Part - {15}

949 179 29
                                    

ကျွန်တော့်ကို သံသယ ဝင်လာကြနိုင်တယ်။ သံသယတွေသာ အမှန်ဖြစ်လာကြရင်...

ကျွန်တော် သေမှာ။

***

ကျွန်တော် လည်ပင်းကို ထိလိုက်တယ်။ [ရှေ့ဖြစ်လာမည်အား ကြိုသိခြင်း]နဲ့ ခန့်မှန်းချက်ကို တွေ့ဖူးတယ်လေ။ ဟဟျွန်ဆိုးရဲ့ လက်သည်းချွန်တွေက ကျွန်တော်လည်ပင်းကို ထိုးဖောက်လာချိန်တုန်းက နာကျင်မှုကို ပြန်သတိရသွားတယ်။

ဂွမ်ဂျယ်ဟော့ကလည်း ဂီယွန်းဂျယ်ကို အရမ်းဂရုစိုက်တယ်ဆိုတာ ထင်ရှားနေတယ်... သူပါ ဟဟျွန်ဆိုးလို လုပ်ရင် ကျွန်တော် အဆုံးသတ်နဲ့ ဟယ်လိုလုပ်နေရလိမ့်မယ်။ သူ့ခွန်အားက ကျွန်တော်တို့ချင်း တစ်ဖွဲ့တည်းရှိချိန်ကျ တော်တော် အားကိုးရပေမဲ့ ကျွန်တော့်အပေါ်ကို အသုံးချရင်တော့ ကြောက်တယ်။

အမိမခံကြရအောင်ပါ။

ဘယ်တော့မှပဲ။ ကျွန်တော် ဘယ်တော့မှ အဖမ်းမခံသင့်ဘူး။ ကျွန်တော့်တစ်ကိုယ်လုံး လက်နက်တွေ စိုက်ဝင်နေပြီး ဖြူးကောင်လို ဖြစ်သွားမှာကို ငြင်းပယ်တယ်။

အိမ်တော်ကို ပြန်ရောက်တော့ အခန်းထဲက ဆိုဖာမှာ သက်ပြင်းချရင်း အားရပါးရ မှီလိုက်တယ်။ ဒီလို ကျယ်ဝန်းလှတဲ့ အိမ်တော်ကြီးထဲမှာ စိတ်အေးလက်အေး ဖြစ်ဖို့ အချိန်မရှိဘူး။

အာ...အစကတည်းက အမြဲ ဒီလိုပဲ မဟုတ်ဘူးလား?

စွမ်းအားရှင်တွေထဲမှာ ယုံကြည်နိုင်တာက လူတစ်ယောက်ပဲ ရှိတယ်။

ဂျောင်ရီဂျွန်း။ သူက အကြောင်းပြချက်မရှိပဲ ဒေါသထွက်လာတဲ့အချိန်ဆို ရူးနှမ်းသလို ဖြစ်နေပေမဲ့ သူသာလျှင် ဂီယွန်းဂျယ်ကို မဟုတ်ပဲ 'ကျွန်တော်'ကို သဘောကျတဲ့ တစ်ဦးတည်းသော လူ။

ဘာလို့ဆို သူက အရင်ဂီယွန်းဂျယ်နဲ့တုန်းက မတည့်ကြဘူးလေ။

ကျွန်တော်နဲ့ ဂျောင်ရီဂျွန်း အကြည့်ချင်းဆုံရုံနဲ့တင် သူက တံတွေးထွေးလို့ ဆဲဆိုနေပြီ။ ဒါပေမဲ့ ဒီရက်တွေထဲ သူအဲ့လို မလုပ်တော့ဘူး။

သူက ဂွမ်ဂျယ်ဟော့ကိုဆို ဒေါသတွေထွက်ပြီး ဆဲဆိုတုန်းဆိုပေမဲ့ သူကျွန်တော့်အပေါ် အရင်ကထက် သက်သက်ညှာညှာ ဆက်ဆံလာတာကို ထောက်ရင် သူ တဖြည်းဖြည်းနဲ့ ကျွန်တော့်အပေါ် လေးစားလာတယ်ဆိုတာ ရှင်းနေတာပဲလေ။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now