး ရေဆေးထားတဲ့ကားကို ထားပြီး သွားလိုက်တဲ့အချိန် ငှက်က ချီးပါချပြီး ပျံပြေးသွားသလို...

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now