Part - {49}

433 92 0
                                    

တိတ်ဆိတ်နေမှုက ကျွန်တော်တို့ကို စိတ်မသက်မသာ ဖြစ်အောင် လုပ်နေခဲ့တော့ ဖုန်းဝင်ဝင်လာချင်းမှာပဲ ဂျန်အွန်ယောလ်က ချက်ချင်း ကိုင်လိုက်တယ်။

"ဟယ်လို? ဟုတ်ကဲ့ ကျွန်တော်ပါ... ဟုတ်ကဲ့? ဆေးရုံ?"

ကျွန်တော်တို့ကို ပြန်လှည့်ကြည့်လာတဲ့ ဂျန်အွန်ယောလ်မျက်နှာအမူအရာက အေးခဲနေခဲ့တယ်။ ဖုန်းပြောလို့ ပြီးတာနဲ့ ချက်ချင်းပဲ အိမ်ထဲကနေ ထွက်လာကြပြီး ကားဆီ သွားလိုက်ကြတယ်။ ကွတ်ကီးကိုလည်း ကျွန်တော်တို့နဲ့အတူ ခေါ်လာလိုက်ကြပြီး အကယ်၍ မခေါ်လာခဲ့ရင် တစ်ကောင်တည်း ကျန်ခဲ့တော့မှာလေ။

"ဘယ်ဆေးရုံလဲ?"

"ဆောင်း...ဆောင်းဝန်းကျန်းမာရေးစင်တာ။"

"ဒါဆို ကျွန်တော်တို့တွေ အခုချက်ချင်း ဆောင်းဝန်းကျန်းမာရေးစင်တာကို သွားမယ်။"

ကွတ်ကီးက ကျွန်တော့်ခြေထောက်နားမှာ တအီအီ လုပ်နေလျက်ရှိပြီး ကားထဲ ဝင်လိုက်တာနဲ့ ဒါရိုက်ဘာကို သွားမဲ့နေရာ ပြောပြလိုက်တယ်။ ကားက စတင်ရွေ့လျားသွားပြီး ဆောင်းဝန်းကျန်းမာရေးစင်တာရဲ့ ERကို အမြန်ရောက်သွားတယ်။
(T/N : ER - Emergency Room)

"အဖွား!"

"အိုး ရောက်လာပြီလား? အဲ့ဒီလောက် ကိစ္စကြီး မဟုတ်ပါဘူးကွယ်..."

သူ့အဖွားရှေ့မှာ ဂျန်အွန်ယောလ်က ငိုတော့မလို ဖြစ်လာပြီး ဆရာဝန်တွေကို သူတို့ ကြည့်ပေးနေတာက မလုံလောက်သေးသလိုမျိုး ကြည့်လိုက်တယ်။ အလွန်အမင်း ပင်ပန်းသွားတာမို့ ဖြစ်မယ်၊ သူ့အဖွားဘေးမှာ ပုံ့ပုံ့လေး ထိုင်ချလိုက်တယ်။

သူမကို ကြည့်နေရင်း သူမပုံစံက အခြေအနေကောင်းတဲ့ပုံ မရတာကို သတိထားလိုက်မိတော့ ဂျန်အွန်ယောလ် သူ့အဖွားနဲ့ စကားပြောနေတုန်း ကျွန်တော်က ဆရာဝန်နဲ့ ဆွေးနွေးလိုက်တယ်။

"ဘယ်လိုဖြစ်ရတာလဲ အဖွား?"

"အိုး လမ်းကြားထဲက ထွက်လာတော့ ကားမတော်တဆမှု သေးသေးလေး ဖြစ်သွားရုံပါ။ အဖွားရဲ့ အရိုးတွေက အားနည်းတော့ အဖွားခြေထောက် ခွေသွားတာလေ၊ အခုတော့ ဒီအရိုးတွေက ထိခိုက်လွယ်လာပြီ။"

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now