Part - {13}

1K 182 17
                                    

\*ဂျောင်ရီဂျွန်းရဲ့ POVမှာပဲ ရှိသေးတယ်နော်*/

ကံကောင်းလို့ ယွန်းဂျယ်က ကျွန်တော့်နောက် လိုက်လာတာ။ ရူးရူးအအနဲ့ ခလုတ်တောင် တိုက်လိုက်သေးတယ်လေ။ သူက ကုန်းဆင်းကို ပြေးဆင်းနေတာကိုး။ ကျွန်တော်သာ ဒီအတိုင်း ဆက်သွားလိုက်ပြီး နောက်ပြန်လှည့်မကြည့်ခဲ့ရင် သူတော့ တော်တော် ဆိုးဆိုးကို ထိခိုက်သွားမှာ။

ကျွန်တော့်ကို ကျွန်တော် အရူးလို ခံစားနေရတယ်...

လမ်းပဲ ဆက်လျှောက်သွားဖို့ကလည်း တမျိုးကြီးလေ။ သူထပ်လဲကျမှာစိုးလို့ ကျွန်တော် ဖြေးဖြေးလေး လျှောက်တော့ ယွန်းဂျယ်က အနားကပ်လာပြီး ကျွန်တော့် အင်္ကျီလက်ကို လာဆွဲတယ်။

ဒါပေမဲ့လည်း ကျွန်တော့် ဒေါသမှ မပြယ်သေးတာ။ အဲ့တာနဲ့ သူ့လက်ကို ခါချလိုက်တယ်။ ဒါပေမဲ့လည်းလေ ကျွန်တော် ခါချပြီးချင်းပဲ သူက လက်ကို လာကိုင်တယ်။ ကျွန်တော့်မှာ ရင်ခုန်လွန်းလို့ နှလုံးသားက ပါးစပ်ကနေ ထွက်ကျတော့ မလိုပဲ။

"ငါတောင်းပန်ပါတယ်"

ဂျောင်ရီဂျွန်း... မင်းက အရူးပဲ။

သူတောင်းပန်ပါတယ်လို့ ပြောလိုက်တာနဲ့ ကျွန်တော့်နှလုံးသားက အရည်ပျော်ကျသွားတယ်။ မယုံနိုင်စရာကြီးလေ။

သူဒူးထောက်ပြီး ပြောနေတာလည်း မဟုတ်သလို အရူးလို ဘာလိုလိုတွေ လုပ်နေတာလည်း မဟုတ်ဘူးလေ။ ဒါပေမဲ့ သူတောင်းပန်လိုက်တာနဲ့ ကျွန်တော် နေရာမှာတင် မလှုပ်နိုင်တော့ဘူး။ အဲ့ဒီ့နောက် ကျွန်တော် ထိန်းထားသမျှ မျက်ရည်တွေ စီးကျလာတော့တာပဲ။ ဂီယွန်းဂျယ်က ကျွန်တော် ငိုနေတာ မတိတ်မချင်း တောင်းပန်နေခဲ့တာ။

***

ဂီယွန်းဂျယ်နဲ့ ဂျောင်ရီဂျွန်းတို့ သွားခဲ့တဲ့နောက် ကျွန်တော်၊ ဂျန်အွန်ယောလ်ပဲ တောင်ကုန်းပေါ်မှာ ကျန်ခဲ့တယ်။ မဟုတ်သေးဘူး။ တိတိကျကျ ပြောရရင်တော့ ကွတ်ကီးနဲ့ ကျွန်တော်ပေါ့။

"...သူ(ဂျောင်ရီဂျွန်း)က ဂီယွန်းဂျယ်လို့ ပြောတယ်"

ဂီယွန်းဂျယ်၊ ယွန်းဂျယ်။ ကျွန်တော် ယွန်းဂျယ်ရဲ့ နာမည်လေး ထုတ်ပြောလိုက်တာနဲ့ မျက်နှာတစ်ခုလုံး ထူပူလာတယ်။ ဂီယွန်းဂျယ်ကိုယ်တိုင် သူ့နာမည် ထုတ်ပြောတာကို မကြားရတာတော့ ကံမကောင်းတာပေါ့။ ဘယ်လိုပဲပြောပြော အနည်းဆုံးတော့ ရုတ်တရက်ပေါ်လာတဲ့ ဂျောင်ရီဂျွန်းဆိုတဲ့လူဆီကနေ သူ့နာမည်လေး သိလိုက်ရတယ်လေ။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now