Part - {39}

935 161 10
                                    

Ouo linkက လူတိုင်း ဝင်မရတဲ့အတွက် အရင်ဆုံး အပြည့်အစုံ တင်ပေးလိုက်ပါတယ်နော်

***

အဲဒီ့လူက ကျွန်တော့်နားကို ချည်းကပ်လာရင်းကနေ ဦးညွှတ်လိုက်တယ်။

“ငါ တောင်းပန်တာကို လက်ခံပေးပါ မစ္စတာဂီယွန်းဂျယ်။ မင်းက ငယ်သေးတဲ့အတွက် မင်းရဲ့ အုပ်ထိန်းသူဆီကနေ ခွင့်ပြုချက်တောင်းလိုက်တာပါ၊ ဒါပေမဲ့ ကြည့်ရတာ ကျွန်တော်တို့ မှားသွားပြီထင်တယ်”

“…”

“အခု ငါ မင်းနဲ့ စကားပြောပါ့မယ်၊ ဆိုတော့ မင်းအနေနဲ့ ငါတို့ ဒီမှာနေမဲ့အပေါ် စိတ်ထဲထားမလား? ဒါပေမဲ့ မင်းမကြိုက်ဘူးဆိုရင်တော့ ငါတို့ ချက်ချင်းထွက်သွားပေးမှာပါ”

သူ့အပြုအမူတွေအရ သူလိမ်နေတဲ့ပုံတော့ မပေါက်ဘူး။ ဒါပေမဲ့ ကျွန်တော့် ခေါင်းယမ်းလိုက်တယ်၊ ဘာလို့ဆို ကျွန်တော် ဒေါသထွက်နေတာ အရှိန်မသေသေးဘူးလေ။

“မဟုတ်ဘူး…။ ခင်ဗျားတို့ ဒီရောက်နေတာက ကျွန်တော့်အဖေနဲ့ အဖိုးတို့ဆီက ခွင့်ပြုချက်နဲ့လေ၊ အဲဒီ့တော့ ကျွန်တော်က ခင်ဗျားတို့ ထွက်သွားဖို့ မလုပ်နိုင်ပါဘူး။ ခင်ဗျားတို့ စိတ်တိုင်းကျ သွားလာကြပါ”

“ဆာ…။ ကျွန်တော် စိတ်ရင်းနဲ့ တောင်းပန်တာကို လက်ခံပေးပါ”

“လက်မခံနိုင်ပါဘူး”

တောင်းပန်တာကို လက်ခံဖို့ အစကတည်းကမှ အစီအစဥ် မရှိဘဲလေ။ ကျွန်တော်သူ့ကို ရှောင်ထွက်လိုက်ပြီး စင်္ကြံလမ်းဖက် သွားလိုက်တယ်။ ဂီဟျွန်ဂျူးက ကျွန်တော့်နောက်ကနေ ကပ်လိုက်လာပြီး ရယ်ချင်တာကို မအောင့်အီးထားနိုင်တဲ့အတွက် သူမနှုတ်ခမ်းတွေကို လျှာနဲ့သပ်လိုက်တယ်။ ကြည့်ရတာ ကျွန်တော် မရှိတုန်း တော်တော်များများက ဖြစ်ပွားသွားတဲ့ပုံပဲ။

“ကျွန်တော် ဗိုက်ဆာတယ်”

“အိုး ဆာပြီလား? ဒါဆို သွားစားကြရအောင်”

သူမက ပြုံးလိုက်ပြီး ကျွန်တော့်ပုခုံးတွေကို သိုင်းဖက်လိုက်တယ်။ ကျွန်တော်တို့ သွားနေတဲ့တလျှောက် ဂျောင်ရီဂျွန်းက တိတ်တဆိတ်ပဲ လိုက်လာတယ်။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now