Part - {7}

1K 185 12
                                    

'ဟအွန်ဆိုး...ဟဟျွန်ဆိုး...

ဒီမောင်နှမတွေကတော့... တောင်နဲ့ မြောက်လို ဆန့်ကျင်ဖက်တွေပဲ'

ဂီယွန်းဂျယ်သေဆုံးမှုမှာ ဟအွန်ဆိုးက အရမ်းထဲထဲဝင်ဝင် ပါဝင်ပတ်သတ်နေပေမဲ့ ဟဟျွန်ဆိုးက မပါခဲ့ဘူး။ ဒါပေမဲ့...

ပွဲကြည့်ပရိတ်သတ်လိုပဲ။

ဟဟျွန်ဆိုးက ဂီယွန်းဂျယ်ကို ဂရုစိုက်တာကို ထည့်တွေးလိုက်ရင် အထင်နဲ့အမြင် တခြားစီပဲ။

မူရင်းဝတ္ထုမှာက MCရဲ့ ရှုထောင့်ကနေပဲ ရေးထားတော့ ဒီဖက်က ဒီလိုမျိုး အခြေအနေတွေကို သေချာ မဖော်ပြထားဘူး။ အဲ့ဒီ့တော့ ကျွန်တော်က ဟဟျွန်ဆိုးရဲ့ ချစ်ခင်တတ်တဲ့စိတ်လေးကို ဖော်ပြပေးမယ်ထင်တာ။

ဒါမှမဟုတ် အခြားအကြောင်းတစ်ခုခု ရှိသေးတာများလား။

ဟအွန်ဆိုးကများ ဟျွန်ဆိုးကို ချုပ်ကိုင်ထားလို့လား?

ကျွန်တော်သိတဲ့ ဟအွန်ဆိုးက လူတွေကို ထိန်းချုပ်နိုင်တဲ့ လူမျိုးမဟုတ်ဘူး။ ဒါပေမဲ့ သူမရဲ့ တစ်ဦးတည်းသော မိသားစုဝင်၊ ဟဟျွန်ဆိုးကိုတော့ ဂရုစိုက်တယ်... ဟျွန်ဆိုးကလည်း သူမအတွက်တော့ အင်အားနည်းတဲ့ သူတစ်ယောက်ဖြစ်မယ်။ အဲ့တာ‌ကြောင့်မလို့ သူမလုပ်ခဲ့တာဖြစ်မယ်။

သူမအတွက် ဂီယွန်းဂျယ်က ဘယ်လိုပဲ ချစ်ခင်တွယ်တာနေပါစေ...အဲ့တာက မိသားစုထက်တော့ ပိုပြီး အရေးမကြီးနိုင်ဘူးလေ။

အဲ့တာထက် ဟဟျွန်ဆိုးကလည်း ဂီယွန်းဂျယ်ကို ပိုအလေးထားနေရင် သူမအနေနဲ့ ဟဟျွန်ဆိုးနဲ့ ရန်ဖြစ်နေရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဇာတ်ကြောင်းတော့ မရှိပါဘူး။

အချက်အလက်တွေက နည်းနည်းပဲ‌ရှိတော့ ခက်ခဲလိုက်တာ။

သူမက အားနည်းတဲ့ လူတစ်ယောက်ပဲ။

ဒါကြောင့် သူမဂီယွန်းဂျယ်ကို ဓားနဲ့ထိုးတုန်းကဆို စာဖတ်သူတွေက "ဘာလို့ သူမဖြစ်နေရတာလဲ?"ဆိုပြီးတော့ မှတ်ချက်တွေ ပေးကြတာ။

တကယ်လို့ သူမက ဂီယွန်းဂျယ်ဟာ သူမရဲ့ မောင်လေးနဲ့အတူ လမ်းမှားကို လျှောက်လှမ်းနေတာကို မကြည့်ရက်လို့ အငြိုးထားတာများလား?

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now